နေ့စဥ်သတင်း

နမ့်ခုတ်မြစ်တစ်လျောက် မြေရှားနှင့်ရွှေ တိုးချဲ့တူးဖော်မှု နောက်ကွယ်တွင် တရုတ်အစိုးရနောက်ခံ ကုမ္ပဏီရှိနေ

မဲခေါင် 29 Oct - 2025
မဲခေါင်၊ အောက်တိုဘာ၂၉ နိုင်ငံတကာမြစ်များဖြစ်သည့် မဲခေါင်မြစ်နှင့် နမ့်ခုတ်မြစ်များကို ညစ်ညမ်းစေပြီး ယင်းမြစ်များတလျောက် မှီခိုနေထိုင်သည့် လူအများကို ဒုက္ခဖြစ်စေသည့် ရွှေနှင့် မြေရှားသတ္တု တိုးချဲ့တိုးဖော်မှု၏ နောက်ကွယ်တွင် တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီ ရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က သတင်းထုတ်ပြန်လာသည်။ SHRF မှရရှိသည့် ဂြိုလ်တုဓာတ်ပုံသစ်များအရ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာသည်ကို ပြသနေသည်ဟု SHRF က အောက်တိုဘာ၂၈ရက်တွင်ထုတ် ပြန်လာသည်။ ယင်းသတ္တုတွင်းများကို တရုတ်အစိုးရမှ ကျောထောက် နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီမှ လည်ပတ်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း SHRF

မဲခေါင်၊ အောက်တိုဘာ၂၉

နိုင်ငံတကာမြစ်များဖြစ်သည့် မဲခေါင်မြစ်နှင့် နမ့်ခုတ်မြစ်များကို ညစ်ညမ်းစေပြီး ယင်းမြစ်များတလျောက် မှီခိုနေထိုင်သည့် လူအများကို ဒုက္ခဖြစ်စေသည့် ရွှေနှင့် မြေရှားသတ္တု တိုးချဲ့တိုးဖော်မှု၏ နောက်ကွယ်တွင် တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီ ရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က သတင်းထုတ်ပြန်လာသည်။

SHRF မှရရှိသည့် ဂြိုလ်တုဓာတ်ပုံသစ်များအရ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာသည်ကို ပြသနေသည်ဟု SHRF က အောက်တိုဘာ၂၈ရက်တွင်ထုတ် ပြန်လာသည်။

ယင်းသတ္တုတွင်းများကို တရုတ်အစိုးရမှ ကျောထောက် နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီမှ လည်ပတ်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း SHRF ထုတ်ပြန်ထားသည်။

China Investment Mining Co. ၏ ၉၀% ကို Shanghai Chijin Xiawu Metal Resources Co. Ltd. က ပိုင်ဆိုင်ပြီး ၎င်းကုမ္ပဏီသည် လာအိုနိုင်ငံတွင် မြေရှားသတ္တု အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရန်အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation နှင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သော ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည်ပြီး Xiamen Tungsten Corporation (XTC) သည် တရုတ်နိုင်ငံ၏ အဓိက မြေရှားသတ္တု ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်သည်ဟု ဆိုသည်။​

ထုတ်ပြန်ချက်ပါ ဂြိုဟ်တုဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အထင်ရှားဆုံး ပြောင်းလဲမှုကို ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာ ရှိ မြစ်အထက်ပိုင်းမှ ရွှေသတ္တုတူး ဖော်ရေး ဧရိယာတွင်တွေ့မြင်ရပြီး ထိုနေရာ၌ သစ်တောဖုံးလွှမ်းသော တောင်စောင်းများကို ကုတ်ခြစ်တူး ဖော်၍ လမ်းသစ်များနှင့် သတ္တုတွင်းများကို ကွန်ရက်သဖွယ် တိုးချဲ့တူးဖော်ထားသည်ကိုတွေ့ရသည်။

မြေကြီးထဲမှ ထွက် လာသည့် သတ္တုဓာတ်များ ပါဝင်သော ဤသတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများသည် နမ့်ခုတ်မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေသည်ဟု ဆိုသည်။

ယင်းနမ့်ခုတ်မြစ်၏ အနောက်ဘက်ကမ်းရှိ သန့်စင်စက်ရုံများတွင် ရွှေရိုင်းများကို ဆက်လက်ထုတ်ယူ သန့်စင်နေပြီး၊ ထိုစက်ရုံများမှ ဓာတုအကြွင်းအကျန်များသည်လည်း မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေဖွယ် ရှိသည်ဟု သုံးသပ်ထားသည်။

