နေ့စဥ်သတင်း

တရားမဝင်ကုန်စည်ဖြင့် ကြီးပွားလာသည့် ရပ်စောက်တပ်နယ်မှူးအား ရပခတိုင်းမှူးအဖြစ် စစ်ကောင်စီခန့်အပ်မှုအပေါ် မကျေနပ်ကြ

မဲခေါင် 30 Aug - 2025
မဲခေါင်၊ သြဂုတ် ၃၀ တရားမဝင်ကုန်စည်ကြောင့် ကရင်ပြည်နယ် ရတခဒုတိုင်းမှူးအားဖမ်းဆီးခဲ့သော်လည်း တရားမဝင်ကုန်စည်ကြောင့်ပင် ကြီးပွားလာခဲ့သော ယခင်ရပ်စောက်တပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးအား ရပခတိုင်းမှူးအဖြစ်ခန့်အပ်ခဲ့သဖြင့် စစ်ကောင်စီ၏ လုပ်ရပ်ကို စစ်တပ်အသိုင်းအဝန်းအတွင်း ကျေနပ်မှုမရှိကြောင်း သိရသည်။ ယခုအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးမှာ ရပ်စောက်မြို့၊ ဗထူးဗိုလ်သင်တန်း ကျောင်း ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ဇူလိုင်လ အထိ ၎င်း၏ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှ တစ်ဆင့် တရားမဝင်ကုန်စည်ကားကြီး တစ်စီးလျင် ကျပ် ၂သိန်းခွဲ၊ သစ်မှောင်ခိုကားတစ်စီးလျင် ကျပ် ၆သိန်း၊ တရားမဝင် သစ်စက်တစ်စက်လျင် လစဥ်ကြေး ကျပ်၆၀သိန်းနှင့် အခြားကားများအားလည်း အနေအထားအမျိုးမျိုးအလိုက် တပ်နယ်မှူးကြေး၊ တပ်နယ်ကြေး၊ ဂိတ်ကြေး စသည်ဖြင့် နေ့စဥ် ရာချီဖြတ်သန်းလျက်ရှိသော ကုန်တင်ကားကြီး၊

မဲခေါင်၊ သြဂုတ် ၃၀

တရားမဝင်ကုန်စည်ကြောင့် ကရင်ပြည်နယ် ရတခဒုတိုင်းမှူးအားဖမ်းဆီးခဲ့သော်လည်း တရားမဝင်ကုန်စည်ကြောင့်ပင် ကြီးပွားလာခဲ့သော ယခင်ရပ်စောက်တပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးအား ရပခတိုင်းမှူးအဖြစ်ခန့်အပ်ခဲ့သဖြင့် စစ်ကောင်စီ၏ လုပ်ရပ်ကို စစ်တပ်အသိုင်းအဝန်းအတွင်း ကျေနပ်မှုမရှိကြောင်း သိရသည်။

ယခုအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးမှာ ရပ်စောက်မြို့၊ ဗထူးဗိုလ်သင်တန်း ကျောင်း ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ဇူလိုင်လ အထိ ၎င်း၏ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီးရဲသူအောင်မှ တစ်ဆင့် တရားမဝင်ကုန်စည်ကားကြီး တစ်စီးလျင် ကျပ် ၂သိန်းခွဲ၊ သစ်မှောင်ခိုကားတစ်စီးလျင် ကျပ် ၆သိန်း၊ တရားမဝင် သစ်စက်တစ်စက်လျင် လစဥ်ကြေး ကျပ်၆၀သိန်းနှင့် အခြားကားများအားလည်း အနေအထားအမျိုးမျိုးအလိုက် တပ်နယ်မှူးကြေး၊ တပ်နယ်ကြေး၊ ဂိတ်ကြေး စသည်ဖြင့် နေ့စဥ် ရာချီဖြတ်သန်းလျက်ရှိသော ကုန်တင်ကားကြီး၊ ကားငယ် အမျိုးမျိုးထံမှ ကောက်ခံခဲ့ရာမှ ယခုအခါ ရပခ တိုင်းမှူးဖြစ်လာသည်ဟု စစ်ဘက်မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“စစ်ကောင်စီအနေနဲ့ မိမိစစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်အဆင့်များကိုလည်း ကျောသားရင်သားမခွဲခြားဘဲ ဆုပေးဒဏ်ပေးဆောင်ရွက်ရမည်ဖြစ်ရမှာပါ။ ကရင်ပြည်နယ်က ရတခ ဒု တိုင်းမှူး ကျတော့ အဲဲဒီကိစ္စတွေနဲ့ ဖမ်းဆီးခဲ့ပြီး အလားတူ ကိစ္စများနဲ့ပဲ ကြီးပွားနေတဲ့ ရပ်စောက်တပ်နယ်မှူးကို ရပခ တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေခဲ့တာဟာ ဘာလို့လဲလို့ အကုန်လုံးက မေးနေကြတယ်။ သူမှ မိသားစု ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တတက မှာလည်း မိသားစုတွေနဲ့ ပါ”ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ယခုအချိန်ထိလည်း ရပ်စောက်ရှိ မင်းသုံးပါးဂိတ်တွင် တရားမဝင်ကုန်များ၊ သစ်တင်ကားများကိုအခကြေးငွေယူကာ လွှတ်ပေးမြဲဖြစ်ပြီး ရပခ တိုင်းမှူးမှလည်း တပည့်များ၏ ဝေစုခွဲဝေပေးမှုဂါရဝအား လက်ခံပေးလျက်ရှိကြောင်း နှင့်အောက်ခြေတပ်နယ်မှူးလုပ်ခဲ့သည့် ဗထူးမင်းသုံးပါးဂိတ်အား မျက်ကွယ်ပြုပေးလျက်ရှိသည်ဟု သတင်းရင်းမြစ်များကပြောသည်။

ထိုင်းနယ်စပ်မှ ဝင်လာသော ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် ရတခ ဒုတိုင်းမှူး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူးစိုးညွန့်အောင်နှင့် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို ဒုကာချုပ်စိုးဝင်း၏ ဖမ်းဆီးစစ်ဆေးနေသည့် ဖြစ်စဉ်နှင့် ချိန်ထိုးပြီး ရပခတိုင်းမှူးခန့်အပ်မှုအပေါ် မကျေနပ်ကြခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ဗညားဝင်းမှာ အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးဖြစ်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက နေပြည်တော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ တိုက်ရိုက်လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရှိရသည်။

#MeKongNews
#ရပခ
#တရားမဝင်ကုန်စည်
#ရှမ်းပြည်
#ဗိုလ်ချုပ်နိုင်ဇော်ဦး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now