မဲခေါင်၊ သြဂုတ်၂၄
ပန်ဆန်းတွင် ဖမ်းမိသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်း ခေါင်းဆောင် ၁၄ ဦးကို တရုတ်ထံ UWSA က ဩဂုတ်လ ၂၃ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။
UWSA အုပ်ချုပ်သည့် ပန်ဆန်းမြို့တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်း ခေါင်းဆောင် ၁၄ ဦးကို UWSA မှ ဖမ်းဆီးပြီး ယူနန်အစိုးရထံ လွှဲပြောင်းပေးခြင်းဖြစ်ကာ မည့်သည့်နေ့ရက်က ဖမ်းဆီးရမိသည်ကိုမူ မသိရပေ။
“Menglian Port ကတဆင့် လွှဲတာ။ အဲဒီ ၁၄ ယောက်က ”ဝ” ဒေသကို မကြာသေးခင်ကမှ ဝင်ရောက်လာတာ ဖြစ်တယ်။ အဲဒီထဲမှာ ၁၂ ယောက်က တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုက အလိုရှိနေသူတွေ ဖြစ်တာကြောင့် “ဝ”တပ်ဖွဲ့ကို ဖမ်းဆီးပေးဖို့ အကြောင်းကြား ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်” ဟု “ဝ” တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
အလားတူ ဇူလိုင် ၁၂ ရက်ကလည်း ကျားဖြန့် တရုတ်နိုင်ငံသား ၅၀ ဦးကို တရုတ်နယ်စပ်၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ ချန်ယန် ကောင်တီရှိ 永和口岸 Yonghe ဆိပ်ကမ်းမှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း တန့်ယန်းမြို့မှ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ယောက်ကို ယခု 永和口岸 Yonghe နယ်စပ်ဂိတ်မှပင် တရုတ်ပြည်သို့ လွှဲပြောင်းပေးခဲ့သည်။
#MeKongNews
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#UWSA
#ပန်ဆန်း








