နေ့စဥ်သတင်း

ရွာငံတွင် ရွာသားအချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး နယ်မြေလုံခြုံရေး တင်းကြပ်နေ

မဲခေါင် 11 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၁ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင်း ကျေးရွာများတွင် ရွာခံရွာသားအချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသကဲ့သို့ နယ်မြေလုံခြုံရေးကို ပိုမိုတင်းကြပ်ထားပြီး ရွာအဝင်အထွက်များကို ပိတ်ဆို့ထားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။ နိုဝင်ဘာလ ပထမပတ်ရက်ပိုင်းအတွင်း နွားဘန်းကြီးရွာနှင့် ငါးဆူကျေးရွာများမှ ကျေးရွာသားများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ရွာအဝင်အထွက် ပိတ်ဆို့ထားသည့် ရွာများမှာ ချောင်းဦး၊ ကျောက်ပိဇပ်၊ ရနဲ၊ တောင်ဦးစသည့် ရွာငံအနောက်တောင်ဘက်မှ ရွာများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “နွားဘန်းကြီးက ၂ယောက်၊ ငါးဆူကျေးရွာကတော့ ၃ယောက်လို့ကြားတယ်။ ဖမ်းသွားတာပဲ သိရသေးတယ်ဗျ၊ နောက်ဆက်တွဲသတင်းတော့မရသေးဘူးဗျ။ ရွာတွေတင်မကဘူး မြို့ဝင်မြို့ထွက်တွေလည်းအစစ်ဆေး ကြမ်းတယ်လို့သိရတယ်” ဟု ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA ပြန်ကြားရေးတာဝန်ခံက မဲခေါင်သို့

မဲခေါင်၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင်း ကျေးရွာများတွင် ရွာခံရွာသားအချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသကဲ့သို့ နယ်မြေလုံခြုံရေးကို ပိုမိုတင်းကြပ်ထားပြီး ရွာအဝင်အထွက်များကို ပိတ်ဆို့ထားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

နိုဝင်ဘာလ ပထမပတ်ရက်ပိုင်းအတွင်း နွားဘန်းကြီးရွာနှင့် ငါးဆူကျေးရွာများမှ ကျေးရွာသားများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ရွာအဝင်အထွက် ပိတ်ဆို့ထားသည့် ရွာများမှာ ချောင်းဦး၊ ကျောက်ပိဇပ်၊ ရနဲ၊ တောင်ဦးစသည့် ရွာငံအနောက်တောင်ဘက်မှ ရွာများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“နွားဘန်းကြီးက ၂ယောက်၊ ငါးဆူကျေးရွာကတော့ ၃ယောက်လို့ကြားတယ်။ ဖမ်းသွားတာပဲ သိရသေးတယ်ဗျ၊ နောက်ဆက်တွဲသတင်းတော့မရသေးဘူးဗျ။ ရွာတွေတင်မကဘူး မြို့ဝင်မြို့ထွက်တွေလည်းအစစ်ဆေး ကြမ်းတယ်လို့သိရတယ်” ဟု ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA ပြန်ကြားရေးတာဝန်ခံက မဲခေါင်သို့ ပြောသည်။

ရွာများတွင် တောင်ယာသွားခွင့် ကန့်သတ်ထားသကဲ့သို့ ရွာဝင်ရွာထွက်ကိုပင် မှတ်ပုံတင်ပြ၍ သွားလာနေရကြောင်း ဒေသခံများထံမှသိရသည်။

“မြို့ထဲက ရွာတွေဘက်သွားရင်တောင် အတော်အစစ်ဆေးကြမ်းတယ်။ စစ်တာကလည်း အကုန်စစ်နေတာ” ဟု ရွာငံကျုံးနေသူတစ်ဦးက မဲခေါင်သို့ပြောသည်။

ရက်ပိုင်းအတွင်း ဓနုတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းကာ ပြောက်ကျားစစ်အရှိန်တိုးမြှင့်နိုင်သည့် သတင်းကြောင့် စစ်တပ်ကလုံခြုံရေးအတွက် စစ်ဆေးရေးတိုးမြှင့်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။

ရွာငံ၊ ပင်းတယ၊ ရပ်စောက်နယ် အတွင်းလှုပ်ရှား နေသည့် ဓနုတော်လှန်ရေးတပ်များအနေဖြင့် တော်လှန်ရေးအရှိန်အဟုန်မြှင့်ရန်ပြောက်ကျားစစ်ကိုဆင်နွှဲနေသည်ဟု DPLA နှင့် ပူးပေါင်းသွားသည့် ချိုးဖြူတော် လှန်ရေးတပ်ဖွဲ့- JPRF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ဖမ်းဆီးမှုများ လုံခြုံရေးပိုမိုတင်းကြပ်လာမှုများသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်တွင်ရွာငံမြို့နယ်၊ ကျောက်ပိဇပ်ရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရသည့်ကိစ္စနှင့် ဆက်စပ်နေသည်ဟုလည်း ဒေသခံများက ပြောကြားနေကြောင်း သိရသည်။

#MeKongNews
#ရှမ်းတောင်
#ရွာငံ
#လုံခြုံရေးတင်းကြပ်
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now