နေ့စဥ်သတင်း

အသက်မပြည့်သေးသူမောင်းသည့် ဆိုင်ကယ်ဖြင့် အတိုက်ခံရကာ သေဆုံးသော်လည်း သေဆုံးသူ ကျောင်းဆရာမ တရားခံဖြစ်ရ

မဲခေါင် 5 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၅ ကျိုင်းတုံမြို့တွင် အသက် ၁၅နှစ်အရွယ် လူငယ် ၂ဦး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ဆိုင်ကယ်ချင်းတိုက်မိကာ သေဆုံးသွားသူ ကျောင်းဆရာမတစ်ဦးကို ကျိုင်းတုံမြို့နယ် တရားရုံးက တရားခံအဖြစ်အမိန့်ချမှတ်ခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၅ရက်နေ့၊ ည၈နာရီ ၁၅မိနစ်တွင် ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်း၊ သီးသန့် ဟိုတယ်ရှေ့တွင် ဆိုင်ကယ် ၂စီး တိုက်မိခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၊ ဝမ်ဟွေရပ်နေ မောင်လင်းခန့်နိုင်၊ အသက်၁၄နှစ် မောင်းနှင်၍ အမှတ်(၁)ရပ်ကွက်၊ စွန်မွန်းရပ်နေ အသက် ၁၅ အရွယ် မောင်မင်းခန့် အနောက်မှ လိုက်ပါစီးနင်းလာသော PCX ဆိုင်ကယ်နှင့် အထက ယန်းလူးမှ အသက် ၃၆

မဲခေါင်၊ စက်တင်ဘာ ၅

ကျိုင်းတုံမြို့တွင် အသက် ၁၅နှစ်အရွယ် လူငယ် ၂ဦး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ဆိုင်ကယ်ချင်းတိုက်မိကာ သေဆုံးသွားသူ ကျောင်းဆရာမတစ်ဦးကို ကျိုင်းတုံမြို့နယ် တရားရုံးက တရားခံအဖြစ်အမိန့်ချမှတ်ခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ရက်နေ့၊ ည၈နာရီ ၁၅မိနစ်တွင် ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်း၊ သီးသန့် ဟိုတယ်ရှေ့တွင် ဆိုင်ကယ် ၂စီး တိုက်မိခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၊ ဝမ်ဟွေရပ်နေ မောင်လင်းခန့်နိုင်၊ အသက်၁၄နှစ် မောင်းနှင်၍ အမှတ်(၁)ရပ်ကွက်၊ စွန်မွန်းရပ်နေ အသက် ၁၅ အရွယ် မောင်မင်းခန့် အနောက်မှ လိုက်ပါစီးနင်းလာသော PCX ဆိုင်ကယ်နှင့် အထက ယန်းလူးမှ အသက် ၃၆ နှစ်အရွယ် အထက်တန်းပြဆရာမဒေါ်လင်းလင်းမို့ စီးနင်းလာသည့် Honda Wave 125 ဆိုင်ကယ်တို့ တိုက်မိခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်လင်းလင်းမို့နှင့် မောင်လင်းခန့်နိုင်တို့မှာ ဒဏ်ရာအပြင်းအထန်ရကာ ဒေါ်လင်းလင်းမို့မှာ ယင်းည ၁၁နာရီကျော်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရားရုံးမှ အမိန့်ချရာတွင် သေဆုံးသွားသည့် ဆရာမလင်းလင်းမို့ကို တရားခံအဖြစ် အမိန့်ချမှတ်ခဲ့ပြီး လူငယ် ၂ဦးကိုမူ မိဘအုပ်ထိန်းမှုအောက်တွင် ၃ နှစ်နေထိုင်ရန် အမိန့်ချခဲ့ကြောင်း၊ ဖြစ်စဉ်ကို သိရှိသူများ၊ မျက်မြင်များ ပြောကြားချက်အရ အသက်မပြည့်သေးသည့် လူငယ် ၂ဦးမှ အရှိန်ဖြင့် ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း၊ သို့သော် တရားရုံးတွင် အသက်မပြည့်သေးသူ ၂ဦးကိုမူ လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုဖြင့်သာ အမှုဖွင့်ပြီး ကွယ်လွန်သူဆရာမကိုမူ ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ကွယ်လွန်သူမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပြစ်ဒဏ်ဘယ်လိုချလဲ အတိအကျတော့ မသိဘူး။ ဆရာမကို မှားတယ်ဆိုပြီး တရားခံအဖြစ် အပြစ်ဒဏ်ချလိုက်တယ်။ အဲဒါကြောင့် တော်တော်များများက မကျေနပ်ကြဘူး” ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် တစ်ဖက်မှ တိုက်မိသည့် လူငယ်များမှာ အဆောင်နေကျောင်းသားဖြစ်ပြီး အရက်သေစာ ထားခြင်းမရှိကြောင်း၊ ဆရာမ၏ဆိုင်ကယ်မှာ လမ်းကြားထဲမှ အရှိန်ဖြင့် ထွက်လာခြင်းဖြစ်သည့်အတွက် တိုက်မိခြင်းဖြစ်ကြောင်း လူငယ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ဆရာမက လမ်းကြားထဲကနေ အရှိန်နဲ့ထွက်လာပီးဝင်တိုက်တာ။ ကလေးကလမ်းမှန်ပေါ်မှာ၊ ဆရာမဝင်တိုက်တော့ ကလေးကလွင့်ပြီး နောက်တစ်လမ်းက လာတဲ့ကားနဲ့တောင် ဝင်တိုက်ခံလိုက်ရတယ်။ နံရိုးပါကျိုးသွားတာ၊ အဆုပ်အပေါက်ဖောက်လိုက်ရတယ်။ ခြေထောက်လည်းကျိုးတယ်။ သေချာတခုကတော့ကလေးတွေလည်း မမူးနေတဲ့အပြင် ဆရာမကို ဝင်တိုက်တာမဟုတ်တာတော့ အသေချာဆုံးပါ” ဟု ၎င်းကပြောသည်။

