– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
ရှမ်းပြည်နေရာအများစုတွင် လေးရက်အတွင်း မိုးရွာသွန်းမှုလျော့ကျလာနိုင်ပြီး လေထုစိုဆိုင်းမှု အပြည့်အဝရရှိမည် ဖြစ်ကာ မုတ်သုံလေအား အသင့်အတင့်သာ ရှိမည် ဖြစ်သည်။
ကျိုင်းတုံမြို့တွင် အပူချိန် အနည်းငယ်မြင့်တက်နိုင်သော်လည်း ရှမ်းပြည်တခုလုံး၏ နေ့ည အပူချိန်သည် ပုံမှန်အခြေအနေတွင်သာ ရှိနေမည် ဟု ခန့်မှန်းထားသည်။
ယခု တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။
· ရှမ်းပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ဩဂုတ်လ ၅ ရက်နေ့အထိ မိုးအနည်းငယ်သာ ရွာနိုင်ပြီး ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် မိုးအသင့်အတင့်မှ မိုးများများ ရွာသွန်းနိုင်ပါသည်။
· ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့်အနီးတဝိုက်ရှိ ဒေသများတွင် လာမည့် ၄ရက်အတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါသည်။
· ရှမ်းပြည်တောင်ပိုင်းဒေသများတွင် နေသာချိန်များလာပြီး မိုးအနည်းငယ်သာရွာသွန်းနိုင်မည့် အခြေအနေရှိသည်။
· ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်း အများဆုံး တနာရီ ၂၀ မိုင်ခန့်အထိ ရှိနိုင်သည်။
· ရှမ်းပြည်မြောက်ပိုင်းတွင် အရှေ့မြောက်အရပ်၊ တောင်အရပ်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်နှင့်အထက်အထိ ရှိနိုင်သည်။
· ရှမ်းပြည်တခုလုံးတွင် လေထုစိုထိုင်းဆ ၁၀၀% ရှိနေနိုင်ပြီး သာမန်အားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်သည်၊ ကျိုင်းတုံမြို့ ခံစားရသည့် အပူချိန် ၃၄°C အထိ ရှိနိုင်သည်။
ရှမ်းပြည်အတွင်း လေထုစိုထိုင်းဆမြင့်မားမှုကြောင့် ဖြစ်ပေါ် ခံစားရသည့် အပူချိန်မြင့်မားခြင်းနှင့် ပုံမှန်အမြင့်ဆုံးအပူချိန်တို့ သိသာသောကွာခြားမှု မရှိပါ။
ယခုတပါတ်အတွင်း ရှမ်းပြည်၏ လေထုညစ်ညမ်းမှုအခြေအနေ(AQI Value)များလည်း ကောင်းမွန်နေပါသည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်








