နေ့စဥ်သတင်း

မုန်တိုင်းလက်ကျန် မိုးကြီးမည့်အန္တရာယ် အထူးသတိပေး

မဲခေါင် 24 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၄ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လာသည့် တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ KAJIKIသည် အားအလွန်ကောင်းလာပြီး စူပါတိုင်ဖွန်းမုန်တိုင်း အဖြစ်ကိုရောက်ရှိကာ ယနေ့သြဂုတ်လ၂၄ရက် နံနက် ၇ နာရီတွင် ဗဟိုချက်လေတိုက်နှုန်း မိုင် ၈၀ ခန့်ဖြင့် ဟိုင်နန်ကျွန်းကိုချဉ်းကပ်နေပြီဖြစ်ကြောင်း မိုးလေဝသတင်းများက ကြေညာထားသည်။ မနက်ဖြန် သြဂုတ်လ၂၅ ရက် နေ့လယ်၁၂ နာရီ ဗီယက်နမ် ကမ်း​ခြေကို လေပြင်း ၁၂၂ မိုင် နှုန်းနှင့်စတင်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းလက်ကျန်အနေဖြင့် သြဂုတ်လ ၂၆ ရက်၊ နေ့လယ်၁၂ နာရီအချိန်ခန့်တွင် ရှမ်းအရှေ့ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်ဒေသသို့ မိုးနှင့်လေ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း လေပြင်း မိုင်

မဲခေါင်၊ သြဂုတ် ၂၄

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လာသည့် တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ KAJIKIသည် အားအလွန်ကောင်းလာပြီး စူပါတိုင်ဖွန်းမုန်တိုင်း အဖြစ်ကိုရောက်ရှိကာ ယနေ့သြဂုတ်လ၂၄ရက် နံနက် ၇ နာရီတွင် ဗဟိုချက်လေတိုက်နှုန်း မိုင် ၈၀
ခန့်ဖြင့် ဟိုင်နန်ကျွန်းကိုချဉ်းကပ်နေပြီဖြစ်ကြောင်း မိုးလေဝသတင်းများက ကြေညာထားသည်။

မနက်ဖြန် သြဂုတ်လ၂၅ ရက် နေ့လယ်၁၂ နာရီ ဗီယက်နမ် ကမ်း​ခြေကို လေပြင်း ၁၂၂ မိုင် နှုန်းနှင့်စတင်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းလက်ကျန်အနေဖြင့် သြဂုတ်လ ၂၆ ရက်၊ နေ့လယ်၁၂ နာရီအချိန်ခန့်တွင် ရှမ်းအရှေ့ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်ဒေသသို့ မိုးနှင့်လေ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း လေပြင်း မိုင် ၃၀ နှင့် ၄၀ ကြားရှိနိုင်ပြီး လမ်းကြောင်းတွင် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသသတင်းများက ခန့်မှန်းထားသည်။

အထူးသဖြင့် မုန်တိုင်းအကြွင်းအကျန်မိုးကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်၊ မြန်မာနိုင်ငံ တာချီလိတ်၊ မိုင်းတုံ၊ မုန်းထ၊ မိုင်းပန်၊ လင်းခေး၊ ဆီဆိုင်၊ ပင်လောင်း၊ နောင်တရား၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလော၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ မလှိုင်၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ ပခုက္ကူဒေသများ မိုးကြီးရေလျှံသတိပြုရန် သတိပေးထားသည်။

ယခုမုန်တိုင်း၏ ခန့်မှန်းလမ်းကြောင်းသည် နာဂစ်ပြီးနောက်ပိုင်း တောင်အာရှ၏ ဖျက်အားအပြင်းဆုံး မုန်တိုင်းဖြစ်ခဲ့သည့် ယမန်နှစ် စက်တင်ဘာလ ၉ ရက်နေ့ မှာ ဝင်ရောက်ခဲ့သည့် ယာဂီမုန်တိုင်းလမ်းကြောင်းနဲ့ တထပ်တည်းဖြစ်နေသည့်အပြင် ယာဂီမုန်တိုင်းက ကမ်း​ခြကိုဝင်ရောက်ချိန်မှာ လေပြင်း မိုင် ၁၂၀ သာရှိခဲ့သော်လည်း ယခုမုန်တိုင်းကြီးက ယာဂီမုန်တိုင်းထက် ၁၀ မိုင် ခန့်ပိုကာမိုင် ၁၃၀ ခန့်ရှိနေတာကြောင့် ပိုပြီး သတိထားစရာဖြစ်ကြောင်း မိုးလေဝသခန့်မှန်းသူများက ဆိုသည်။

ယမန်နှစ် ယာဂီမုန်တိုင်း ဖြစ်ပြီး မုန်တိုင်းလက်ကျန်မိုးဒဏ်သာ ခံခဲ့ရသည့် မြန်မာနိုင်ငံမှာပင်သေဆုံးသူ ၄၃၅ ဦး၊ ဒဏ်ရာရ ၄၈ ဦး၊ ပျောက်ဆုံး ၇၉ ဦးနှင့်အိုးအိမ် သီးနှံနှင့် အရပ်ရပ်ပျက်စီးဆုံးရှုံးမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၂၂ သန်း ဆုံးရှုံးခဲ့ရ​သည်ဟု သိရသည်။

#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#မိုးကြီးရေလျှံ
#တာချီလိတ်
#ရှမ်းအရှေ့
#ကာဂျီကီ
#တိုင်ဖွန်းမုန်တိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now