ဒေသခံမျက်မြင်တွေ့ရှိသူများ ပြောကြားချက်အရ လူငယ်များ၏ဆိုင်ကယ် အရှိန်အရမ်းမြန်ကြောင်း၊ မြို့တွင်းသတ်မှတ်မိုင်နှုန်းကို ကျော်လွန်ကာ ဆိုင်ကယ်ကို စတန့်ထွင် ဘယ်ညာယိမ်းကာ မောင်းလာကြောင်း၊ ဆိုင်ကယ်မှာလည်း လိုင်စင်မရှိကြောင်း သိရသည်။

ယင်းလူငယ် ၂ဦးမှာ ဘော်ဒါဆောင်တစ်ခုမှ ကျောင်းသားများဖြစ်ပြီး သောကြာညတွင် မိဘအုပ်ထိန်းသူများက အပြင်ထွက်ခွင့်အတွက် လက်မှတ်ထိုးကာ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ထိုဖြစ်စဉ်အတွက် အဆေင်တွင် တာဝန်မရှိကြောင်း အဆောင်တာဝန်ရှိသူများက ဆိုသည်။

“မိဘတွေက ကလေးတွေကို အလိုလိုက်၊ ကလေးတွေက မဆင်မခြင်စီး၊ ဆရာမသေတာတောင် တောင်းပန်စကား တစ်ခွန်းမဆို၊ ဘာတဲ့ တရားရုံးက မိဘအုပ်ထိန်းမှုအောက် ၃နှစ်တဲ့လား။ တရားရုံးအမိန့် ဆိုတာနဲ့ ပြီးသွားရောလား။ လူငယ်တွေကိုယ်တိုင်က သူတို့ကြောင့် ဆရာမတစ်ယောက် သေရတာကို နောင်တရမလား။ ပြုပြင်ကြမလား။ ဒီခေတ် တရားရုံးတွေကို မေးစရာအများကြီးပါ” ဟု ယန်းလူးရပ်ကွက်နေသူ တစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းအမှုကို ကိုင်တွယ်သူမှာ ရဲအုပ်ရှိုင်းမော်ဆိုသူဖြစ်ပြီး အမှုတွင် သေဆုံးသူ၏ အသက်လွဲမှားမှု၊ သေဆုံးချိန် အမှန်မဟုတ်မှု၊ လမ်းမမှားဘဲ လမ်းမှန်စီးပြီး အတိုက်ခံရသူမှ တရားခံအဖြစ် တရားရုံးမှ အမိန့်ချမှတ်ခံရမှု စသည်များမှာ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း တာဝန်ရှိသူများနှင့် ဆောင်ရွက်မှုများ၊ လုပ်ထုံး/လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ် သိလိုသည်ဟု ဒေသခံများက မေးခွန်းထုတ်နေကြသည်။

[Updated – 13.30 pm, Sept 5] *တစ်ဖက်မှ ပြောဆိုရှင်းလင်းချက်များကို ပြန်လည်ဖြည့်စွက်ထားသည်။ CCTV မှတ်တမ်းရရှိနိုင်ရန်လည်း သတင်းဌာနမှ ကြိုးပမ်းနေပြီး ရရှိပါက ပရိသတ်များအားဖော်ပြသွားပါမည်။

#MeKongNews
#ကျိုင်းတုံမြို့
#ယာဉ်တိုက်မှု
#ကျောင်းဆရာမ
#တရားရုံး
#ဉပဒေစိုးမိုးရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now