နေ့စဥ်သတင်း

မိုင်းပွန်ဂိတ်တွင် ကုန်ကားများကို လိုင်စင်မရှိပါက အပြီးသိမ်း

မဲခေါင် 13 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၂ နယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်းအပြင် လိုင်စင်မဲ့ကုန်ကားများကိုပါ စစ်ဆေးပြီး အပြီးသိမ်းဆည်းခြင်းများ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်မြို့ဂိတ်တွင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။​ ရှမ်းပြည်တောင်ပိုင်းသို့ ထိုင်းကုန်များဝင်ရောက်နိုင်သည့် တောင်ကြီး-မိတ္ထီလာလမ်းပိုင်းပေါ်ရှိ ကျွဲတပ်ဆုံဂိတ်တွင် အစစ်အဆေးတင်းကြပ်နေသလို တာချီလိတ်၊ မိုင်းလား၊ လင်းခေး၊ မောက်မယ်မြို့တို့ဘက်မှ တောင်ကြီးဘက်သို့လာသည့် ကုန်ကားများကိုလည်း ပိတ်ဆို့စစ်ဆေးရန် မိုင်းပွန်မြို့တွင် ယခုနှစ်အတွင်း ဂိတ်အသစ်ချကာ စစ်ဆေးတင်ကြပ်နေခြင်းဖြစ်သည်။ “မိုင်းပွန်ဂိတ်မှာ ၁၂ဘီး၊ ၆ဘီး အလွတ်(လိုင်စင်မဲ့)တွေ အကုန်ဖမ်းနေပါတယ်။ ကုန်တွေကိုတော့ အခွန်ဆောင်ခိုင်းပြီးပြန်ပေးပါတယ်။ ကားတွေကိုတော့ အခွန်ဆောင်ပြီးရင်ပြန်ပေးမယ်ပြောပြီး ပြန်မပေးပါဘူး။ ကျမတို့လည်း နားထားတာကြာပါပြီ။ အကြွေးတွေတင်နေလို့ ဆပ်ချင်နေတာနဲ့ အရဲစွန့်ပြီးထွက်လိုက်တာ” ဟု

မဲခေါင်၊ စက်တင်ဘာ ၁၂

နယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်းအပြင် လိုင်စင်မဲ့ကုန်ကားများကိုပါ စစ်ဆေးပြီး အပြီးသိမ်းဆည်းခြင်းများ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်မြို့ဂိတ်တွင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။​

ရှမ်းပြည်တောင်ပိုင်းသို့ ထိုင်းကုန်များဝင်ရောက်နိုင်သည့် တောင်ကြီး-မိတ္ထီလာလမ်းပိုင်းပေါ်ရှိ ကျွဲတပ်ဆုံဂိတ်တွင် အစစ်အဆေးတင်းကြပ်နေသလို တာချီလိတ်၊ မိုင်းလား၊ လင်းခေး၊ မောက်မယ်မြို့တို့ဘက်မှ တောင်ကြီးဘက်သို့လာသည့် ကုန်ကားများကိုလည်း ပိတ်ဆို့စစ်ဆေးရန် မိုင်းပွန်မြို့တွင် ယခုနှစ်အတွင်း ဂိတ်အသစ်ချကာ စစ်ဆေးတင်ကြပ်နေခြင်းဖြစ်သည်။

“မိုင်းပွန်ဂိတ်မှာ ၁၂ဘီး၊ ၆ဘီး အလွတ်(လိုင်စင်မဲ့)တွေ အကုန်ဖမ်းနေပါတယ်။ ကုန်တွေကိုတော့ အခွန်ဆောင်ခိုင်းပြီးပြန်ပေးပါတယ်။ ကားတွေကိုတော့ အခွန်ဆောင်ပြီးရင်ပြန်ပေးမယ်ပြောပြီး ပြန်မပေးပါဘူး။ ကျမတို့လည်း နားထားတာကြာပါပြီ။ အကြွေးတွေတင်နေလို့ ဆပ်ချင်နေတာနဲ့ အရဲစွန့်ပြီးထွက်လိုက်တာ” ဟု ယာဉ်သိမ်းဆည်းမှုကို မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

