မဲခေါင်၊ သြဂုတ် ၂
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ပင်လောင်းမြို့အနီး တောင်ပေါ်ရွာများဖြစ်သော လွယ်မောင်းရွာ၊ ထီဝါးလီရွာများ၌ ယနေ့ သြဂုတ်လ၂ရက်တွင် မိုးသည်းထန်စွာရွာခဲ့ပြီး မြေပြိုမှုများဖြစ်ခဲ့ပါသောကြောင့် ဒေသခံများ အရေးပေါ်အကူညီများ လိုအပ်နေကြောင်း သိရသည်။
မိုးမှာဆက်လက်ရွာနေပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအား ဘေးလွတ်လုံခြုံရာသို့ ရွေ့ပြောင်းပေးရန် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။
“ပင်လောင်းချောင်းရေတက်ပြီး မြို့ထဲရေဝင်နေတယ်။ ရွာသွားလမ်းတွေလည်း မြေပြိုနေတယ်။ မိုးဒီထက်ရွာရင် မလွယ်တော့ ရွှေ့ကြောင်းကြဖို့ အကူအညီတွေ အရေးပေါ်လိုနေတယ်” ဟု ဒေသလူမှုကူညီသူတစ်ဦးက မဲခေါင်ကို ပြောသည်။
လက်ရှိတွင် လူအထိအခိုက် အသေအပျောက်မရှိသေးသော်လည်း ယခုထက်ပိုမိုဆိုရွားလာမည့် အခြေအနေအတွက် အကူအညီ အထောက်အကူများ လိုအပ်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ခုထိ ဘယ်ကမှတော့ အကူအညီမရသေးဘူး။ ကလေးကျောင်းတွေတော့ ပိတ်ပြီ၊ စာသင်ကျောင်းပေါ်လည်း မြေပြိုကျတယ်။ မိအို ဖအိုကလေးသငယ်တွေ နဲ့ လေဖြတ်၊ မသန်မစွမ်းတွေ အချင်းချင်းသယ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည် တောင်ပိုင်းရှိ မြို့အချို့တွင် ယနေ့ မိုးသည်းထန်းစွာ ရွာသွန်းမှုရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်၂၈ရက်တွင်လည်း ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကျေးရွာများ မိုးရေကြီး မှုကြောင့် လူသေဆုံးမှု၊ နေအိမ်၊ လမ်းတံတား ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့၍လက်ရှိချိန်ထိ ကူညီကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ပင်လောင်း
#မိုးများ
#မြေပြို
#အရေးပေါ်အကူအညီ








