နေ့စဥ်သတင်း

နယ်စပ်မှဝင်သည့် တရုတ်ကြူကုတ်ကြက်သွန်ဖြူ လက်ကျန်နည်း၍ ဈေး ၂ ဆ မြင့်တက်လာ

မဲခေါင် 23 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၃ နယ်စပ်မှ ကုန်စည်တင်သွင်းမှု တင်းကြပ်လာပြီးနောက်ပိုင်း တရုတ်ကြူကုတ် ကြက်သွန်ဖြူအဝင်နည်းပြီး ဈေးနှုန်းမှာ ၂ ဆနီးပါး ဈေးမြင့်တက်လာကြောင်း ရှမ်းပြည်တောင်ပိုင်း ကုန်သည်စည်ဈေးကွက်အတွင်းမှ သိရသည်။​ ၂၀၂၅ ခုနှစ်၊ ဇွန်လမှ စတင်ကာ ရှမ်းပြည်အရှေ့ပိုင်းမှ ကုန်စည်များကို ရှမ်းတောင်ဘက်သို့ တက်ပို့မှု ကန့်သတ်လာပြီး အစစ်အဆေးများလာသဖြင့် ကုန်စည်စီးဆင်းမှု လျော့ကျလာခဲ့သည်။ အောင်ပန်း ကုန်စိမ်းပွဲရုံ၏ ဈေးနှုန်းဖော်ပြချက်များအရ ဇူလိုင်လ ၁၃ ရက်နေ့အထိ တရုတ်ကြူကုတ် ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ပိသာလျှင် ကျပ် ၉၀၀၀ သာ ရှိနေရာမှ ဇူလိုင်လ ၁၄ ရက်နေ့တွင် တပိသာ ကျပ် ၁၅၀၀၀ အထိ ဈေးမြင့်တက်သွားခဲ့ပြီး ဇူလိုင်လ ၂၂

မဲခေါင်၊ ဇူလိုင် ၂၃

နယ်စပ်မှ ကုန်စည်တင်သွင်းမှု တင်းကြပ်လာပြီးနောက်ပိုင်း တရုတ်ကြူကုတ် ကြက်သွန်ဖြူအဝင်နည်းပြီး ဈေးနှုန်းမှာ ၂ ဆနီးပါး ဈေးမြင့်တက်လာကြောင်း ရှမ်းပြည်တောင်ပိုင်း ကုန်သည်စည်ဈေးကွက်အတွင်းမှ သိရသည်။​

၂၀၂၅ ခုနှစ်၊ ဇွန်လမှ စတင်ကာ ရှမ်းပြည်အရှေ့ပိုင်းမှ ကုန်စည်များကို ရှမ်းတောင်ဘက်သို့ တက်ပို့မှု ကန့်သတ်လာပြီး အစစ်အဆေးများလာသဖြင့် ကုန်စည်စီးဆင်းမှု လျော့ကျလာခဲ့သည်။

အောင်ပန်း ကုန်စိမ်းပွဲရုံ၏ ဈေးနှုန်းဖော်ပြချက်များအရ ဇူလိုင်လ ၁၃ ရက်နေ့အထိ တရုတ်ကြူကုတ် ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ပိသာလျှင် ကျပ် ၉၀၀၀ သာ ရှိနေရာမှ ဇူလိုင်လ ၁၄ ရက်နေ့တွင် တပိသာ ကျပ် ၁၅၀၀၀ အထိ ဈေးမြင့်တက်သွားခဲ့ပြီး ဇူလိုင်လ ၂၂ ရက်နေ့ ‌တွင် တပိသာ ၁၆၀၀၀ ကျပ်သို့ ရောက်ရှိလာသည် ဟု ဖော်ပြထားသည်။

“အဝင်မရှိတော့လို့ပါ။ ရှမ်းမြောက်ကလည်း လာလို့ သွားလို့ မကောင်းဘူးလေ။ လမ်းမှာ ဂိတ်ကြေးတွေနဲ့ တင်သွင်းရတာလည်း မကိုက်တော့ဘူးလေ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်ကြူကုတ်ကြက်သွန်ဖြူများကို ရှမ်းမြောက် တရုတ်နယ်စပ်ဒေသများနှင့် ရှမ်းအရှေ့တရုတ်နယ်စပ် မိုင်းလားဒေသတို့မှ တဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းပွဲရုံများသို့ တင်ပို့ခြင်း ဖြစ်ပြီး ယင်းမှတဆင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်စစ်ဆေးမှု တင်းကြပ်လာပြီး ရှမ်းအရှေ့မှ ကုန်စည်များ ဝင်ရောက်မှု မရှိသလောက်ဖြစ်ကာ တရုတ်ကြူကုတ်ကြက်သွန်ဖြူမှာလည်း တင်သွင်းမှု လျော့ကျလာခြင်းဖြစ်သည်။

ပြည်တွင်းတွင် ထွက်ရှိသည့် ကြက်သွန်ဖြူဈေးနှုန်းများမှာ ထူး ၁ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ထူး ၂ တစ်ပိဿာ ၅၀၀၀ကျပ်၊ ထူး ၃ တစ်ပိဿာ ၆၀၀၀ ကျပ်၊ ထူး ၄ တစ်ပိဿာ ၆၅၀၀ကျပ်၊ ထူး ၅ တစ်ပိဿာ ၇၅၀၀ ကျပ်၊ ထူးလွန် တစ်ပိဿာ ၈၅၀၀ ကျပ် နှင့် ကြက်သွန်ဖြူ တစ်လုံးဥ တပိသာ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြား ဈေးရှိသည်ဟု အောင်ပန်းပွဲရုံတခုက ဖော်ပြထားသည်။

ကြူကုတ်ကြက်သွန်ဖြူမှာ ပြည်တွင်းထွက် ကြက်သွန်ဖြူများထက် အစပ်ပေါ့ခြင်း၊ အရောင်နှင့် အလုံးလှခြင်းတို့ကြောင့် စားသောက်ဆိုင်များ၊ အထူးသဖြင့် တရုတ်စားသောက်ဆိုင်များတွင် အသုံးများကြောင်း သိရသည်။

ဖေသန်း
#MeKongNews
#ကြက်သွန်ဖြူ
#ကြူကုတ်ကြက်သွန်ဖြူ
#တရုတ်နယ်စပ်
#ကုန်သွယ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now