နေ့စဥ်သတင်း

မြန်မာဒုက္ခသည်စခန်းတွင် နေထိုင်သူများအတွက် အလုပ်လုပ်ခွင့်ပါမစ်ထုတ်ပေးရန် ထိုင်းအစိုးရ အတည်ပြု

မဲခေါင် 27 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၇ ဩဂုတ် ၂၆ ရက်က ထိုင်းအစိုးရအဖွဲ့အစည်းအဝေးကျင်းပပြီးနောက် မြန်မာ ဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပါမစ်ပေးပြီး ဒုက္ခသည်စခန်းမှ ထွက်ခွာသွားလာခွင့်ပေးကာ အလုပ်လုပ်ခွင့်ပြုကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ နယ်စပ်အငြင်းပွားနယ်မြေကြောင့် ကမ္ဘောဒီးယားနှင့် ၅ ရက်တာ နယ်စစ်စစ်ပွဲဖြစ်ပွားအပြီး ကမ္ဘောဒီးယားလုပ်သားများစွာ ထိုင်းမှပြည်တော်ပြန်သွားသဖြင့် ပြည်ပလုပ်သားများကို အဓိက အားထားနေသည့် ထိုင်းစီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် အခက်တွေ့နေခဲ့ရသည်။ ထို့ကြောင့် နည်းလမ်းပေါင်းစုံဖြင့် အားချင်းဖြေရှင်းနိုင်ရန် ထိုင်းအစိုးရအဖွဲ့က အစည်းအဝေးကျင်းပခဲ့ရာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအမျိုးမျိုးကြောင့် ထိုင်း ဒုက္ခသည်စခန်းများတွင် လာရောက်နေထိုင်နေသူများကို အလုပ်လုပ်ခွင့်ပါမစ်ထုတ်ပေးပြီး လိုအပ်သည့် အလုပ်နေရာများ၌ လုပ်ပိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားဝန်ကြီး ဖွန်ခွင်က မယ်ဟောင်ဆန်၊ တာ့ခ်၊ ကန်ချနာဘူရီနှင့် ရတ်ချာဘူရီခရိုင် ၄

မဲခေါင်၊ ဩဂုတ် ၂၇

ဩဂုတ် ၂၆ ရက်က ထိုင်းအစိုးရအဖွဲ့အစည်းအဝေးကျင်းပပြီးနောက် မြန်မာ ဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပါမစ်ပေးပြီး ဒုက္ခသည်စခန်းမှ ထွက်ခွာသွားလာခွင့်ပေးကာ အလုပ်လုပ်ခွင့်ပြုကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

နယ်စပ်အငြင်းပွားနယ်မြေကြောင့် ကမ္ဘောဒီးယားနှင့် ၅ ရက်တာ နယ်စစ်စစ်ပွဲဖြစ်ပွားအပြီး ကမ္ဘောဒီးယားလုပ်သားများစွာ ထိုင်းမှပြည်တော်ပြန်သွားသဖြင့် ပြည်ပလုပ်သားများကို အဓိက အားထားနေသည့် ထိုင်းစီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် အခက်တွေ့နေခဲ့ရသည်။

ထို့ကြောင့် နည်းလမ်းပေါင်းစုံဖြင့် အားချင်းဖြေရှင်းနိုင်ရန် ထိုင်းအစိုးရအဖွဲ့က အစည်းအဝေးကျင်းပခဲ့ရာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအမျိုးမျိုးကြောင့် ထိုင်း ဒုက္ခသည်စခန်းများတွင် လာရောက်နေထိုင်နေသူများကို အလုပ်လုပ်ခွင့်ပါမစ်ထုတ်ပေးပြီး လိုအပ်သည့် အလုပ်နေရာများ၌ လုပ်ပိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားဝန်ကြီး ဖွန်ခွင်က မယ်ဟောင်ဆန်၊ တာ့ခ်၊ ကန်ချနာဘူရီနှင့် ရတ်ချာဘူရီခရိုင် ၄ ခုမှ ဒုက္ခသည်စခန်းပေါင်း ၉ ခုစလုံးမှ မြန်မာဒုက္ခသည်များကို ခရိုင်ထွေအုပ်ရုံးတွင် မှတ်ပုံတင်ပြီးပါက အထူးခွင့်ပြုချက်အဖြစ် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအဖြစ် တစ်နှစ် နေထိုင်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်းပြောသည်။

သို့သော် ဒုက္ခသည်စခန်းမှ ထွက်ခွာခွင့်လျှောက်လွှာခနှင့် အလုပ်လုပ်ခွင့်ပါမစ်များ အတွက်မူ သတ်မှတ်နှုန်းထားများအတိုင်း ပေးသွားရမည်ဖြစ်ကာ နိုင်ငံခြားသားများမလုပ်ရဟု တားမြစ်ထားသော အလုပ်များမှလွဲ၍ ကျန်အလုပ်များကို လုပ်ကိုင်နိုင်ကြောင်း၊ ကျန်းမာရေး အာမခံကို လည်း ကျန်းမာရေးဝန်ကြီးဌာနထံ လျှောက်ထားရမည်ဖြစ်ကာ ပထမဆုံး အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားသူများ ငွေကြေးမတတ်နိုင်မည်စိုးသဖြင့် ၎င်းတို့ကို အလုပ်လုပ်ခွင့်ပါမစ်ခ မပေးစေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်ထားပြီး နေထိုင်သူပေါင်း ၄၂၀၀၀ ရှိရာ စစ်ဆေးခြင်းမရှိသော တရားမဝင်လုပ်သားများ ခေါ်ယူခန့်အပ်နေခြင်းများကိုမူ ပြည်သူများက သတင်းပေးတိုင်ကြားနိုင်သည် ဟုလည်း အလုပ်သမားဝန်ကြီးက ဆိုသည်။

ထိုင်းတည်ဆဲဥပဒေတွင် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ နိုင်ငံအတွင်း အလုပ်လုပ်ကိုင်သည့် ပြည်ပသားအား ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ တပ်ရိုက်ခွင့် ရှိသလို ပြည်တော်ပြန်ပို့ခွင့်ပါ ရှိသည်။

တရားမဝင် ပြည်ပအလုပ်သမားများအား ခေါ်ယူအလုပ်ပေးသည့် လုပ်ငန်းရှင်များကိုလည်း ဥပဒေအရ တစ်ယောက်ခန့်ထားမိလျှင် ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ချမှတ်နိုင်ပြီး ထပ်ကာ ချိုးဖောက်မိလျှင် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ကြေး ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ကြား တပ်ရိုက်နိုင်ကာ ပြည်ပအလုပ်သမား ခေါ်ယူခန့်အပ်ခွင့် ၃ နှစ်ပါ ပိတ်ပင်ကြောင်း သိရသည်။

လက်ရှိ ထိုင်းတွင် နေထိုင်ပြီး တရားဝင်အလုပ်လုပ်ခွင့်လျှောက်ထားသူပေါင်း ၂ သန်းကျော်ရှိကာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် တို့မှ ၁၈၀၂၈၈ ဦးကို ခွင့်ပြုပေးခဲ့ပြီး ကမ္ဘောဒီးယား ၁၉၃၃၃ ဦးနှင့် မြန်မာ ၁၈၂၉၃၇၉ ဦး၏ လျှောက်လွှာများကို ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း သိရသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#အလုပ်သမား
#ဒုက္ခသည်စခန်း
#မြန်မာနိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now