မဲခေါင်၊ နိုဝင်ဘာ ၃
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ အွန်လိုင်းစလော့ဂိမ်းကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသတ်သေသွားကြောင်း သိရသည်။
အမျိုးသမီးမှာ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစော ၂ နာရီခန့်က အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ ၁ နေအိမ်တွင် အဆုံးစီရင်သွားခြင်းဖြစ်ပြီး ၎င်းတွင် အခြားအပူအပင်မရှိသော်လည်း အွန်လိုင်းမှတဆင့် စလော့ဂိမ်းဆော့သည့်အတွက် ပြသနာအချို့ရှိကြောင်း ဒေသခံများက ပြောသည်။
“သူ့မှာ ကလေးလည်း မရှိဘူး။ အခြားအပူအပင်မရှိဘူး။ ဖုန်းကနေ အွန်လိုင်းဆော့တာမှာ မဖြေရှင်းနိုင်ဘဲ သတ်သေသွားတာ” ဟု အောင်ပန်းဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အွန်လိုင်းစလော့ဂိမ်းနှင့် လိမ်လည်မှုများမှာ Telegram မှ နေ့စဥ်ဝင်ငွေရမည်ဆိုကာ မိတ်ဆက်လာခြင်းဖြစ်ကြောင်း၊ ထပ်တိုးအမြတ်ရရှိရန် ငွေလောင်းခိုင်းရာမှာ ငွေအရင်းများ ထပ်ဆင့်ဆုံးရှုံးရခြင်းမျိုးဖြစ်ပြီး အိမ်ထောင်ရှင်အမျိုးသမီးအများစု လိမ်လည်ခံနေကြရကြောင်း မဲခေါင်မှ စုံစမ်းသိရသည်။
#MeKongNews
#အောင်ပန်း
#အဆုံးစီရင်
#အွန်လိုင်းလောင်းကစား
#ကျားဖြန့်








