နေ့စဥ်သတင်း

မူဆယ်လမ်းကြောင်း ဂျူတီမဲ့ကုန်များ သယ်ခွင့်ပိတ်ပင်၊ ကုန်ကားအချို့ ရပ်နားမည်

မဲခေါင် 10 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၀ မူဆယ်ဘက်မှ မန္တလေးဘက်သို့ တရုတ်ထွက်ကုန်များကို သယ်ဆောင်ရာတွင် ကုန်သွယ်ခွန်-ဂျူတီဆောင်ပြီးကုန်များသာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး ပါဆယ်ခေါ် လူမပါသည့် မည်သည့်ကုန်ပစ္စည်းမျှ သယ်ဆောင်ခွင့်မရတော့ကြောင်း ယာဥ်လိုင်းများနှင့် ဂိတ်များက ပြောသည်။ ကုန်သွယ်ခွန် – ဂျူတီမဆောင်ထားသည့် ကုန်များကို မူဆယ်အထွက် စစ်တပ်ဂိတ် ၃ ဂိတ်က သယ်ယူခွင့် လုံးဝမပြုတော့ကြောင်း၊ အကယ်၍ ဂျူတီမဲ့ကုန်ပါလာပါက ကုန်များ၊ ကားများကို သိမ်းဆည်းသာမက လိုအပ်ပါက လူကိုပါ အရေးယူခံရမည်ဟု ပြောထားကြောင်း မူဆယ်ကုန်တင်ကားယာဉ်မောင်းများက ပြောသည်။ “ပန်းသီးတဖာတောင် မရဘူး။ ငွေပေးရင် ရတယ်ပြောပေမယ့် ပေးရတာနဲ့ မတန်ဘူး။ တောင်းတာများလို့ စျေးဆစ်ရင်ပဲ စျေးမဆစ်နဲ့ စျေးရောင်းနေတာမဟုတ်ဘူး၊ မပေးနိုင်ရင် မလာခဲ့နဲ့၊ လှည့်ပြန်လို့

မဲခေါင်၊ သြဂုတ် ၁၀

မူဆယ်ဘက်မှ မန္တလေးဘက်သို့ တရုတ်ထွက်ကုန်များကို သယ်ဆောင်ရာတွင် ကုန်သွယ်ခွန်-ဂျူတီဆောင်ပြီးကုန်များသာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး ပါဆယ်ခေါ် လူမပါသည့် မည်သည့်ကုန်ပစ္စည်းမျှ သယ်ဆောင်ခွင့်မရတော့ကြောင်း ယာဥ်လိုင်းများနှင့် ဂိတ်များက ပြောသည်။

ကုန်သွယ်ခွန် – ဂျူတီမဆောင်ထားသည့် ကုန်များကို မူဆယ်အထွက် စစ်တပ်ဂိတ် ၃ ဂိတ်က သယ်ယူခွင့် လုံးဝမပြုတော့ကြောင်း၊ အကယ်၍ ဂျူတီမဲ့ကုန်ပါလာပါက ကုန်များ၊ ကားများကို သိမ်းဆည်းသာမက လိုအပ်ပါက လူကိုပါ အရေးယူခံရမည်ဟု ပြောထားကြောင်း မူဆယ်ကုန်တင်ကားယာဉ်မောင်းများက ပြောသည်။

“ပန်းသီးတဖာတောင် မရဘူး။ ငွေပေးရင် ရတယ်ပြောပေမယ့် ပေးရတာနဲ့ မတန်ဘူး။ တောင်းတာများလို့ စျေးဆစ်ရင်ပဲ စျေးမဆစ်နဲ့ စျေးရောင်းနေတာမဟုတ်ဘူး၊ မပေးနိုင်ရင် မလာခဲ့နဲ့၊ လှည့်ပြန်လို့ ပြောတာ။ လမ်းဂိတ်တွေလည်း ဒီအတိုင်းပါပဲ။ မပေးနိုင်ရင် မသွားနဲ့ ရပ်ထားပဲ။ ခေတ်က အင်မတန်ကို ဆိုးရွားနေပါပြီ” ဟု မူဆယ်သွား ကားသမားတစ်ဦးက မဲခေါင်သို့ ပြောသည်။

လမ်းတွင် ပေးရသည့် ဂိတ်ကြေးများပြားလာသည့်အတွက် ကားသမားများအနေဖြင့် ရရှိသည့် တန်ဆာခနှင့် မကိုက်သဖြင့် ကုန်ကားအချို့ ရပ်နားမည်ဖြစ်ကြောင်း ကုန်တင်ယာဉ်ဂိတ်များထံမှ သိရသည်။

မူဆယ်မှအထွက် မည်သည့်ပစ္စည်းမျှမရတော့သည့်အတွက် မူဆယ်မှ မန်းလေး တန်ဆာပစ္စည်း လက်ခံခြင်းအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ယာဉ်ငယ်များအတွက် ပါဆယ်တင်ဆောင်ခွင့် မရှိတော့ခြင်းဖြစ်ကြောင်း ဟိန်းရာဇာ အဆင့်မြင့်အမြန်ယာဥ်ငယ်အသင်းက ဆိုသည်။

သစ်သီးသယ်ဆောင်ရာတွင်ပင် တရုတ်ပြည်မှလာသည့် အသီးများ သယ်ဆောင်ခွင့်မပြုတော့သည့်အတွက် တရုတ်မှလာသည့် ပန်းသီးဖာများကို အပေါ်မှ နာနတ်သီးများဖြင့် အုပ်သွားရကြောင်း၊ နာနတ်သီးမှ အရည်ထွက်သည့်အတွက် ပန်းသီဖာများ ပျက်စီးရကြောင်း တပိုင်တနိုင် ကုန်သည်တစ်ဦးက ဆိုသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီမှ နယ်စပ်မှ ကုန်သွယ်ခွန်မဆောင်ထားသည့် ကုန်များကို တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေသော်လည်း ကုန်သွယ်ခွင့်တရားဝင် လျှောက်ထားရာတွင်လည်း မချထားပေးသည်က များကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်က ရှမ်းပြည်မြောက်ပိုင်းမှ ကုန်စည်သယ်ဆောင်လာသည့် ကုန်တင်ယာဉ် အစီး ၁၀၀ ဝန်းကျင်ခန့်ကို မန္တလေးတိုင်း မြစ်ငယ်ကားကွင်းတွင် အခွန်မဆောင်ထားဟုဆိုကာ တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ဖမ်းဆီးထားသည်။

မဟာ
#MeKongNews
#တရားမဝင်ကုန်စည်
#နယ်စပ်ကုန်သွယ်ရေး
#ဂိတ်ကြေး
#မူဆယ်
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now