နေ့စဥ်သတင်း

ရှမ်းပြည်အတွက် တစ်ပတ်စာမိုးလေဝသ သုံးသပ်ချက် (ဇူလိုင် ၁၉ မှ ဇူလိုင် ၂၅ အထိ)

မဲခေါင် 21 Jul - 2025
– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်) တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း ဝီဖာ WIPHA သည် တိုင်ဖွန်းမုန်တိုင်း အဆင့်အထိ မရောက်ရှိနိုင်ပဲ ဗီယက်နမ်နှင့် လာအိုနိုင်ငံများမှ တဆင့် ရွေ့လျားဝင်ရောက်လာနိုင်သည့် မုန်တိုင်း အကြွင်းအကျန်များကြောင့် ရှမ်းပြည်အတွင်း မိုးရွာသွန်းနိုင်ချေမှာ မူလကြိုတင် ခန့်မှန်းချက်များထက် လျော့နည်းနိုင်ပါသည်။ ထို့အပြင် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဘင်္ဂလားပင်လယ်အော်မှ လေပွေလှိုင်းများကြောင့်လည်း အရှေ့ဘက်မှ ရွေ့လျားဝင်ရောက်လာမည့် မုန်တိုင်းအကြွင်းအကျန်များကို လျော့နည်းစေနိုင်မည် ဖြစ်သည်။ ယခုတပတ်အတွင်း ရှမ်းပြည်အတွင်း မိုးရွာနိုင်မည့် အခြေအနေများကို လေ့လာကြည့်ရာတွင် • ရှမ်းပြည်တောင်ပိုင်းတွင် နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာ(၁.၂ လက်မခန့်)

– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း ဝီဖာ WIPHA သည် တိုင်ဖွန်းမုန်တိုင်း အဆင့်အထိ မရောက်ရှိနိုင်ပဲ ဗီယက်နမ်နှင့် လာအိုနိုင်ငံများမှ တဆင့် ရွေ့လျားဝင်ရောက်လာနိုင်သည့် မုန်တိုင်း အကြွင်းအကျန်များကြောင့် ရှမ်းပြည်အတွင်း မိုးရွာသွန်းနိုင်ချေမှာ မူလကြိုတင် ခန့်မှန်းချက်များထက် လျော့နည်းနိုင်ပါသည်။

ထို့အပြင် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဘင်္ဂလားပင်လယ်အော်မှ လေပွေလှိုင်းများကြောင့်လည်း အရှေ့ဘက်မှ ရွေ့လျားဝင်ရောက်လာမည့် မုန်တိုင်းအကြွင်းအကျန်များကို လျော့နည်းစေနိုင်မည် ဖြစ်သည်။

ယခုတပတ်အတွင်း ရှမ်းပြည်အတွင်း မိုးရွာနိုင်မည့် အခြေအနေများကို လေ့လာကြည့်ရာတွင်

• ရှမ်းပြည်တောင်ပိုင်းတွင် နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာ(၁.၂ လက်မခန့်) ရွာနိုင်ပြီး မိုးအသင့်အတင့်သာ ရွာနိုင်ဖွယ် ရှိသည်။

• ရှမ်းပြည်မြောက်ပိုင်းတွင် နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာဝန်းကျင်(၀.၈ လက်မ – ၁ လက်မအောက်)ရွာနိုင်ပြီး မိုးအသင့်အတင့် ရွာနိုင်ခြေ ရှိသည်။

• ရှမ်းပြည်အရှေ့ပိုင်းတွင်မူ နေ့စဉ် မိုးရေချိန် ၃၀ မီလီမီတာ နှင့် ဇူလိုင်လ ၂၃ ရက်တွင်မူ မိုးရေချိန် ၄၀ မီလီမီတာအထက်(၁.၅ လက်မ) ရွာသွန်းနိုင်ပြီး မိုးအသင့်အတင့်ရွာနှုန်း အနည်းငယ်ပိုနိုင်သည်။

• လာမည့် ၇ ရက်အတွင်း ရရှိနိုင်မည့် မိုးရေချိန်ပမာဏမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ရှိ တရုတ်၊ လာအို နှင့် ထိုင်းနိုင်ငံနယ်နိမိတ်များအနီးရှိ ဒေသများတွင် မိုးရချိန် ၆ လက်မ မှ ၈လက်မ အထက်အထိ ရရှိနိုင်သည်။

အရှေ့ဘက်နယ်စပ်နှင့် ကွာဝေးသည့် ရှမ်းပြည်ဒေသအများစုတွင်မူ လာမည့် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ မှ ၃ လက်မ အထိသာ ရှိနိုင်သည်။

ရှမ်းပြည်အရှေ့ပိုင်းသည် ယခုတပါတ်အတွင်း အနောက်တောင်ဘက်မှ လေတိုက်နှုန်း အမြင့်ဆုံး အဖြစ် တနာရီ ၁၅ မိုင်မှ ၂၅ မိုင် ရှိနိုင်သည့်အတွက် သတိပြုမိရန် လိုသည်။

ရှမ်ပြည်၏ အမြင့်ဆုံး ပျမ်းမျှ နေ့အပူချိန် အနေနှင့် ၂၉°C ရှိကာ အနိမ့်ဆုံး ပျမ်းမျှ ညအပူချိန် မှာ ၂၀°C ခန့် ရှိနိုင်သည့်အပြင် ဒေသအလိုက် လေထုစိုထိုင်းဆနှုန်းမှာ ၆၀% မှ ၁၀၀% အကြား ကွာခြားမှု ရှိနိုင်သည်။

#MeKongNews
#ရှမ်းပြည်
#မိုးလေဝသခန့်မှန်းချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now