နေ့စဥ်သတင်း

တာချီလိတ် ရှင်းယုံကျန့် ဆောက်လုပ်ရေးကုမ္ပဏီ အလုပ်သမားများအပေါ် အနိုင်ကျင့် ခေါင်းပုံဖြတ်နေ

မဲခေါင် 3 Aug - 2025
မဲခေါင်၊ ဩဂုတ် ၃ တာချီလိတ်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရှင်းယုံကျန့်ကုမ္ပဏီမှာ အလုပ်သမားများအပေါ် အနိုင်ကျင့် ခေါင်းပုံဖြတ်မှုများ ပြုလုပ်လျက်ရှိကြောင်း အလုပ်သမားများနှင့် နီးစပ်သူများက ပြောသည်။ ရှင်းယုံကျန့် ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်းများမှ အလုပ်သမားများကို အလုပ်ချိန် နံနက် ၇နာရီခွဲမှ ညနေ ၅နာရီအထိ သတ်မှတ်ခိုင်းစေသည့်အပြင် နောက်ပိုင်းတွင် ညနေ ၅နာရီကျော်သော်လည်း ဆက်လက်ခိုင်းစေကြောင်း၊ လစာထုတ်ရာတွင်လည်း ရက်နောက်ကျပြီးမှထုတ်ပေးကြောင်း အလုပ်သမားများတစ်ဦးက ပြောသည်။ “လစာက နောက်ကျမှ ထုတ်ပေးတဲ့ရက်ကများတယ်။ တစ်လမှာ ရက်ပေါင်ကြေး ၅ရက်ယူတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ၅ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပေးတာများတယ်။ မေလတုန်းကဆို ဆိုဒ်ကရတဲ့ ပိုက်ဆံကို သူဌေးက ကားဝယ်စီးပြီး အလုပ်သမားတွေကိုကျတော့

မဲခေါင်၊ ဩဂုတ် ၃

တာချီလိတ်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရှင်းယုံကျန့်ကုမ္ပဏီမှာ အလုပ်သမားများအပေါ် အနိုင်ကျင့် ခေါင်းပုံဖြတ်မှုများ ပြုလုပ်လျက်ရှိကြောင်း အလုပ်သမားများနှင့် နီးစပ်သူများက ပြောသည်။

ရှင်းယုံကျန့် ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်းများမှ အလုပ်သမားများကို အလုပ်ချိန် နံနက် ၇နာရီခွဲမှ ညနေ ၅နာရီအထိ သတ်မှတ်ခိုင်းစေသည့်အပြင် နောက်ပိုင်းတွင် ညနေ ၅နာရီကျော်သော်လည်း ဆက်လက်ခိုင်းစေကြောင်း၊ လစာထုတ်ရာတွင်လည်း ရက်နောက်ကျပြီးမှထုတ်ပေးကြောင်း အလုပ်သမားများတစ်ဦးက ပြောသည်။

“လစာက နောက်ကျမှ ထုတ်ပေးတဲ့ရက်ကများတယ်။ တစ်လမှာ ရက်ပေါင်ကြေး ၅ရက်ယူတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ၅ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပေးတာများတယ်။ မေလတုန်းကဆို ဆိုဒ်ကရတဲ့ ပိုက်ဆံကို သူဌေးက ကားဝယ်စီးပြီး အလုပ်သမားတွေကိုကျတော့ လုပ်အားခ မရှင်းပေးဘူး” ဟု ၎င်းကပြောသည်။

အလုပ်ချိန်ပိုမိုခိုင်းစေခြင်း၊ လုပ်အားခ နောက်ကျမှ ထုတ်ပေးခြင်းအပြင် လုပ်ငန်းခွင်တွင်လည်း သူဌေးဖြစ်သူက စိတ်ထင်သလို ငေါက်ငမ်းခြင်း၊ လစာမပေးဘဲ အလုပ်ထုတ်ပယ်ခြင်းများလည်း ပြုလုပ်ကြောင်း အလုပ်သမားများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“အလုပ်သမားတွေက တစ်နေကုန်ပင်ပန်းလို့ ညနေနားနေရင် သူဌေးက ညနေမှလာပြီး လစာမပေးဘဲ​အလုပ်ထုတ်တာမျိုး လုပ်ပစ်တယ်။ အလုပ်သမားတွေအနေနဲ့ မတရားဘူးလို့ ခံစားနေကြရတယ်” ဟု ၎င်းကပြောသည်။

ရှင်းယုံကျန့်ကုမ္ပဏီသည် တာချီလိတ်မြို့တွင် လူနေအိမ်နှင့် စက်မှုဇုန်အဆောက်အဦများကို ဆောက်လုပ်နေသည့် ကုမ္ပဏီဖြစ်ပြီး လယ်မြေများကို မြေဖို့ဆောက်လုပ်ခြင်း၊ တောင်ဖြိုပြီး ဆောက်လုပ်ခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကုမ္ပဏီသည် ပုန်းထွန်တွင် တစ်ဆိုဒ်၊ ဆန်ဆိုင်း (က)တွင် တစ်ဆိုဒ်၊ တော်ကော့တွင်းတွင် တစ်ဆိုဒ်၊ ဟယ်ရီပေါ်တာအနီးတွင် တစ်ဆိုဒ်၊ ဆန်ဆိုင်း (ခ) တွင်တစ်ဆိုဒ်၊ နယ်ခေါင်တွင် တစ်ဆိုဒ်၊ တံတား ၂ အနီးပန်းခြံတွင် တစ်ဆိုဒ်၊ ပါဆပ်တွင် တစ်ဆိုဒ် ဆောက်လုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

#MeKongNews
#တာချီလိတ်
#ဆောက်လုပ်ရေး
#ရှင်းယုံကျန့်
#အလုပ်သမားအခွင့်အရေး
ပုံအညွှန်း – ရှင်းယုံကျန့်ကုမ္ပဏီ တောင်ဖြိုပြီးဆောက်လုပ်လျက်ရှိသည့် မြေကွက်များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now