သဘာဝပတ်ဝန်းကျင်အပြင် လူသားအရင်းအမြစ်အထိ အဆိပ်သင့်မှုတွေအတွက် တာဝန်ရှိမှု တာဝန်ခံမှုတွေ ရှိလာစေရန် အရင်ဆုံး ဖက်ဒရယ်စနစ်ရရှိရန်၊ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို ဖြုတ်ချရန်လိုကြောင်း SHRF မှ ယိင်းလျန်းဟန်က မဲခေါင်သို့ ယနေ့ အောက်တိုဘာ ၂၉ရက်တွင်ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ဆိုရင် လက်ရှိအချိန်အထိက ပြည်သူတွေကိုယ်တိုင် ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်ရဲ့သယံဇာတ၊ ကိုယ့်ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်တိုင်စီမံနိုင်ခွင့်၊ ပြည်သူ့အာဏာကို ပြန်မရသေးဘူး။ လောလောဆယ်တော့ ဒီဟာကို ပြန်ရဖို့အရေးကြီးတယ်။ ပြည်သူတွေလက်ထဲမှာ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ ဖက်ဒရယ်စနစ်တစ်ခု ပေါ်လာဖို့လိုတယ်” ဟု ၎င်းက သုံးသပ်သည်။

မိုင်းဆတ်မြို့နယ်အရှေ့ပိုင်း မိုင်းယွန်းဒေသကို “ဝ” တပ်ဖွဲ့ – UWSAနှင့် မြန်မာစစ်အစိုးရတို့က ပူးတွဲထိန်းချုပ်ထားရာ သတ္တုတွင်းများ လည်ပတ်နိုင်ရန်အတွက် အဖွဲ့အစည်း နှစ်ခုစလုံးထံမှ ခွင့်ပြု ချက် ရယူရန် လိုအပ်သည်ဖြစ်ပြီး အတွင်းပိုင်းသတင်းရင်းမြစ်များ၏ အဆိုအရ၊ မိုင်းယွန်းရှိ နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုတွင်းများနှင့် အဓိက ရွှေတူးဖော်ရေးလုပ်ငန်း နှစ်မျိုးစလုံးကို လုပ်ကိုင်နေသူမှာ China Investment Mining Company ဖြစ်ပြီး၊ ယင်းကုမ္ပဏီသည် လာအိုနိုင်ငံ မြောက် ပိုင်းတွင်လည်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

SHRF ၏ ပြီးခဲ့သည့်၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ သတင်းထုတ်ပြန်ချက် အပြီးတွင် နမ့်ခုတ်မြစ်အနီးရှိ မြစ်၏အနောက်ဘက်တစ်ခြမ်းနှင့် အရှေ့ဘက်တစ်ခြမ်းမှ မြေရှားသတ္တုတွင်း နှစ်ခုစ လုံးသည် ယခုအခါ တိုးချဲ့မှုအသစ်များကိုတွေ့နေရကာ နှစ်ခုစလုံးသည် တောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော ‘in-situ leaching’ နည်းလမ်းကို အသုံးပြုနေကြသည်ကိုလည်း ထုတ်ပြန်ထားသေးသည်။

သတ္တုတွင်းနေရာသုံးခုကို တိုးချဲ့နေခြင်းသည် နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုရှိနေပြီးအလွန်အမင်း စိုးရိမ်စရာကောင်းနေသဖြင့် ထိုင်းအာဏာပိုင်များသည် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ နမ့်ခုတ်မြစ် (Kok River) ရှိ ရေကို နှစ်ပတ်တစ် ကြိမ် စစ်ဆေးလျက်ရှိရာ၊ စိန် (Arsenic) နှင့် ခဲ (Lead) ဓာတ် ပမာဏများ ဘေးကင်းလုံခြုံရေး စံနှုန်းများ ထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

ယင်း နမ့်ခုတ်မြစ် ညစ်ညမ်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ၁၉ရက်နေ့က မြန်မာ-ထိုင်းနယ်စပ် ရှိ မိုင်းဆတ်မြို့နယ် ပိန်းခမ်းရွာမှ အိမ်ခြေ ၁၀၀ရှိသည့်အနက် အိမ်ခြေ ၉၀ ကျော် ရေကြီးနုံးတင် နစ်မြုပ်ခဲ့ရဘူးပြီး လက်ရှိတွင်လည်း အဆိပ်သင့် မြစ်ရေကြောင့် မြစ်အနီးရှိ နှစ်ဘက်ကျေးရွာများ အခက်ကြုံနေကြရကြောင်း မိုင်းဆတ်ဒေသခံများထံက သိရသည်။

#MeKongNews
#နမ့်ခုတ်မြစ်
#ရွှေတူးဖော်မှု
#တရုတ်အစိုးရ
#မြေရှားသတ္တု
#မိုင်းဆတ်
#ရှမ်းအရှေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now