နေ့စဥ်သတင်း

စစ်ကောင်စီရွေးကောက်ပွဲမပြုလုပ်နိုင်သည့် မဲဆန္ဒနယ်မြေထဲတွင် ရှမ်းပြည်မှ ၁၇ မြို့နယ်ပါဝင်

မဲခေါင် 15 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၅ စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများကို ယမန်နေ့ စက်တင်ဘာ ၁၄ရက်စွဲဖြင့် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ရာတွင် ရှမ်းပြည်မှ ၁၇မြို့နယ် ပါဝင်လာသည်။ ယင်းထုတ်ပြန်ချက်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆နယ်၊ FPTP နိုင်သူအကုန်ယူ စနစ်အရ ပြုလုပ်မည့် အမျိုးသားလွှတ်တော်နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်တို့၏ အမည်များကို ထုတ်ပြန်ရာတွင် ရှမ်းပြည်မှ ၁၇မြို့နယ် ပါဝင်လာခြင်းဖြစ်သည်။ ‘ဝ’ဒေသမှ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နမ့်ဆန်၊

မဲခေါင်၊ စက်တင်ဘာ ၁၅

စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများကို ယမန်နေ့ စက်တင်ဘာ ၁၄ရက်စွဲဖြင့် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ရာတွင် ရှမ်းပြည်မှ ၁၇မြို့နယ် ပါဝင်လာသည်။

ယင်းထုတ်ပြန်ချက်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆နယ်၊ FPTP နိုင်သူအကုန်ယူ စနစ်အရ ပြုလုပ်မည့် အမျိုးသားလွှတ်တော်နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်တို့၏ အမည်များကို ထုတ်ပြန်ရာတွင် ရှမ်းပြည်မှ ၁၇မြို့နယ် ပါဝင်လာခြင်းဖြစ်သည်။

‘ဝ’ဒေသမှ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နမ့်ဆန်၊ မန်တုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ မိုးမိတ်၊ ကွမ်းလုံ၊ သိန္နီနှင့် NDAA ထိန်းချုပ်ထားသည့် မိုင်းလား စုစုပေါင်း ၁၇ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း စစ်ကောင်စီ UEC က ကြေညာသည်။

ရွေးကောက်ပွဲ မပြုလုပ်ဖြစ်သည့် ရှမ်းပြည်မှအမျိုးသားလွှတ်တော် နေရာများအဖြစ် တအာင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ဖော်ပြထားသည်။

လက်ရှိ TNLA နှင့် MNDAA သိမ်းပိုက်ထားသည့် သိန္နီ၊ ကွတ်ခိုင်စသည့် မြို့နယ်များ ထုတ်ပြန်ချက်တွင် မပါလာခြင်းမှာ စစ်တပ်က ၎င်းတို့ ပြန်သိမ်းနိုင်မည်ဟု ယူဆထားသည့်အတွက် ဖြစ်နိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်သူ အထက်မြန်မာနိုင်ငံ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

“စစ်တပ်ဟာ အတတ်နိုင်ဆုံး ကိုးကန့်ဆီက သိန္နီ ၊ ကွတ်ခိုင်တို့ ကို ပြန်တောင်းနေတာ မရခဲ့ဘူး။ ‘ဝ’ ကလည်း လက်မခံဘူး။ မိုင်းလားရောပဲ။ သူတို့ မအောင်မြင်ဘူးဆိုတာ ဒီထုတ်ပြန်ချက်ကို ကြည့်ရင် သိမြင်နိုင်တယ်။ ဒါပေမယ့် နောက်ပိုင်း ရွေးကောက်ပွဲကို စောင့်ကြည့်ရမယ်။ အခု TNLA နဲ့တိုက်နေဆဲ ကျောက်မဲ၊ သီပေါတို့ကိုတော့ စစ်ရေးအရ သိမ်းမယ် ယူဆထားနေလို့ အခု စာရင်းမှာ မဖော်ပြထားတော့ TNLA က ခုခံစစ်များရင် တိုက်ပွဲတွေ ပြင်းထန်လိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။

စစ်ကောင်စီခန့် UEC က ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်ရာတွင် လာမည့် ဒီဇင်ဘာ၂၈ရက်မှ စတင်ပြုလုပ်မည်ဟု ကြေညာထားပြီး ယင်းရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၇၄ နယ်၊ FPTP စနစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇၅နယ်၊ PR အချိုးကျ စနစ် မဲဆန္ဒနယ် ၂၆နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် FPTPစနစ်ဖြင့် ၂၆၆ နယ်၊ PRစနစ်ဖြင့် ၄၂နယ်နှင့် တိုင်းရင်းသားကိုယ်စားပြု မဲဆန္ဒ နယ်၂၉တို့ ပါဝင်မည်ဟု ကြေညာထားသည်။

#MeKongNews
#ရှမ်းပြည်
#ရွေးကောက်ပွဲ
#မိုင်းလား
#UWSA
#TNLA
#မဲဆန္ဒနယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now