မဲခေါင်၊ နိုဝင်ဘာ ၁၅
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုက နိုဝင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်တပ်၏ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ပြီး မိဘပြည်သူများအား မဲဆွယ်စည်းရုံးခြင်း၊ ဖိအားပေးအကြပ်ကိုင်ခြင်း၊ သွေးဆောင်ဖြားယောင်ခြင်းများ ပြုလုပ်သည့် ပါတီဝင်များနှင့် လူပုဂ္ဂိုလ်များကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အဓမ္မပြုလုပ်ရန် ဆောင်ရွက်နေသည့် စစ်ကောင်စီသည် လက်ရှိတွင် သာလွန်အင်အားများစွာ အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် ပြည်သူလူထု၏ နေအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်း စသည့် လူနေထူထပ်သည့် နေရာတို့တွင် ဂျက်လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ယင်းအဖွဲ့က ပြောသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးနယ်မြေ မရှိစေရေးနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစုနှင့်အတူ တားဆီးတိုက်ခိုက် ခုခံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
ထို့ပြင် စစ်ကောင်စီ ရွေးကောက်ပွဲကို ကရင်နီပြည်သူလူထု နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မပြုကြရန်လည်း ယင်းအဖွဲ့က တိုက်တွန်းထားသည်။
#MeKongNews
#စစ်ကောင်စီ
#ပြည်သူ့ကာကွယ်ရေးတပ်
#ဒီးမော့ဆို
#ကရင်နီ








