နေ့စဥ်သတင်း

နောင်ပိန်တွင် စစ်ကောင်စီကို TNLA ပူးပေါင်းတပ်များ ပြင်းထန်စွာ ခုခံနေ

မဲခေါင် 27 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၇ ဝေဟင်၊ မြေပြင်လက်နက်ကြီးများဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို နောင်ပိန်တွင် TNLA တပ်ဖွဲ့ဝင်များက အပြင်းအထန်ခုခံရင်း ဟန့်တားထားနိုင်ကြောင်း စစ်ရေးသတင်းအမြစ်များထံမှ သိရသည်။ သြဂုတ်လ ၁၉ ရက်က ဂုတ်ထိပ်ချောင်းကို ဖောင်ဖြင့် ဖြတ်ကျော်လာသည့် တပ်မ ၁၁ ၏ အင်အား ၇၀၀ ကျော်ပါ စစ်ကြောင်းသည် ချီတက်ရာလမ်းကြောင်းအရ လက်နက်ငယ်နှင့် ကျည်တပိုင်တနိုင်သာ သယ်ဆောင်လာခဲ့ရခြင်းကြောင့် ဗျူဟာမြောက်လက်နက်ကြီးများဖြင့် အဝေးမှသာ ပစ်ကူပေးနိုင်နေသဖြင့် ချီစစ်အဟုန် ပစ်အားဖြင့် မတိုက်နိုင်ဘဲ ရှိနေသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။ “ထောက်ပံ့ရေးလမ်းကြောင်း အခက်အခဲရော၊ လက်နက်ခဲယမ်းပိုင်းရော တင်းပြည့်မပါနိုင်သလို ပစ်အားနဲ့ တက်ရမှာ မတက်နိုင်သလို တွေ့ရတယ်။ နောင်ပိန်က အမှန်

မဲခေါင်၊ သြဂုတ် ၂၇

ဝေဟင်၊ မြေပြင်လက်နက်ကြီးများဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို နောင်ပိန်တွင် TNLA တပ်ဖွဲ့ဝင်များက အပြင်းအထန်ခုခံရင်း ဟန့်တားထားနိုင်ကြောင်း စစ်ရေးသတင်းအမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၉ ရက်က ဂုတ်ထိပ်ချောင်းကို ဖောင်ဖြင့် ဖြတ်ကျော်လာသည့် တပ်မ ၁၁ ၏ အင်အား ၇၀၀ ကျော်ပါ စစ်ကြောင်းသည် ချီတက်ရာလမ်းကြောင်းအရ လက်နက်ငယ်နှင့် ကျည်တပိုင်တနိုင်သာ သယ်ဆောင်လာခဲ့ရခြင်းကြောင့် ဗျူဟာမြောက်လက်နက်ကြီးများဖြင့် အဝေးမှသာ ပစ်ကူပေးနိုင်နေသဖြင့် ချီစစ်အဟုန် ပစ်အားဖြင့် မတိုက်နိုင်ဘဲ ရှိနေသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ထောက်ပံ့ရေးလမ်းကြောင်း အခက်အခဲရော၊ လက်နက်ခဲယမ်းပိုင်းရော တင်းပြည့်မပါနိုင်သလို ပစ်အားနဲ့ တက်ရမှာ မတက်နိုင်သလို တွေ့ရတယ်။ နောင်ပိန်က အမှန် SSPP ခြေကုတ်ရွာ၊ ခုသူတို့ မရှိမှ TNLA ဝင်ယူတာဆိုတော့ ခံစစ်ဆောက်ဖို့ အချိန်မရပေမယ့် ဟန့်စစ်နဲ့ ထိန်းထားနိုင်နေတယ်။ နောင်ပိန်က ရှေ့ဆက်တက်ရင်တော့ ထုနဲ့ ခံစစ်တိုးနိုင်တယ်။ မမျှော်လင့်ပဲ တိုက်စစ်နဲ့လည်း တွေ့နိုင်တယ်။ စစ်ရေးက တသမတ်တည်းမပြောနိုင်ဘူးလေ။ နိုင်ငံရေးအရနဲ့ မဟာမိတ်အကူရလာရင် အခြေအနေတစ်မျိုး ဖြစ်လာနိုင်တယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

အခြားစစ်ရေး သတင်းအရင်းအမြစ်တစ်ခုကမူ ရှမ်းမြောက်စစ်ရေး ထူးခြားချက်အနေဖြင့် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ ၂၀ မိနစ်၌ စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး မူဆယ်သို့ လက်နက်ပစ္စည်းများ ထပ်မံပို့ဆောင် လာချသွားခဲ့သလို ၂၅ ရက်နေ့ ညနေ ၂ နာရီ ၄၄ မိနစ်တွင်လည်း ရဟတ်ယာဉ်စ်စီး မူဆယ်တွင် ကင်းထောက်ပစ္စည်းများ လာချသွားသည် ဟု ပြောသည်။

နောင်ပိန်ကြီးရွာမှာ လူဦးရေ ၄၀၀၀ ခန့် အိမ်ခြေ ၂၀၀ ကျော်ရှိရာ တိုက်ပွဲအတွင်း သြဂုတ်လ ၂၅ ရက်နေ့၌ နောင်ပိန်ကမ်းလင့်လက်များ အသင်းခေါင်းဆောင် ဦးနေအောင်၏ အထည်ဆိုင်နှင့် အိမ်အပါအဝင် ၁၀ လုံးကျော် မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာနှင့် စစ်မရှောင်နိုင်သဖြင့် ကျန်ရှိနေသူသက်ကြီးရွယ်အိုများ နှင့် ကလေးငယ်များအနည်းစု ရှိနေသေးကြောင်းဒေသခံများထံက သိရသည်။

ရပ်ကွက် ၂ မှ အိမ်၊ တန်းလျား၊ အထည်ဆိုင်၊ ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ် ၉ ရပ်ကွက်ကမူ သြဂုတ် ၂၆ ရက်တွင် နေထိုင်သည့် လူဦးရေ ၇၀ ရာခိုင်နှုန်းမျှ စစ်ရှောင်သွားနေကြပြီ ဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

မဟာ
#MeKongNews
#နောင်ပိန်
#ကျောက်မဲ
#စစ်ကောင်စီ
#TNLA #SSPP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now