နေ့စဥ်သတင်း

အေးသာယာတွင် ဆိုင်ကယ်သူခိုးများနှင့် ခိုးရာပါဆိုင်ကယ်များ ဖမ်းမိ

မဲခေါင် 19 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၉ ဆိုင်ကယ်သူခိုး ၃ ဦးနှင့် ခိုးရာပါဆိုင်ကယ် ၈ စီးကို ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရဲစခန်းတွင် ဖမ်းဆီးရမိထားကြောင်း အေးသာယာရဲစခန်းက ကြေညာထားသည်။ ယမန်နေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် အေးသာယာရဲစခန်းမှ ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်သူခိုး ၃ ဦးနှင့်အတူ ၎င်းတို့ထံမှ ဖော်ထုတ်ရရှိထားသည့် ဆိုင်ကယ် ၈ စီးကို ဓာတ်ပုံနှင့်အတူ သတင်းဖော်ပြထားခြင်း ဖြစ်သည်။ “ပျောက်တာတော့ အများကြီး၊ ခု ဖမ်းမိတဲ့ဆိုင်ကယ်ပျောက်ဆုံးသူ ပိုင်ရှင်များကိုယ်တိုင် လာရောက် စစ်ဆေးနိုင်တယ်လို့ ပြောတယ်။ လိုင်စင်ဘီးတွေကတော့ ရှင်းတယ်။ အုံနာဘုတ် ပါရင်ပြီးတယ်။ W ကတော့ ဆိုင်ကယ်ချက်စီ ကို ဖုန်းနဲ့ရိုက်ထားတာ

မဲခေါင်၊ စက်တင်ဘာ ၁၉

ဆိုင်ကယ်သူခိုး ၃ ဦးနှင့် ခိုးရာပါဆိုင်ကယ် ၈ စီးကို ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာရဲစခန်းတွင် ဖမ်းဆီးရမိထားကြောင်း အေးသာယာရဲစခန်းက ကြေညာထားသည်။

ယမန်နေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် အေးသာယာရဲစခန်းမှ ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်သူခိုး ၃ ဦးနှင့်အတူ ၎င်းတို့ထံမှ ဖော်ထုတ်ရရှိထားသည့် ဆိုင်ကယ် ၈ စီးကို ဓာတ်ပုံနှင့်အတူ သတင်းဖော်ပြထားခြင်း ဖြစ်သည်။

“ပျောက်တာတော့ အများကြီး၊ ခု ဖမ်းမိတဲ့ဆိုင်ကယ်ပျောက်ဆုံးသူ ပိုင်ရှင်များကိုယ်တိုင် လာရောက် စစ်ဆေးနိုင်တယ်လို့ ပြောတယ်။ လိုင်စင်ဘီးတွေကတော့ ရှင်းတယ်။ အုံနာဘုတ် ပါရင်ပြီးတယ်။ W ကတော့ ဆိုင်ကယ်ချက်စီ ကို ဖုန်းနဲ့ရိုက်ထားတာ ပါရင်ကောင်းတယ်” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အတွင်း နေ့စဥ်နီးပါး ဆိုင်ကယ်များ ပျောက်ဆုံးနေရာ ယခု အေးသာယာ ရဲစခန်းက ခိုးဘီး အများအပြားကို ဆိုင်ကယ်သူခိုးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အေးသာယာမှ ဆိုင်ကယ်ပျောက်သူတစ်ဦးကမူ ၎င်းဆိုင်ကယ်ပျောက်၍ စခန်းသို့ တိုင်ကြားစဥ်က စခန်းရဲတစ်ဦးက ဆုံးပြီဟု ပြောကြားခဲ့သဖြင့် အမှုမဖွင့်ဘဲ လှည့်ပြန်လာခဲ့ရသည့် ဖြစ်ရပ်လည်း ရှိသည်ဟု ဆိုသည်။

“တို့များပျောက်တုန်းက အရစ်ကျနဲ့ဝယ်ထားတဲ့ kenbo 110 လိုင်စင်ပါ အမည်ပေါက်ပြောင်းပြီးသားလေးမို့ ပျောက်ပျောက်ချင်း သွားတိုင်တာ။ ဘာရာထူးရှိတဲ့သူလည်း မသိဘူး။ ပြောချလိုက်တာ ဆုံးပြီလို့သာ မှတ်လိုက်တဲ့။ ဒီတိုင်းလှည့်ပြန်ခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

ယင်း အေးသာယာနယ်မြေရဲစခန်းအပိုင်ဖြစ်သည့် အေးသာယာမြို့သစ် နည်းပညာတက္ကသိုလ်(တောင်ကြီး) ကျောင်းဝိုင်းအတွင်းတွင် တမြန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က Honda wave100 ခဲဖြူတစ်စီးအခိုးခံရသဖြင့် တွေ့ရှိပါကအကြောင်းကြားပေးရန် ပိုင်ရှင်က မေတ္တာရပ်ခံထားသည်။

#MeKongNews
#အေးသာယာ
#ရှမ်းတောင်
#ဆိုင်ကယ်ခိုးမှု
#ဖမ်းဆီးရရှိမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now