နေ့စဥ်သတင်း

စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ရပ်တန့်သွားစေသည်ဟု NCA ၁၀ နှစ်ပြည့်တွင် RCSS ထုတ်ပြန်၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများကြောင့် NCA မအောင်မြင်ခဲ့ဟုဆို

မဲခေါင် 17 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၇ နေပြည်တော်တွင် ကျင်းပနေသည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အတွက် RCSS မှ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောထားစာချုပ် NCA သည် အောက်တိုဘာလ ၁၅ ရက်က ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ ယင်း NCA စာချုပ် မအောင်မြင်ရခြင်းမှာ အားနည်းချက်များနှင့် စိန်ခေါ်မှုများကြောင့်ဟု RCSS က ဆိုထားသည်။ ထုတ်ပြန်ချက်ပါ အဓိကအချက်မှာ စစ်တပ်၏ အာဏာသိမ်းမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို ရပ်တန့်သွားစေသည်ဟု ဖော်ပြထားသည်။ ယုံကြည်မှုမတည်ဆောက်နိုင်မှု၊

မဲခေါင်၊ အောက်တိုဘာ ၁၇

နေပြည်တော်တွင် ကျင်းပနေသည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အတွက် RCSS မှ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောထားစာချုပ် NCA သည် အောက်တိုဘာလ ၁၅ ရက်က ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

ယင်း NCA စာချုပ် မအောင်မြင်ရခြင်းမှာ အားနည်းချက်များနှင့် စိန်ခေါ်မှုများကြောင့်ဟု RCSS က ဆိုထားသည်။

ထုတ်ပြန်ချက်ပါ အဓိကအချက်မှာ စစ်တပ်၏ အာဏာသိမ်းမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို ရပ်တန့်သွားစေသည်ဟု ဖော်ပြထားသည်။

ယုံကြည်မှုမတည်ဆောက်နိုင်မှု၊ အထက်စီးမှဆက်ဆံမှု၊ ၂၀၀၈ အောက်ဝင်ရန် ဖိအားပေးခံရမှုနှင့် စာချုပ်ပါအချက်များကို မလိုက်နာမှုများက NCA ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာဟု ဆိုထားသည်။

သို့အတွက် အနာဂတ်ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလမ်းစဥ်အောင်မြင်စေရေးအတွက် စစ်တပ်နှင့် EAOs များနှင့် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်၊ EAOs များနှင့်ဆွေးနွေး၍ သဘောတူညီချက်များရယူပြီးလျင် နိုင်ငံရေးပါတီများပါဝင်၍ သုံးပွင့်ဆိုင်ဆွေးနွေးရန်၊ ယင်းဆွေးနွေးပွဲများတွင် နိုင်ငံတကာမှ အသိသက်သေများ တက်ရောက်စေရန်၊ ဖက်ဒရယ်ကို အဓိကဆွေးနွေးပြီး ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော်တွင်တင်သွင်း၍ ဥပဒေအဖြစ်အတည်ပြု ပြဌာန်းရန်တို့ကို RCSS မှ အကြံပြုထားသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဦးသိန်းစိန်ဦးစီးအစိုးရအဖွဲ့၊ ပြည်သူ့လွတ်တော်၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် နိုင်ငံရေးပါတီများ၏ ကတိကဝတ်ပြုသဘောတူညီမှုတို့ဖြင့် NCA သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယမန်နှစ်ကပြုလုပ်သည့် NCA ၉ နှစ်ပြည့်မှာတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် နိုင်ငံရေးပါတီအချို့တက်ရောက်ခဲ့ကြသော်လည်း ယခု ၁၀ နှစ်ပြည့်တွင်မူ RCSS တက်ရောက်ခြင်းမရှိတော့ဘဲ သဘောထားအကြံပြုချက်ကိုသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#MeKongNews
#စစ်တပ်
#အာဏာသိမ်း
#RCSS
#ငြိမ်းချမ်းရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now