နေ့စဥ်သတင်း

ဟိုပန်တွင် လူသတ်မှုကျူးလွန်သူကို သေဒဏ်အပြစ်ပေး

မဲခေါင် 15 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၅ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူကို သေဒဏ်အပြစ်ပေးခဲ့ပြီး ရွှေဆိုင်တွင် ရွှေခိုးယူသူကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည်ဟု သိရသည်။ ယင်းအမိန့်ချမှတ်သည့် အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟိုပန်မြို့ခံများလည်း သွားရောက်ကြည့်ရှုကြသည်ဟု ဒေသခံများကပြောသည်။ မိုင်းရယ်မြို့မှ ဟိုပန်မြို့တွင် လာရောက်နေထိုင်အလုပ်လုပ်ပြီး လူသတ်မှုကျုးလွန်သည်ဆိုသည့် အသက် ၁၈ နှစ်အရွယ်ရှိ ကိုအိုက်ရီဆိုသူကို သေဒဏ်ဟုလည်းကောင်း၊ နမ့်တစ်မြို့တွင် ရွှေဆိုင်ဖောက်ထွင်းခိုးယူသည့် အသက် ၂၇ နှစ်အရွယ် ကိုအားချန်ဆိုသူကို ထောင်ဒဏ် ၁၅ နှစ်ဟုလည်းကောင်း “ဝ”

မဲခေါင်၊ နိုဝင်ဘာ ၁၅

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူကို သေဒဏ်အပြစ်ပေးခဲ့ပြီး ရွှေဆိုင်တွင် ရွှေခိုးယူသူကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည်ဟု သိရသည်။

ယင်းအမိန့်ချမှတ်သည့် အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟိုပန်မြို့ခံများလည်း သွားရောက်ကြည့်ရှုကြသည်ဟု ဒေသခံများကပြောသည်။

မိုင်းရယ်မြို့မှ ဟိုပန်မြို့တွင် လာရောက်နေထိုင်အလုပ်လုပ်ပြီး လူသတ်မှုကျုးလွန်သည်ဆိုသည့် အသက် ၁၈ နှစ်အရွယ်ရှိ ကိုအိုက်ရီဆိုသူကို သေဒဏ်ဟုလည်းကောင်း၊ နမ့်တစ်မြို့တွင် ရွှေဆိုင်ဖောက်ထွင်းခိုးယူသည့် အသက် ၂၇ နှစ်အရွယ် ကိုအားချန်ဆိုသူကို ထောင်ဒဏ် ၁၅ နှစ်ဟုလည်းကောင်း “ဝ” တပ်ဖွဲ့က အမိန့်ချမှတ်ခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

“တယောက်က တရုတ်အမျိုးသမီးကို သတ်လို့ သေဒဏ်ပေးခံရတယ်။ တယောက်က ရွှေသူခိုးတဲ့ သူကိုတော့ ထောင်ဒဏ်ပေါ့။ ၁၅ နှစ်တဲ့။ ကွင်းမှာက အမိန့်ပဲချတာပါ။ သေဒဏ်ကျခံရတဲ့သူကိုတော့ စီရင်တဲ့နေရာကို ခေါ်သွားပြီးစီရင်တာ။ အခုတလော ဟိုပန်မှာက ခိုးမှု သတ်မှုတွေ ခဏခဏဖြစ်နေတော့ အခုလို အပြစ်ပေးပြရင် လျော့သွားမယ်လို့ ထင်တာပဲ”ဟု ဟိုပန်ဒေသခံတဦးကပြောသည်။

ဟိုပန်မြို့တွင် ဆိုင်ကယ်အခိုးခံရသည့် အမှုများ မကြာခဏဖြစ်နေလျက်ရှိပြီး ယခုနိုဝင်ဘာလအတွင်းမှာပင် လူသတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ယင်းဒေသခံကပြောသည်။

“ဝ” တပ်ဖွဲ့ -UWSA နှင့် ကိုးကန့်တပ်ဖွဲ့-MNDAA သည် ယခင်တွင်လည်း ပြစ်မှုကြီး ကျူးလွန်သူများကို အများပြည်သူရှေ့တွင် သေဒဏ်နှင့်နှစ်ရှည်ထောင်ဒဏ်များကို စီရင်လေ့ရှိသည်ကို ယင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရသိရသည်။

နိုဝင်ဘာ ၁၁ ရက်တွင် ကိုးကန့်တပ်ဖွဲ့ -MNDAAက မုံးကိုးမြို့တွင် ရာဇဝတ်မှုကျူးလွန်သူ ၃ ဦးကို သေဒဏ်ချမှတ်ခဲ့သေးသည်။

ပုံအညွှန်း – “ဝ”တပ်ဖွဲ့ က နိုဝင်ဘာ ၁၄ ရက်နေ့နံနက် ဟိုပန်မြို့တွင် ပြစ်မှုကျူးလွန်သူများကို စီရင်ချက်ချမှတ်စဉ်

ဓာတ်ပုံ -“ဝ”လူငယ့်အသံ (WNL)

#MeKongNews
#UWSA
#ဟိုပန်
#သေဒဏ်
#လူသတ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now