နေ့စဥ်သတင်း

ရှမ်းပြည်တောင်ပိုင်းအတွက် အမျိုးသားများ လွတ်မြောက်ရေးအဖွဲ့အစည်း-SSNLO ကို စတင်ဖွဲ့စည်း

မဲခေါင် 9 Jul - 2025
မဲခေါင်၊ ဇူလိုင် ၉ ရက် ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း ကဏ္ဍစုံတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ်စံနှုန်းများရရှိရေးအတွက် ရှမ်းပြည်တောင်ပိုင်း အမျိုးသားများ လွတ်မြောက်ရေး အဖွဲ့အစည်း-SSNLOကို တည်ထောင်လိုက်ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ SSNLO သည် တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အသိပညာရှင်၊ အတတ်ပညာရှင်များ စုပေါင်း ဖွဲ့စည်းထားသော နိုင်ငံရေး အဖွဲ့အစည်းတခုဖြစ်ကာ ဗဟိုကော်မတီ ၁၉ ဦး ပါဝင်သည် ဟု SSNLO ၏ အတွင်းရေးမှူးကိုစောက ပြောသည်။ “နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့များကြား နိုင်ငံရေးဘုံ သဘောတူညီချက် ကနဦးထွက်ပေါ်လာဖို့အတွက်လည်း ရည်ရွယ်ထားပါတယ်” ဟု ၎င်းက

မဲခေါင်၊ ဇူလိုင် ၉ ရက်

ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း ကဏ္ဍစုံတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ်စံနှုန်းများရရှိရေးအတွက် ရှမ်းပြည်တောင်ပိုင်း အမျိုးသားများ လွတ်မြောက်ရေး အဖွဲ့အစည်း-SSNLOကို တည်ထောင်လိုက်ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

SSNLO သည် တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အသိပညာရှင်၊ အတတ်ပညာရှင်များ စုပေါင်း ဖွဲ့စည်းထားသော နိုင်ငံရေး အဖွဲ့အစည်းတခုဖြစ်ကာ ဗဟိုကော်မတီ ၁၉ ဦး ပါဝင်သည် ဟု SSNLO ၏ အတွင်းရေးမှူးကိုစောက ပြောသည်။

“နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့များကြား နိုင်ငံရေးဘုံ သဘောတူညီချက် ကနဦးထွက်ပေါ်လာဖို့အတွက်လည်း ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

SSNLO ၏ အဓိက နိုင်ငံရေး ရည်ရွယ်ချက်မှာ စစ်အာဏာရှင် ပြုတ်ကျရေး နှင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေး ဖြစ်သည်ဟု ဗဟိုကော်မတီက ဆိုသည်။

လုပ်ဆောင်ချက်များအနေဖြင့် ရှမ်းပြည်တောင်ပိုင်း အတွင်းရှိ နိုင်ငံရေး/စစ်ရေး ဖော်ဆောင်နေကြသော အစုအဖွဲ့များအကြား နိုင်ငံရေး ဘုံသဘောတူညီချက် များ ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဟု ဖော်ပြထားသည်။

တော်လှန်ရေးတွင် နည်းလမ်းမျိုးစုံ ဖြင့် ပါဝင် ဆင်နွှဲနေသော အင်အားစု အသီးသီးအား ထောက်ခံ အားပေးသော နိုင်ငံရေး အဖွဲ့အစည်းတခု အနေဖြင့်လည်း ခိုင်ခိုင်မာမာ ရပ်တည် သွားမည်ဟု ဆိုသည်။

SSNLO အနေဖြင့် တော်လှန်ရေး အင်အားစုများ စုစည်းခြင်း၊ မဟာမိတ် ပြုလုပ်ခြင်းဖြင့် နိုင်ငံရေး အရွေ့များမှတဆင့် ဘုံသဘောတူညီချက် များ ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

နွေဦးတော်လှန်ရေး အဆုံးသတ် အောင်မြင်ပြီးချိန် အသွင်ကူးပြောင်းရေးကာလ အစီအမံ များ ဆောင်ရွက် ရာတွင်လည်း SSNLO အနေဖြင့် နိုင်ငံရေး အဖွဲ့အစည်း တခုအနေဖြင့် ရပ်တည်ကာ နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဟုလည်း ဖော်ပြထားသည်။

ဖေသန်း
#MeKongNews
#ရှမ်းတောင်
#SSNLO
#ဖက်ဒရယ်ပြည်ထောင်စု
#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now