မိုင်းပွန်ဂိတ်မှ ဖြတ်သန်းသွားသော ကုန်တင်ကားတိုင်းကို အဖွဲ့စုံ၊ ဌာနစုံဖြင့် စစ်ဆေးပြီး လိုင်စင်မဲ့ဖြစ်လျှင် ကားကိုအပြီးသိမ်းသလို ကုန်ပါပြီး အခွန်မဆောင်ထားပါကလည်း ကုန်များကိုသိမ်းသွားကာ တောင်ကြီးမြို့ရှိ အခွန်ရုံးတွင် အခွန်ဆောင်ပြီးမှ ကုန်သည်များထံ ပြန်ပေးကြောင်းသိရသည်။

သိမ်းခံထားရသော ကုန်ကားပိုင်ရှင်များ၏ ဖုန်းနံပါတ်၊ အိမ်လိပ်စာနှင့် ယာဥ်မောင်းလိုင်စင်ကတ် တို့ကို စစ်ဆေးရေးဂိတ်တွင်ပေးခဲ့ရသည်ဟု သိရသည်။

မိုင်းပွန်ဂိတ်တွင် တစ်ရက်လျှင် လိုင်စင်မဲ့ ကုန်ကား အနည်းဆုံး ၃ စီးခန့် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံတပ်ထဲသို့ ၃ ရက်လျှင်တစ်ကြိမ်ခန့် သိမ်းဆည်းထားသော ကုန်ကားများအား သွားပို့ပေးနေကြောင်း ဒေသခံများထံကသိရသည်။

“လိုင်စင်မပါတဲ့ကားတွေဆို ရပ်ခိုင်းထားပြီး ကုန်သည်ကို အခွန်ဆောင်ခိုင်းပြီး ကုန်ကိုလာယူခိုင်းပြီး ကားကိုတော့သိမ်းပါတယ်။ မိုင်းပွန်မှာ ၃ ရက်လောက်ထားပြီး ဟိုပုံးတပ်ထဲပို့လိုက်ပါတယ်။ ကုန်တွေက ကုန်သည်တွေကို ကာစတန်ရုံးမှာ အခွန်ဆောင်ခိုင်းပြီးရင် ပြန်ပေးပါတယ်။ လိုင်စင်လည်းရှိတယ် အခွန်လည်းဆောင်ထားတယ်ဆိုမှ လွှတ်ပေးပါတယ်” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြည်တွင်းလိုအပ်ချက်အရ နယ်စပ်မှ တင်သွင်းသည့် ကုန်ပစ္စည်းအများစုကို စစ်ကောင်စီက လိုင်စင်ထုတ်ပေးခြင်းမရှိသလို လိုင်စင်မရှိဘဲ တင်သွင်းပါကလည်း တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေသည့်အတွက် ပြည်တွင်း၌ ကုန်ဈေးနှုန်းများတက်ပြီး ကုန်သည်၊ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများလည်း အခက်အခဲတွေ့နေရသည်။

လက်ရှိတွင် ကုန်သည်များနှင့် ကုန်တင်ကားမောင်းနှင်သူများကလည်း လုပ်ငန်းရပ်ထားရသည်မှာ ကြာမြင့်နေပြီဖြစ်၍ စားဝတ်နေရေးအဆင်ပြေစေရန် မတတ်သာသဖြင့် အရဲစွန့်လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ဆိုကြသည်။

နန်းမွန်း

#MeKongNews
#ကုန်ကား
#မိုင်းပွန်ဂိတ်
#စစ်ကောင်စီ
#စစ်တပ်
#အခွန်
ဓာတ်ပုံ – လွိုင်လင်-မိုင်းပွန်လမ်း(ခေါင်းနွဲ့တောင် လမ်း) တနေရာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now