နေ့စဥ်သတင်း

မိုးနည်းပြီး နေသာဖွယ်ရှိမည့် ရှမ်းပြည်ရက်သတ္တပတ်

မဲခေါင် 26 Jul - 2025
ရှမ်းပြည်အတွက် ဇူလိုင်လ ၂၆ ရက် မှ ဩဂုတ်လ ၁ ရက်အထိ မိုးလေဝသအခြေအနေသုံးသပ်ချက် – ဦးဝင်းနိုင် (မိုးလေဝသပညာရှင်) လာမည့် ရက်သတ္တပတ်အတွင်း ရှမ်းပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်/ခရိုင်များတွင် မိုးရွာသွန်းမှုမှာ ရှမ်းပြည်တောင်ပိုင်းထက်ပိုများနိုင်သော်လည်း ရှမ်းပြည်တစ်ပြည်လုံး အနေအထားဖြင့် မိုးအနည်းငယ်နှင့် မိုးအသင့်အတင့်သာ ရွာသွန်းမည်ဖြစ်သည်။ နေရာအချို့တွင် လေပြင်းတိုက်ခတ်နိုင်သည်။ ယခုလာမည့်ရက် သတ္တပါတ် တစ်ပါတ်အတွင်း တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်များတွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း စသည့် ထူးခြားမိုးလေဝသအခြေအနေဖြစ်နိုင်ရန် မရှိပါ။ မိုးလယ်ကာလအတွင်း ရှိနေကျ မုတ်သုံမိုးရွာသွန်းပြီး မိုးအလွန်များခြင်း နှင့် ရေကြီးခြင်းမျိုး မရှိနိုင်သည့် ပုံမှန်ရာသီဥတုအခြေအနေ ဖြစ်နိုင်ပါသည်။ ရှမ်းပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်/ခရိုင်များတွင် မိုးရေချိန်

ရှမ်းပြည်အတွက် ဇူလိုင်လ ၂၆ ရက် မှ ဩဂုတ်လ ၁ ရက်အထိ မိုးလေဝသအခြေအနေသုံးသပ်ချက်

– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)

လာမည့် ရက်သတ္တပတ်အတွင်း ရှမ်းပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်/ခရိုင်များတွင် မိုးရွာသွန်းမှုမှာ ရှမ်းပြည်တောင်ပိုင်းထက်ပိုများနိုင်သော်လည်း ရှမ်းပြည်တစ်ပြည်လုံး အနေအထားဖြင့် မိုးအနည်းငယ်နှင့် မိုးအသင့်အတင့်သာ ရွာသွန်းမည်ဖြစ်သည်။ နေရာအချို့တွင် လေပြင်းတိုက်ခတ်နိုင်သည်။

ယခုလာမည့်ရက် သတ္တပါတ် တစ်ပါတ်အတွင်း တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်များတွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း စသည့် ထူးခြားမိုးလေဝသအခြေအနေဖြစ်နိုင်ရန် မရှိပါ။

မိုးလယ်ကာလအတွင်း ရှိနေကျ မုတ်သုံမိုးရွာသွန်းပြီး မိုးအလွန်များခြင်း နှင့် ရေကြီးခြင်းမျိုး မရှိနိုင်သည့် ပုံမှန်ရာသီဥတုအခြေအနေ ဖြစ်နိုင်ပါသည်။

ရှမ်းပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်/ခရိုင်များတွင် မိုးရေချိန် ပိုများနိုင်ပြီး ရှမ်းပြည် တောင်ပိုင်းတွင် မိုးရေချိန်ရရှိနိုင်မှု အနည်းငယ်လျော့နိုင်ပါသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် ၇ ရက်အတွင်း ရရှိနိုင်သည့် အများဆုံး မိုးရေချိန်မှာ ၉ လက်မခန့်အထိရှိနိုင်ပြီး၊ ရှမ်းပြည်မြောက်ပိုင်းတွင် အများဆုံးမိုးရေချိန် ၈ လက်မခန့်၊ ရှမ်းပြည်တောင်ပိုင်းတွင် ၇ ရက်အတွင်းရရှိနိုင်သည့် အများဆုံး မိုးရေချိန် ၄.၄ လက်မခန့်ရှိနိုင်သည်။

ယခုရက်သတ္တပါတ် တစ်ပါတ်အတွင်း –

· ရှမ်းပြည် အရှေ့ပိုင်း – နေ့စဉ် ၂၄ နာရီအတွင်းမိုးရေချိန် ၁ လက်မ အထက်အထိ ရွာသွန်းရရှိနိုင်ပြီး၊ ဇူလိုင်လ ၂၆/၂၇/၂၈ နှင့် ၂၉ ရက်များတွင် မိုးရွာသွန်းမှု အများဆုံးဖြစ်နိုင်သည်။

ဇူလိုင် ၃၁ ရက် နှင့် ဩဂုတ် ၁ ရက်နေ့များတွင် မိုးရွာသွန်းမှု ယာယီရပ်ပြီး နေသာချိန် ပိုများနိုင်သည်။

· ရှမ်းပြည်မြောက်ပိုင်း – နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ အများဆုံး ရွာသွန်းနိုင်ပြီး၊ ဇူလိုင် ၂၇/၂၈ ၂ ရက်များတွင် မိုးရွာသွန်းမှုအများဆုံးဖြစ်နိုင်သည်။
ဇူလိုင် ၂၉/၃၀/၃၁ နှင့် ဩဂုတ် ၁ ရက်နေ့များတွင် မိုးအားလျော့နည်းသွားနိုင်ပါသည်။

· ရှမ်းပြည် တောင်ပိုင်း – နေ့စဉ် ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန် ၀.၄ လက်မခန့် အများဆုံးရွာသွန်းနိုင်ပြီး၊ ဇူလိုင် ၂၈ ရက်တွင် မိုးရွာသွန်းမှုအများဆုံး မိုးရေချိန် ၁.၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်သည်။

ဇူလိုင် ၂၉ ရက်နောက်ပိုင်း ဩဂုတ်လ ပထမပတ်ကုန်ဆုံးသည်အထိ မိုးအားလျော့နည်းနေနိုင်ပါသည်။

အနောက်/အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၀ မိုင်ဝန်းကျင်ခန့်ရှိနိုင်ပြီး ဇူလိုင် ၃၁ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းဒေသအချို့၏ လေတိုက်နှုန်း တနာရီ ၂၅ မိုင်နှင့်အထက်(တနာရီ မိုင် ၃၀ အောက်) တိုက်ခတ်နိုင်/လေပြင်းနိုင်သည်။

ရှမ်းပြည်နယ်တခွင်လုံးတွင် လေထုအတွင်း ရေငွေ့ပါဝင်မှုနှုန်းမှာ လေထုစိုထိုင်းဆ ၉၀% နှင့် ၁၀၀% ရှိနေနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်သည်။

လေထုစိုထိုင်းဆမြင့်မားသည့်အချိန်တွင် လေတိုက်နှုန်းလည်း လျော့နည်းနေချိန်မှာ ခံစားရသည့်အပူချိန် ၃၆°C ခန့်အထိရှိနိုင်ပါသည်။

ယခုတစ်ပါတ်အတွင်း ရှမ်းပြည်၏ လေထုညစ်ညမ်းမှုအခြေအနေ AQI Value အများဆုံး ၂၀ – ၂၅ ခန့်သာရှိနိုင်ပြီး၊ လေထုညစ်ညမ်းမှုအတွက် စိုးရိမ်ရန်မရှိပါ။

#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ဦးဝင်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now