နေ့စဥ်သတင်း

ကိုးကန့်တပ်ဖွဲ့ဝင်များ မြန်မာစာသင်နေ

မဲခေါင် 26 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၆ တိုင်းရင်းသားရေးရာကို အလေးထားကြောင်း ပြသသည့်အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း ၊ MNDAA ထိန်းချုပ် သိန္နီမြို့ ဗမာစကား(မြန်မာဘာသာစကား) သင်တန်း ဖွင့်လှစ်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ သင်တန်းတက်ရောက်လျက်ရှိကြောင်း The Kokang သတင်းစဥ်က ထုတ်ပြန်သည်။ ယင်းသင်တန်းတွင် MNTJP ဗဟိုအရန်ကော်မတီဝင်/ သိန္နခရိုင်အုပ်ချုပ်ရေးမှူး ဦးဖုန်ရှင်းချန်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယအဖွဲ့ဝင် ဟန်ကျားဟွား၊ ဒုတိယခရိုင်ဝန် ယန်ဝမ်လျန် အပါအဝင် ခရိုင်အဆင့် ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင်ပါဝင် တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာ ဒေသများ၌ ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုမှု အခက်အခဲများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရန်နှင့် အများပြည်သူ ဝန်ဆောင်မှုပေးခြင်းကို မြှင့်တင်နိုင်ရန်အတွက် ယခုလို သင်တန်းများ ဖွင့်လှစ်ရခြင်းဟု

မဲခေါင်၊ အောက်တိုဘာ ၂၆

တိုင်းရင်းသားရေးရာကို အလေးထားကြောင်း ပြသသည့်အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း ၊ MNDAA ထိန်းချုပ် သိန္နီမြို့ ဗမာစကား(မြန်မာဘာသာစကား) သင်တန်း ဖွင့်လှစ်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ သင်တန်းတက်ရောက်လျက်ရှိကြောင်း The Kokang သတင်းစဥ်က ထုတ်ပြန်သည်။

ယင်းသင်တန်းတွင် MNTJP ဗဟိုအရန်ကော်မတီဝင်/ သိန္နခရိုင်အုပ်ချုပ်ရေးမှူး ဦးဖုန်ရှင်းချန်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယအဖွဲ့ဝင် ဟန်ကျားဟွား၊ ဒုတိယခရိုင်ဝန် ယန်ဝမ်လျန် အပါအဝင် ခရိုင်အဆင့် ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင်ပါဝင် တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာ ဒေသများ၌ ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုမှု အခက်အခဲများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရန်နှင့် အများပြည်သူ ဝန်ဆောင်မှုပေးခြင်းကို မြှင့်တင်နိုင်ရန်အတွက် ယခုလို သင်တန်းများ ဖွင့်လှစ်ရခြင်းဟု ဖော်ပြထားသည်။

သင်ရိုးညွှန်းတမ်းသည် နေ့စဉ် အစိုးရရုံးလုပ်ငန်းသုံး ကိစ္စရပ်များတွင် ဗမာစကားကို လက်တွေ့ကျကျ အသုံးပြုနိုင်ရေးကို အဓိကထား သင်ကြားပေးခြင်းဖြစ်ပြီး ဤသို့ ဘာသာစကား တတ်မြောက်ရန် သင်ကြားခြင်းက တိုင်းရင်းသားအချင်းချင်း ဆက်သွယ်ရေး အတားအဆီးများကို ဖယ်ရှားကာ ဝန်ထမ်းများအနေဖြင့် လူမှုအကျိုးပြု ဝန်ဆောင်မှုများ မူဝါဒ ရှင်းလင်းချက်များ အပါအဝင် ကဏ္ဍစုံ ဆက်သွယ်ပြောဆိုရေး လုပ်ငန်းများကို ပိုမို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု ပြောသည်။

ယင်းသင်တန်းကို အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး သင်တန်း၏ ပထမအသုတ် သင်တန်းသား စုစုပေါင်း (၄၃) ဦး ရှိကာ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ လုပ်ငန်းကျွမ်းကျင်သော အဓိက ဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

“မြန်မာစကား မသိမတတ်တော့ ဘာသာပြန်တွေနဲ့ သွားရတာ၊ အစည်းအဝေးတွေကအစ ဂိတ်တာဝန်ကျတွေအဆုံး မြန်မာလိုတတ်မှ အပြောအဆို အဆင်ပြေမှာဖြစ်တယ်” ဟု ယင်း သင်တန်းတက်နေသူတစ်ဦးနှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

သင်တန်း အစီအစဉ်ကို သိန်းနီခရိုင် အစိုးရမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗမာစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကျွမ်းကျင်ဆရာ/ဆရာမများကို ဖိတ်ခေါ်၍ စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် MNDAA သည် တရုတ်ဘာသာစာနှင့်စကားကိုသာ အဓိက သုံးစွဲနေသည့် အဖွဲ့အစည်း ဖြစ်သည်။

#MeKongNews
#ကိုးကန့်
#မြန်မာစာ
#သိန္နီ
#တရုတ်ဘာသာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now