နေ့စဥ်သတင်း

PNO ​ဖမ်းဆီးသွားသူတစ်ဦး နောက်တစ်ရက်တွင် အလောင်းသာပြန်တွေ့

မဲခေါင် 8 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၈ မသင်္ကာမှုဖြင့် PNO ပြည်သူ့စစ်၏ ဖမ်းဆီးခြင်းခံရသူ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှ မန်ကျည်းဆိပ်ရွာသားတစ်ဦး နောက်တစ်ရက်တွင် အလောင်းသာပြန်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်၊ ည ၁၁ နာရီခန့်၌ တောင်တိုကျေးရွာအုပ်စု မန်ကျည်းဆိပ်ရွာသား ကိုအောင်မျိုး၀င်းဆိုသူသည် ရွာမှဆိုင်ကယ်မောင်းနှင်၍ ထွက်လာစဥ် စစ်ကောင်စီလက်အောက် ခံ PNO/PNA တပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် ဖမ်းဆီး၍ ပိန္နဲကုန်းရွာအနောက်ဖက်တွင် ရိုက်နှက်စစ်ဆေးပြီး အိမ်သို့ဖုန်းဆက်ခိုင်းကာ ငွေကျပ် သိန်း ၁၀၀ တောင်းခံခဲ့ကြောင်း၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မိသားစုများက ပိန္နဲကုန်းရွာဖက်သို့ လိုက်သွားခဲ့ရာ ပိန္နဲကုန်းရွာအနောက်ဖက်တွင် PNO/PNA တပ်များ ရိုက်နှက်စစ်ဆေးသဖြင့် သေဆုံးနေသည့်

မဲခေါင်၊ စက်တင်ဘာ ၈

မသင်္ကာမှုဖြင့် PNO ပြည်သူ့စစ်၏ ဖမ်းဆီးခြင်းခံရသူ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှ မန်ကျည်းဆိပ်ရွာသားတစ်ဦး နောက်တစ်ရက်တွင် အလောင်းသာပြန်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်၊ ည ၁၁ နာရီခန့်၌ တောင်တိုကျေးရွာအုပ်စု မန်ကျည်းဆိပ်ရွာသား ကိုအောင်မျိုး၀င်းဆိုသူသည် ရွာမှဆိုင်ကယ်မောင်းနှင်၍ ထွက်လာစဥ် စစ်ကောင်စီလက်အောက် ခံ PNO/PNA တပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် ဖမ်းဆီး၍ ပိန္နဲကုန်းရွာအနောက်ဖက်တွင် ရိုက်နှက်စစ်ဆေးပြီး အိမ်သို့ဖုန်းဆက်ခိုင်းကာ ငွေကျပ် သိန်း ၁၀၀ တောင်းခံခဲ့ကြောင်း၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မိသားစုများက ပိန္နဲကုန်းရွာဖက်သို့ လိုက်သွားခဲ့ရာ ပိန္နဲကုန်းရွာအနောက်ဖက်တွင် PNO/PNA တပ်များ ရိုက်နှက်စစ်ဆေးသဖြင့် သေဆုံးနေသည့် ကိုအောင်မျိုးဝင်း၏ အလောင်းကိုသာ တွေ့ရှိခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။​

“PNO တွေက အလောင်းကိုတောင် သိန်း ၆၀ နဲ့ ရွေးခိုင်းတယ်။ ဆိုင်ကယ်လည်း ပြန်မရဘူး။ တောင်ကြီး PNO ရုံးကို ဖုန်းခေါ်လည်း ပြန်မဖြေဘူး” ဟု ၎င်းက ပြောသည်။

သေဆုံးသူတွင် ကလေး ၃ ဦး ရှိပြီး အသက် ၄၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြည်သူအပေါ်အနိုင်ကျင့်နေသည့်အတွက် စစ်ကောင်စီနှင့် အပေါင်းအပါများကို တော်လှန်နေရခြင်းဖြစ်ကြောင်း အင်းလေး PDF – အမှတ် ၁၀၀၉ တပ်ရင်းမှ တပ်ရေး အင်းသွေးနီက မှတ်ချက်ပြုသည်။

“ခုလို လုပ်ချင်သလိုလုပ်၊ သတ်ချင်သလိုသတ်နေတဲ့ စစ်အုပ်ချုပ်ရေးကို လက်မခံဘူး။ ဒါကြောင့် ကျနော်တို့အင်းဒေသတွင်း နေထိုင်တဲ့ ပြည်သူတွေကိုယ်စား တော်လှန်နေတာပါ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

PNO/PNA တပ်ဖွဲ့များသည် ပအိုဝ်းလူမျိုးအချင်းချင်းကိုပင် မညှာမတာ သတ်ဖြတ်ပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများကို မတရားလုယက်ယူငင်နေသဖြင့် ဒေသခံများ ထိတ်လန့်စွာနေထိုင်နေရကြောင်း သိရသည်။

မဟာ
#MeKongNews
#အင်းလေးဒေသ
#PNO
#ပြည်သူ့စစ်
#အနိုင်ကျင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now