မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ NDAA ထိန်းချုပ်ဒေသ မိုင်းလားတွင် ဒေသလိုင်စင် မပြုလုပ်ထားသည့် ယာဥ်များကို ဖမ်းစီးနေကြောင်း ဒေသခံများထံက သိရသည်။
ဒေသလိုင်စင် SR4 နံပတ် မပြုလုပ်ထားသည့် ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး လိုင်စင်အတုပြုလုပ်ထားပါက တပါတည်း သိမ်းဆည်းကြောင်း ဒေသခံများက ဆိုသည်။
“ဗမာ ကညန လိုင်စင်နဲ့ “ဝ”၊ ကိုးကန့် နံပတ်တွေတော့ စစ်တယ်။ မဖမ်းဘူး။ ဘီးခွန်ပဲဆောင်ခိုင်းတယ်။ လိုင်စင်တု၊ အပွားတွေတော့ တခါတည်းသိမ်းတယ်” ဟု မိုင်းလားနေသူတစ်ဦးက မဲခေါင်သို့ပြောသည်။
လိုင်စင်ပြုလုပ်လိုပါက ဆိုင်ကယ်တစ်စီးလျှင် တရုတ်ယွမ်ငွေ ၇၀၀ (ကျပ် ၄ သိန်းကျော်) နှင့် ကားတစ်စီးလျှင် ယွမ် ၅၀၀၀ (ကျပ် သိန်း ၃၀ ကျော်) ကုန်ကျရကြောင်း သိရသည်။
လက်ရှိ မိုင်းလားကညနတွင် ဆိုင်ကယ်စီးရေ ၅၀၀ခန့်နှင့် ကားစီးရေ ၁၀၀ ကျော် ဖမ်းဆီးထားရှိနေကြောင်း သိရသည်။
#MeKongNews
#မိုင်းလား
#လိုင်စင်မဲ့ကား
#ဖမ်းဆီးအရေးယူမှု
#NDAA
#အထူးဒေသ၄








