နေ့စဥ်သတင်း

နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျနေ

မဲခေါင် 23 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၃ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ယနေ့ ဗုံးထပ်ကြဲသဖြင့် နေအိမ်များ မီး လောင်နေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က မဲခေါင်သတင်းဌာနသို့ ပြောသည်။ ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်နောင်ပိန်ကြီးရွာအတွင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား မီးလောင်နေသည်ဟု ပြောသည်။ “လူကတော့ မရှိသလောက်ပဲ၊ အားလုံးလိုလို သွားကုန်ကြပြီ။ လေယာဥ်ရော လက်နက်ကြီးရော တစ်ရက်မရှိဘူးဆို အလုံး ၃၀ အောက်မလျော့ဘူး။ ဘယ်သူမှ မနေရဲကြတော့ဘူး။ ပရဟိတအဖွဲ့တွေကတော့ အလောင်းကောက်ပေမယ့် လက်နက်ကြီးမပြတ်ထုနေတော့ တချို့မကောက်နိုင်ဘူး။ ဒဏ်ရာရသူတွေတော့ ရသမျှ

မဲခေါင်၊ ဩဂုတ် ၂၃

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ယနေ့ ဗုံးထပ်ကြဲသဖြင့် နေအိမ်များ မီး လောင်နေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က မဲခေါင်သတင်းဌာနသို့ ပြောသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်နောင်ပိန်ကြီးရွာအတွင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား မီးလောင်နေသည်ဟု ပြောသည်။

“လူကတော့ မရှိသလောက်ပဲ၊ အားလုံးလိုလို သွားကုန်ကြပြီ။ လေယာဥ်ရော လက်နက်ကြီးရော တစ်ရက်မရှိဘူးဆို အလုံး ၃၀ အောက်မလျော့ဘူး။ ဘယ်သူမှ မနေရဲကြတော့ဘူး။ ပရဟိတအဖွဲ့တွေကတော့ အလောင်းကောက်ပေမယ့် လက်နက်ကြီးမပြတ်ထုနေတော့ တချို့မကောက်နိုင်ဘူး။ ဒဏ်ရာရသူတွေတော့ ရသမျှ ဆေးရုံပို့နေတယ်” ဟု ဒေသခံပြည်သူတစ်ဦးက မဲခေါင်သို့ပြောသည်။

နောင်ပိန်ကြီးတိုက်နယ်အုပ်စုမှ စစ်ရှောင် တစ်သောင်းကျော်အနက် နမ့်ဟူး၊ ပင်စုံ၊ ဟဲကွီ၊ နမ့်ဟန်ခိတ်၊ နောင်ကွမ်၊ ပုံဝိုး၊ နောင်မိန်း၊ ခေါက်ဝိုး၊ ကွမ်ဟင်၊ ပန်လော့၊ နမ့်ပြင်စသည့် နေရာပေါင်း ၂၁ နေရာသို့ စစ်ရှောင်အိမ်ထောင်စု ၁၁၉၅ စု၊ လူဦးရေ ၅၆၉၅ ဦး ရောက်ရှိလာနေသည်ဟု နမ့်ခုံးရှမ်းများအသင်း ကျောက်မဲ၏ ယနေ့သြဂုတ်လ ၂၃ ရက်စာရင်းအရသိရပြီး ကျန်ရှိနေသူများကို စာရင်းဆက်လက်ကောက်ယူဆဲဖြစ်ကြောင်း သိရသည်။

“ကျောက်မဲမြို့ကနေ မန္တလေးဘက်ခြမ်း (ပြည်ထောင်စုလမ်းမကြီးပေါ်) မသွားလာကြပါနဲ့တော့။ အန္တရာယ်မကင်းနိုင်ပါ။ နောင်ပိန်ထဲ တိုက်ပွဲပြင်းထန်နေပြီး မဲမဲမြင်ရာ အကုန်ပစ်နေပါတယ်။ အမျိုးသမီးတစ်ဦး ဦးခေါင်းထိ၊ ကလေးတစ်ယောက်
လက်ထိ၊ စိုင်းစန်းလွင် ဆိုသူ ဗိုက်ထိသေဆုံးပါတယ်။ ဘယ်ပရဟိတအသင်းအဖွဲ့မှလည်း ဝင်ဖို့မလွယ်ကူသေးပါ။ မကြာခင် နောင်ပိန်ကနေ (ကျောက်မဲ)မြို့ထဲဘက် ဝင်ရောက်တော့မယ့်အခြေနေပါ” ဟု ဒေသခံတစ်ဦးက ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် ပြောကြားလာသည်။

လားရှိူးဆေးရုံကြီးသို့ ရောက်ရှိကုသနေသည့် ပြင်းထန်ဒဏ်ဒဏ်ရသူစာရင်းမှာ အရိုးဆောင်အပေါ်ထပ်၌ ၁၄ ဦး၊ အောက်ထပ်၌ ၈ ဦးရှိနေပြီး အကူအညီများစွာလိုအပ်နေသည်ဟု ပရဟိတလုပ်ဆောင်နေသူများက ပြောသည်။

“လူနာက မပြင်းထန်ပေမယ့် ကုသလူနာတွေနဲ့ ၅၀ လောက်ရှိတယ်။ မိသားစု နဲ့ ၇ဝ ကျော်တယ်။ ရိက္ခာကအစ အဝတ်အထည်အဆုံး အားလုံးလိုပါတယ်။ အထူးသဖြင့် ငွေလိုအပ်ပါတယ်” ဟု FYO ပရဟိတအသင်းတာဝန်ခံက မဲခေါင်သို့ ပြောသည်။

ကျောက်မဲ၊ သီပေါမှတဆင့် မနမ့်လန်ဘက်သို့ စစ်ရှောင်လာသူ အများအပြားလည်း ရှိလာနေသည်ဟု နမ့်လန်ရောက် ကျောက်မဲသားတစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး နောင်ပိန်ရွာနှင့် တစ်မိုင်ကျော်ခန့်သာ ကွာဝေးသည့် ထန်းတပင်ရွာကို နောင်ချို-ဂုတ်ထိပ်ဘက်မှ စစ်တပ်စစ်ကြောင်း ရောက်ရှိလာပြီးနောက်ပိုင်း နောင်ပိန်ရွာကို စစ်တပ်က Y-12၊ ဂျက်ဖိုက်တာ၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။

#MeKongNews
#ရှမ်းပြည်မြောက်ပိုင်း
#ကျောက်မဲမြို့နယ်
#နောင်ပိန်ရွာ
#လေကြောင်းတိုက်ခိုက်မှု
#စစ်ကောင်စီ
#ထိခိုက်ဒါဏ်ရာရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now