နေ့စဥ်သတင်း

ကျွဲတပ်ဆုံဂိတ်မှ ဖမ်းဆီးစစ်ဆေးခံနေရသူများ အပြစ်မရှိမှတ်ချက်ဖြင့် အားလုံးပြန်လွတ်လာ

မဲခေါင် 5 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၅ လာဘ်စားမှုဖြင့် စသုံးလုံး၏ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကျွဲတပ်ဆုံဂိတ်မှ တာဝန်ကျသူများကို ‘အပြစ်မရှိ’ ဆိုသည့်မှတ်ချက်ဖြင့် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ယနေ့ မဲခေါင်သို့ပြောသည်။ မိတ္ထီလာ – တောင်ကြီးလမ်းပိုင်း၊ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် အကောက်ခွန် ညွှန်မှူး၊ လက်ထောက်ညွှန်မှုး၊ ရဲမှူးနှင့် ကျန်အဆင့်အရာရှိများကို ဩဂုတ်လ ၂၄ရက်မှ စတင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၄ရက်တွင် နောက်ဆုံးတစ်ဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်ကော်မရှင်ရုံးက တိုက်ရိုက်ကိုင်တွယ်နေခဲ့တာ၊ မနေ့က မူးယစ်က ဒုရဲမှူးတစ်ဦးကို နောက်ဆုံးလွှတ်ပေးတယ်။ အားလုံး၂၀လောက်ရှိတယ်။ ခွဲပြီးလွှတ်တာ။ အပြစ်မရှိဘူးမှတ်ချက်နဲ့ အားလုံးလွှတ်ပေးလိုက်ပြီ။ အပြစ်မရှိဘူးဆိုပြီး လွှတ်တာ၊ ပိုင်ရာဆိုင်ရာတွေနဲ့ ညှိပြီး

မဲခေါင်၊ စက်တင်ဘာ ၅

လာဘ်စားမှုဖြင့် စသုံးလုံး၏ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကျွဲတပ်ဆုံဂိတ်မှ တာဝန်ကျသူများကို ‘အပြစ်မရှိ’ ဆိုသည့်မှတ်ချက်ဖြင့် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ယနေ့ မဲခေါင်သို့ပြောသည်။

မိတ္ထီလာ – တောင်ကြီးလမ်းပိုင်း၊ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် အကောက်ခွန် ညွှန်မှူး၊ လက်ထောက်ညွှန်မှုး၊ ရဲမှူးနှင့် ကျန်အဆင့်အရာရှိများကို ဩဂုတ်လ ၂၄ရက်မှ စတင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၄ရက်တွင် နောက်ဆုံးတစ်ဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“စစ်ကော်မရှင်ရုံးက တိုက်ရိုက်ကိုင်တွယ်နေခဲ့တာ၊ မနေ့က မူးယစ်က ဒုရဲမှူးတစ်ဦးကို နောက်ဆုံးလွှတ်ပေးတယ်။ အားလုံး၂၀လောက်ရှိတယ်။ ခွဲပြီးလွှတ်တာ။ အပြစ်မရှိဘူးမှတ်ချက်နဲ့ အားလုံးလွှတ်ပေးလိုက်ပြီ။ အပြစ်မရှိဘူးဆိုပြီး လွှတ်တာ၊ ပိုင်ရာဆိုင်ရာတွေနဲ့ ညှိပြီး လွှတ်တာလို့ ထင်တယ်။ ဂိတ်မှာ ထိုင်တဲ့သူတွေကလည်း အကောင်တွေပဲ ထိုင်တာဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးစစ်ဆေးပြီး ၁၂ရက်အကြာတွင် နေပြည်တော် စသုံးလုံးရုံးမှ အားလုံးကို ပြန်လည်လွှတ်ပေး​ခဲ့ခြင်းဖြစ်ပြီး လွတ်မြောက်လာသူများထဲတွင် အကောက်ခွန် ညွှန်မှူးအောင်ခိုင်လည်း ပါဝင်ကြောင်း၊ လွှတ်မြောက်လာသည့် စစ်ကောင်စီဝန်ထမ်းများကို မူလတာဝန်အတိုင်း ဆက်လက်ထမ်းဆောင်ခိုင်းမည်လား၊ အခြားနေရာများသို့ ပြောင်းရွှေ့ပေးမည်လား ဆိုသည်ကိုမူ လောလောဆယ် မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

၎င်းတို့ကို ဖမ်းဆီးသည့် သြဂုတ်လ၂၄ရက် တစ်ရက်ထဲမှာပင် လာဘ်ယူထားသည့် ငွေသား ကျပ်သိန်း ၅၀၀ သိမ်းဆည်းရမိပြီး အချင်းချင်း အမှုလျော့ပေးဖို့ ညှိနှိုင်းနေသည်များသတင်းထွက်လာပြီးနောက် ယခုလို အပြစ်မရှိမှတ်ချက်ဖြင့် ပြန်လည် လွတ် မြောက်လာကြခြင်းဖြစ်သည်။

လတ်တလော ယင်းကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်းကျပ်နေပြီး ပြည်ပကုန်ဖြစ်ပါက အမေးမြန်းမရှိ အသိမ်းခံနေရကြောင်း တောင်ကြီးကားလိုင်းများထံက သိရသည်။

ယင်းစစ်ဆေးရေးဂိတ်၏ တင်းကြပ်သည့် စစ်ဆေးဖမ်းဆီးမှုများကြောင့် တောင်ကြီး-ရန်ကုန် ကားဂိတ်များလည်း ကုန်ပစ္စည်း ပို့ဆောင်မှုကို ယာယီ ရပ်နားထားကြောင်း ဂိတ်များမှစုံစမ်းသိရသည်။

#MeKongNews
#ကျွဲတပ်ဆုံဂိတ်
#စသုံးလုံး
#အကောက်ခွန်
#လာဘ်စား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now