နေ့စဥ်သတင်း

ဖယ်ခုံအရှေ့ဘက်ခြမ်းတွင် ၁၀ ရက်ကြာလမ်းလျှောက်၍ စစ်ဘေးရှောင်လာသူ ၂၀၀ ခန့်ကို ကူညီရေးအဖွဲ့များ ကယ်ထုတ်

မဲခေါင် 7 Aug - 2025
မဲခေါင် ၊ သြဂုတ် ၇ ရှမ်း​ပြည်တောင်ပိုင်း – ကရင်နီဒေသ နယ်စပ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက ၁၀ရက်ကျော်ကြာလမ်းလျှောက် တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ဦးခန့် ကို ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ခေါ်ယူကယ်ဆယ်ခဲ့ကြောင်း job for kayah အဖွဲ့ထံမှ သိရသည်။ ယင်းစစ်ရှောင်များမှာမိုး‌ဗြဲ၊ ဖယ်ခုံ အရှေ့ဖက်ကမ်းက ပြည်သူစစ်ရှောင်များဖြစ်ပြီး ၁၀ရက်ကျော် လမ်းလျှောက်ပြီး လမ်းတဝက်မှ စောင့်ကြိုကယ်ထုတ်ရသည်ဟု jfk အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ယနေ့ သြဂုတ် ၇ ရက်တွင် ပြောသည်။ “မနေ့က ကယ်ထုတ်တာ စစ်ဘေးရှောင် ပြည်သူ၂၀၀ဦးခန့်ပါဗျ။ အရှေ့ဖက်ခြမ်းတကြောလုံးက ထွက်လာတဲ့ရွာသားတွေပါဗျ။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲထွက်ပြေးလာကြရတော့ လိုအပ်ချက်တွေက အရမ်းများပါတယ်၊ နေစရာ၊

မဲခေါင် ၊ သြဂုတ် ၇

ရှမ်း​ပြည်တောင်ပိုင်း – ကရင်နီဒေသ နယ်စပ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက ၁၀ရက်ကျော်ကြာလမ်းလျှောက် တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ဦးခန့် ကို ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ခေါ်ယူကယ်ဆယ်ခဲ့ကြောင်း job for kayah အဖွဲ့ထံမှ သိရသည်။

ယင်းစစ်ရှောင်များမှာမိုး‌ဗြဲ၊ ဖယ်ခုံ အရှေ့ဖက်ကမ်းက ပြည်သူစစ်ရှောင်များဖြစ်ပြီး ၁၀ရက်ကျော် လမ်းလျှောက်ပြီး လမ်းတဝက်မှ စောင့်ကြိုကယ်ထုတ်ရသည်ဟု jfk အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ယနေ့ သြဂုတ် ၇ ရက်တွင် ပြောသည်။

“မနေ့က ကယ်ထုတ်တာ စစ်ဘေးရှောင် ပြည်သူ၂၀၀ဦးခန့်ပါဗျ။ အရှေ့ဖက်ခြမ်းတကြောလုံးက ထွက်လာတဲ့ရွာသားတွေပါဗျ။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲထွက်ပြေးလာကြရတော့ လိုအပ်ချက်တွေက အရမ်းများပါတယ်၊ နေစရာ၊ ဝတ်စရာ၊ စားစရာရိက္ခာ၊ အစုံပေါ့။ ဒါက ဒုတိယအကြိမ်ပါ” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များတွင် ဖျားနာသူများရှိနေပြီးအရေးပေါ်စစ်ရှောင်လာရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊အသုံးအဆောင်များ သွားကူရန်ကြိုးစားနေကြောင်း jfk အဖွဲ့ဝင်ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆၊ ၂၇ ရက်များကလည်း ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ လူဦးရေ ၃၀၀ ကျော်ကို စစ်ရှောင်ကူညီရေးအဖွဲ့များက သွားရောက်ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ​စစ်ရှောင်၂၀၀ခန့်ကို Jobs for Kayah၊ Free Burma Ranger (FBR)၊ Karenni Hope၊ Clean Yangon IEC ၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက လမ်းတစ်နေရာမှ ကားနှင့် သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ရှမ်း – ကရင်နီ နယ်စပ်ရှိ လွိုင်ကော် – မိုးဗြဲ လမ်းမကြီးကို စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဒေသခံများ ထောင်နှင့်ချီ ထွက်ပြေးခဲ့ရကြောင်း သိရပြီး ကရင်နီဒေသတွင်
ဇူလိုင်လအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းခွဲ ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။

မဟာ
#MeKongNews
#ကရင်နီ
#စစ်ဘေးရှောင်
#ဖယ်ခုံမြို့နယ်
#မိုးဗြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now