နေ့စဥ်သတင်း

‘ဝ’လူငယ် တစ်ဦး ရန်ကုန်၊ သာကေတတွင် ပေါ်တာဆွဲခံရ

မဲခေါင် 10 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၀ ကွမ်းယာထွက်ဝယ်သည့် ‘ဝ’ လူငယ်တစ်ဦးကို ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း အမည်မသိ လူတစ်စုက အတင်းအဓမ္မ ကားနှင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများကို ကိုးကား၍ ‘ဝ’လူငယ်အသံ – Wa News Land က စက်တင်ဘာလ ၉ရက်တွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ နတ်မောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နေထိုင်နေသည့် အသက် ၂၆ နှစ်အရွယ် ‘ဝ’တိုင်းရင်းသား မောင်ရွှေကပ်ဆိုသူ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်၊ တနင်္ဂနွေနေ့ ညဘက် ၉ နာရီခွဲခန့်တွင် ကွမ်းယာဝယ်ရန် ထွက်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းကို သုခ ( 5star

မဲခေါင်၊ စက်တင်ဘာ ၁၀

ကွမ်းယာထွက်ဝယ်သည့် ‘ဝ’ လူငယ်တစ်ဦးကို ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း အမည်မသိ လူတစ်စုက အတင်းအဓမ္မ ကားနှင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများကို ကိုးကား၍ ‘ဝ’လူငယ်အသံ – Wa News Land က စက်တင်ဘာလ ၉ရက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ နတ်မောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နေထိုင်နေသည့် အသက် ၂၆ နှစ်အရွယ် ‘ဝ’တိုင်းရင်းသား မောင်ရွှေကပ်ဆိုသူ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်၊ တနင်္ဂနွေနေ့ ညဘက် ၉ နာရီခွဲခန့်တွင် ကွမ်းယာဝယ်ရန် ထွက်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းကို သုခ ( 5star ကားမှတ်တိုင်အနီး)တွင် ကားအမဲရောင်နှင့် အမည်မသိ လူ ၅ဦးက အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကာ ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

၎င်းပျောက်ဆုံးမှုအတွက် မိဘဆွေမျိုးများနီးစပ်သူတွေက စိုးရိမ်နေရပြီး ၎င်းကို တွေ့ရှိပါက သာကေတမြို့နယ် နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဖုန်း – 09660059533 သို့ အကြောင်းကြား ဆက်သွယ်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ယင်းကိစ္စမှာ စစ်တပ်က လူမိုက်များကို အသုံးချပြီး လူဖမ်းကာ စစ်မှုထမ်းကို ငွေပေးထည့်နေသည့်မြို့ ရွာများသို့ ရောင်းစားနေခြင်းဖြစ်ကြောင်း တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

“ဟိုပုန်းက တပ်ဂိတ်ဆို လူဖမ်းရောင်းတာက သိန်းဆယ်ချီ၊ ရာချီ တွက်ချေကိုက်နေတော့ ခရီးသွားတွေထဲက လူငယ်လူရွယ်တွေကို ဖမ်းရောင်းနေတာ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ရန်ကုန် UG များဖြင့် ယင်းလူပြန်ပေးများကို နှိပ်ကွပ်နိုင်ရေး ကြိုးပမ်းနေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ရန်ကုန်မှ လူဖမ်းပြန်ပေးသမားများကို နှိမ်နင်းရန်အတွက် UG များ ယခင်ကဲ့သို့ ပြန်လည်လှုပ်ရှားနိုင်မှရမည်ဟု CDM တော်လှန်ရေးသမားတစ်ဦးကလည်း မှတ်ချက်ပြုသည်။

“မြို့ပြတွေမှာ UG တွေ အရင်လိုပြန်လှုပ်ရှားနိုင်မှ ပရမ်းပတာ အခြေအနေကို ဟန်ချက်ပြန်ထိမ်းနှိုင်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် စစ်မှုထမ်း ခေါင်းစဥ်နဲ့ လူဖမ်း ပြန်ပေးဆွဲ ငွေညှစ်နေတဲ့ အုပ်ချုပ်ရေးမှုးတွေ ခေါင်းဆောင်တဲ့ ရပ်/ ကျေးအမည်ခံ ပျူစောထီးတွေ ၊ လူပြန်ပေးဆွဲရောင်းစားနေသူတွေလုပ်ချင်တိုင်းလုပ်တာကို ပြည်သူတွေအပြင်းအထန်ခံနေရလိမ့်မယ်။ ခံလည်းခံနေရပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံတွင် စစ်ကောင်စီတပ်က လူငယ်များကို နေ့ညမရွေး ပေါ်တာဆွဲ ခေါ်ယူနေသည့် ဖြစ်စဥ်များ မကြာမခဏဆိုသလို ဖြစ်ပွားနေပြီး ငွေသိန်းဆယ်ချီပေးကာ ပြန်ရွေးယူနေရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ် ၁ကို ၂၀၂၄ခုနှစ်၊ ဧပြီလ၈ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်က အပတ်စဥ်၁၆ကို ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အပတ်စဥ် ၁၇အတွက် အပြင်းအထန် လူဖမ်းပြီး ရောင်းစားနေကြခြင်း ဖြစ်သည်။

Photo – Wa News Land
#MeKongNews
#ဝလူငယ်
#စစ်တပ်
#ပြန်ပေးဆွဲ
#လူမိုက်ဂိုဏ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now