နေ့စဥ်သတင်း

လောက်ကိုင်တွင် ရေကြီးပြီး ရေအရှိန်ဖြင့် မျောပါကာ ၃ ဦး သေဆုံး

မဲခေါင် 4 Jul - 2025
မဲခေါင်၊ ဇူလိုင်၄ မိုးရွာသွန်းမှု များပြားသည့်အတွက် ရေကြီးကာ MNDAA ထိန်းချုပ်ရာ ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ရေလှောင်ကန်တစ်ခုပြိုကျလာသည့် ရေအရှိန်ဖြင့် မျောပါကာ လူ ၃ ဦး ရေနစ်သေဆုံးရကြောင်း ဒေသခံများထံက သိရသည်။ ဇူလိုင် ၃ ရက်တွင် အထူးဒေသ – ၁၊ လောက်ကိုင်မြို့နယ်ရှိ ပေါင်ပေါင်ကျေးရွာနှင့် ရှီးကျေးရွာများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသည့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး မြစ်ကမ်းနံဘေးရှိ မြေနိမ့်ပိုင်းနေရာတွင် တည်ဆောက်ထားသော မီးဖိုချောင်တစ်ခု ပြိုကျခဲ့ရာ လယ်သမား ဇနီးမောင်နှံ ၂ ဦးနှင့် မြေးဖြစ်သူ ၈ နှစ်အရွယ်ကလေး အပါအဝင် သုံးဦးစလုံး ရေနစ်မြုပ်သေဆုံးသွားခဲ့ရသည်ဟု The Kokang သတင်းစဥ်က ယနေ့

မဲခေါင်၊ ဇူလိုင်၄

မိုးရွာသွန်းမှု များပြားသည့်အတွက် ရေကြီးကာ MNDAA ထိန်းချုပ်ရာ ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ရေလှောင်ကန်တစ်ခုပြိုကျလာသည့် ရေအရှိန်ဖြင့် မျောပါကာ လူ ၃ ဦး ရေနစ်သေဆုံးရကြောင်း ဒေသခံများထံက သိရသည်။

ဇူလိုင် ၃ ရက်တွင် အထူးဒေသ – ၁၊ လောက်ကိုင်မြို့နယ်ရှိ ပေါင်ပေါင်ကျေးရွာနှင့် ရှီးကျေးရွာများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသည့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး မြစ်ကမ်းနံဘေးရှိ မြေနိမ့်ပိုင်းနေရာတွင် တည်ဆောက်ထားသော မီးဖိုချောင်တစ်ခု ပြိုကျခဲ့ရာ လယ်သမား ဇနီးမောင်နှံ ၂ ဦးနှင့် မြေးဖြစ်သူ ၈ နှစ်အရွယ်ကလေး အပါအဝင် သုံးဦးစလုံး ရေနစ်မြုပ်သေဆုံးသွားခဲ့ရသည်ဟု The Kokang သတင်းစဥ်က ယနေ့ ဇူလိုင် ၄ ရက်တွင် တရုတ်ဘာသာဖြင့် ဖော်ပြလာသည်။

“သူတို့အိမ်က မြေနိမ့်ပိုင်းအကွက်ထဲကျနေတာ၊ ရေလှောင်ကန်ပေါက်တာရော ရေကြီးနေတာရော အရှိန်နဲ့မျောပါပြီး ရေကန်ထဲရောက်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်ကို သိသိချင်း MNDAA တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သော်လည်း အသက်များမကယ်နိုင်ခဲ့ဘဲ မွန်းလွဲပိုင်းမှာ မိသားစု ၃ ယောက်၏ သေဆုံးနေသည့် ရုပ်အလောင်းများသာ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှု များပြားခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင်အပြင် မူဆယ်၊ ကျင်စန်းကျော့ မြို့ရွာများသာမက တရုတ်ပြည် ကြယ်ဂေါင်၊ ရွှေလီမြို့များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နယ်မြေထိစပ်ကာ ကုန်တင်လေကြောင်းလိုင်းပြေးဆွဲနေသည့် တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့လယ်တွင် ယမန်နေ့ဇူလိုင်လ ၃ ရက်က ၄ နာရီအတွင်း ၃၁၅ ဒသမ ၇ မီလီမီတာ ရွာသွန်းခဲ့သဖြင့် မနေ့မွန်းလွဲပိုင်းတွင် ပြင်းထန်သော ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မဟာ
#MeKongNews
#လောက်ကိုင်
#အထူးဒေသ၁
#ရေကြီးနစ်မြုပ်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now