နေ့စဥ်သတင်း

သီပေါမြို့တွင်း စစ်တပ်က ဒရုန်းများဖြင့် ဗုံးကြဲ၊ မြို့ထက်ဝက်ခန့် ထိန်းချုပ်နိုင်ပြီလို့ဆို

မဲခေါင် 17 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၇ ရှမ်းမြောက်တွင် ထိုးစစ်ပြန်ဆင်နေသည့် စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း၌ သီပေါမြို့တွင်း ရပ်ကွက်အချို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး မြို့တစ်ဝက်ခန့်ကိုလည်း ထိန်းချုပ်ထားကြောင်း သီပေါ်မြို့ရှိ မြေပြင်သတင်းအရင်းအမြစ်များက မဲခေါင်သို့ ယနေ့ အောက်တိုဘာ ၁၇ရက် နံနက်ပိုင်းတွင် ပြောသည်။ ယနေ့နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်တွင် ထောင်ကြီး အနီးရှိ ဇာတ်စုနှင့် ကျောင်းစုဘက်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ TNLA နှင့် မဟာမိတ်များဘက်မှလည်း နေရာအချို့တွင် ခံစစ်ပြင်ထားကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “စစ်တပ်က ဈေးပတ်ပတ်လည်၊ မြို့လယ်ဓမ္မာရုံတွေမှာ နေရာယူထားကြတယ်။ အရပ်ဝတ်ပြောက်ကျားတွေလည်း မြို့ထဲမှာရှိတယ်။ မြို့လူထုကိုတော့ မြို့လယ်၊ ဈေး၊ ဇာတ်စု၊

မဲခေါင်၊ အောက်တိုဘာ ၁၇

ရှမ်းမြောက်တွင် ထိုးစစ်ပြန်ဆင်နေသည့် စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း၌ သီပေါမြို့တွင်း ရပ်ကွက်အချို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး မြို့တစ်ဝက်ခန့်ကိုလည်း ထိန်းချုပ်ထားကြောင်း သီပေါ်မြို့ရှိ မြေပြင်သတင်းအရင်းအမြစ်များက မဲခေါင်သို့ ယနေ့ အောက်တိုဘာ ၁၇ရက် နံနက်ပိုင်းတွင် ပြောသည်။

ယနေ့နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်တွင် ထောင်ကြီး အနီးရှိ ဇာတ်စုနှင့် ကျောင်းစုဘက်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ TNLA နှင့် မဟာမိတ်များဘက်မှလည်း နေရာအချို့တွင် ခံစစ်ပြင်ထားကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်တပ်က ဈေးပတ်ပတ်လည်၊ မြို့လယ်ဓမ္မာရုံတွေမှာ နေရာယူထားကြတယ်။ အရပ်ဝတ်ပြောက်ကျားတွေလည်း မြို့ထဲမှာရှိတယ်။ မြို့လူထုကိုတော့ မြို့လယ်၊ ဈေး၊ ဇာတ်စု၊ ညောင်ကိုးပင်၊ တုံစင့်ဖက် ပေးမသွားသေးဘူး။ တပ်က အိမ်တံခါးတွေပိတ်နေဖို့၊ အပြင်မထွက်ဖို့ ပြောတယ်”ဟု ၎င်းက မဲခေါင်သို့ ယနေ့ အောက်တိုဘာ ၁၇ရက် နံနက်၇နာရီခွဲတွင် ပြောသည်။

ယမန်နေ့ အောက်တိုဘာ၁၆ရက် ညနေ ၃နာရီခွဲခန့်မှစပြီး တိုက်ပွဲအတွင်း အဆောက်အဦအချို့ မီးလောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဇတ်စုဖက်နဲ့သီပေါမြို့ထဲ သီပေါရဲစခန်း၊ ထွေအုပ်၊ မြေစာရင်း၊ စိုက်ပျိုးရေးရုံးတွေနဲ့ ထောင်မှာ နာရီဝက် လောက်ပဲ လောင်တာ။ ရှို့မီးပါ၊ မျက်နှာမှာ Musk တပ်ထားတဲ့ အရပ်ဝတ်နဲ့ လူတွေလိုက်ရှို့တာ၊ ရပ်ရွာထဲကလူတွေ မီးထွက်ငြိမ်းကြတယ်” ဟု၎င်းက ပြောသည်။

Hotel Thipaw တွင်မူ အမိုးပေါ် လက်နက်ကြီးကျရောက် မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။

ယမန်နေ့က ညနေ ၄နာရီခွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ပွဲပြင်းထန်လာပြီး ညနေ ၅ နာရီခွဲခန့်တွင် မိုးသည်းထန်လာကာ ညနေ ၆ နာရီခန့်တွင် မီးလောင်နေသည်များ၊ တိုက်ပွဲဖြစ်သံများ ရပ်တန့်သွားခဲ့သည်။

ယမန်နေ့က မြို့အဝင်အထွက်ကို စစ်တပ်က ခွင့်ပြုထားသော်လည်း သီပေါတံတားကို ည ၆နာရီ မှ နံနက်၆နာရီထိပိတ်ထားကာ ယနေ့နံနက်ပိုင်း ပြန်လည်ခွင့်ပြုကြောင်း သိရသည်သော်လည်း အဝင်သာရပြီးအထွက်ကို ခွင့်မပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က ကျောက်မဲကို အောက်တိုဘာ ၁ရက်က ပြန်ရပြီးနောက် သီပေါကိုတောက်လျှောက်ထိုးစစ် ဆင်လာခဲ့ရာ ၁၅ရက်အကြာတွင် ယခုအခြေအနေ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#သီပေါမြို့နယ်
#စစ်ကောင်စီ
#TNLA
#ဒရုန်းဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now