နေ့စဥ်သတင်း

ဟိုပန်မြို့ခရိုင်မှူး အသက်မပြည့်သူအပါ အမျိုးသမီးငယ် ၄ ဦးအား မုဒိမ်းကျင့်မှုဖြင့် UWSA ပြစ်ဒဏ်ချ

မဲခေါင် 17 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၇ UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၏ ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်သူ အပါအဝင် အမျိုးသမီး ၄ ဦးအား အဓမ္မကျင့် စော်ကားမှုဖြင့် UWSA မှရာထူးဆိုင်းငံ့လိုက်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်လျော်ကြေးများ ချမှတ်ခဲ့ကြောင်း “ဝ” လူငယ်အသံက သြဂုတ်လ၁၆ရက်တွင် ဖော်ပြလာသည်။ UWSA – တရားစီရင်ရေးဌာနက လူထုရှေ့၌ တရားစီရင်ချက် ချမှတ်သည့် အခမ်းအနားကို သြဂုတ် ၁၆ ရက် မြန်မာစံတော်ချိန် နံနက် ၇ ခွဲ၊ တရုတ်အချိန် ၉ နာရီ၌ ဟိုပန်မြို့ယဥ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေကို တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု့နားထောင်စေခဲ့ကြောင်း သိရသည်။ အမျိုးသမီးငယ် ၄ဦးထဲ၌ အသက်မပြည့်သေးသူတစ်ဦး

မဲခေါင်၊ သြဂုတ် ၁၇

UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၏ ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်သူ အပါအဝင် အမျိုးသမီး ၄ ဦးအား အဓမ္မကျင့် စော်ကားမှုဖြင့် UWSA မှရာထူးဆိုင်းငံ့လိုက်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်လျော်ကြေးများ ချမှတ်ခဲ့ကြောင်း “ဝ” လူငယ်အသံက သြဂုတ်လ၁၆ရက်တွင် ဖော်ပြလာသည်။

UWSA – တရားစီရင်ရေးဌာနက လူထုရှေ့၌ တရားစီရင်ချက် ချမှတ်သည့် အခမ်းအနားကို သြဂုတ် ၁၆ ရက် မြန်မာစံတော်ချိန် နံနက် ၇ ခွဲ၊ တရုတ်အချိန် ၉ နာရီ၌ ဟိုပန်မြို့ယဥ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေကို တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု့နားထောင်စေခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ် ၄ဦးထဲ၌ အသက်မပြည့်သေးသူတစ်ဦး ပါဝင်ကာ ၂ဦးမှာ မုဒိန်းမှု မြောက်ခဲ့ပြီး ကျန် ၂ ဦးမှာမူ မုဒိန်းမှုမဖြစ်မြောက်ပဲ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားသည်ကို ခံခဲ့ရသည်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူ တာ့ညီလင်းကို ရာထူးမှဆိုင်းငံ့လိုက်ပြီး ကျူးလွန်ခံရသူ ၂ဦးကို တစ်ဦးလျင် ယွမ်တစ်သိန်းစီနှင့် လိင်ပိုင်းစော်ကားခံရသူဦးကို တစ်ဦးလျင် ယွမ်ငါးသောင်းစီ ပေးဆောင်စေခဲ့ကြောင်းသိရသည်။

ယင်းသို့ပြစ်မှုကျူးလွန်ရာတွင် ကြံရာပါဖြစ်သည့် ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နှင့် ယဥ်ကျေးမှုအသင်းခေါင်းဆောင်တို့ကိုလည်း လက်ရှိရာထူးမျမှ လျော့ချလိုက်ပြီး ၃ လစီ အနားပေးထားသည်ဟုလည်း သိရသည်။

ယင်းမုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် ခရိုင်မှူး တာ့ညီလင်းကို “ဝ” ပြည်နယ် တရား စီရင်ရေးဌာနက စုံစမ်းစစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် အယူခံတွင်ပါဝင်သည့် အချက်အလက်များကို ဥပဒေရုံးမှ တရားရုံးကို တင်ပြပြီး လူသက်သေ၊ နှုတ်သက်သေ၊ စာသက်သေနှင့် မျက်မြင်သက်သေထွက်ဆိုချက်များကို အတည်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

Source – Wa News Land
#MeKongNews
#ဟိုပန်
#တာ့ညီလင်း
#အဓမ္မမှု
#UWSA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now