မဲခေါင်၊ ဇူလိုင် ၅
ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ၃၇ ကြိမ်မြောက် ထိုင်း -မြန်မာနယ်စပ်ကော်မတီ – RBC အစည်းအဝေးကျင်းပရာ ထိုင်းတပ်မဟာ ၃ တပ်ချုပ်နှင့် ချင်းမိုင် မြို့တော်ဝန်တို့က မြန်မာဘက်ခြမ်းမှ ပေးနေသည့် ဒုက္ခများအား အဖြေရှာနိုင်ရေး မင်းအောင်လှိုင်ဦးဆောင်သော စစ်အစိုးရထံ တင်ပြပေးရန် မြန်မာကိုယ်စားလှယ်များအား တောင်းဆိုပြောကြားခဲ့သည်။
အဓိက ပြဿနာမှာ တာချီလိတ်အနီး တရုတ် မြေရှားနှင့် ရွှေမိုင်းများကြောင့် အာဆင်းနစ်နှင့် ခဲဓာတ်အပြင် အကြီးစား သတ္တုများသည် နမ့်ခုတ်မြစ်မှ မဲခေါင်မြစ်လက်တက်များအထိ ပျော်ဝင်ညစ် ညမ်းနေမှုနှင့် နယ်စပ်ဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများအား ထိရောက်စွာ နှိမ်နင်းနိုင်ရေး ပွင့်လင်းမြင်သာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးရန်၊ မြန်မာနှင့် ထိုင်းတို့ နှစ်ရှည် လက်တွဲလာခဲ့သည့်အနေအထား တွင် တက်ရောက်လာသော စစ်ကောင်စီကိုယ်စားပြု ကိုယ်စားလှယ်များက အခြေအနေများကို အကြီး အကဲထံ တင်ပြပြီး ထိရောက်သော အဖြေရှာမှုကို လုပ်ဆောင်ပေးရန် ထိုင်းတပ်မဟာ ၃ အကြီးအကဲ ဗိုလ်ချုပ် ကစ်တီပေါင်က တိုက်တွန်းသွားခဲ့သည်။
ချင်းမိုင် မြို့တော်ဝန် နီရတ်ပေါင်ဆစ်သာဝန်ကလည်း နမ့်ခုတ်ဖြစ်ရေ အန္တရာယ်ရှိသော ညစ်ညမ်းအဆင့် သို့ ရောက်ရှိနေသည့်အတွက် ဒေသခံများနှင့်ပူးပေါင်းကာ ရွေ့လျားစောင့်ကြည့် စစ်ဆေးမှုများကို နေရာ အလိုက် လုပ်ဆောင်နေရကြောင်း၊ လက်ရှိတွင် နမ့်ခုတ်မြစ်ရေကို ဘုံပိုင်ဖြင့် သုံးသည့် ပြည်သူတစ်ဦးမျှ မတွေ့ရသေးဘဲ စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ မြစ်ရေကို သုံးနေကြသည်ကို စာရင်းကောက်ခံမှု အရ သိရကြောင်း၊ သို့သော် အန္တရာယ်ကြီးပြီး ဒေသတွင်း မှီတင်းနေထိုင်သူများ၏ ကျန်းမာရေး၊ စီးပွား ရေးများကို ထိခိုက်မှုများပြားစေသော မြစ်ရေ ညစ်ညမ်းမှုအား မြန်မာဘက်မှ မည်သို့ ပူးပေါင်းဆောင် ရွက်ကာ တိုက်ဖျက်သွားမည်အား အထက်သို့ တင်ပြစေရန် တောင်းဆိုသွားခဲ့သည်။
The Nation မီဒီယာတွင် ဖော်ပြမှုများအနက် မြန်မာဘက်မှ တက်ရောက်သည့် စစ်ကောင်စီကိုယ်စားလှယ်များ ဓာတ်ပုံသာဖော်ပြမှုရှိခဲ့ပြီး စစ်ကောင်စီကိုယ်စားလှယ်များ၏ အမည်နှင့် ဆွေးနွေးသည့်အရာ တစ်ခုမျှ ရေးသားဖော်ပြခြင်းမရှိခဲ့ပေ။
ကိုကလင်း
Ref: The Nation
#MeKongNews
#ချင်းမိုင်
#RBC
#နမ့်ခုတ်မြစ်
#ကျားဖြန့်








