နေ့စဥ်သတင်း

လားရှိုး အထက ၁ တွင် ကလေးများကို ကျူရှင် အတင်းအကြပ်တက်ခိုင်းနေ

မဲခေါင် 29 Jun - 2025
မဲခေါင်၊ ဇွန် ၂၉ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိူးမြို့ရှိ အထက – ၁၊ G-10 နှင့် G-7 မှ ဆရာမအချို့ ၎င်းတို့၏ အတန်းကျူရှင်များတွင် ကျောင်းသားကျောင်းသူများ မတက်မနေဟု ဆိုကာ အတင်းအကြပ်တက်ခိုင်းနေကြောင်း ကလေးမိဘများထံက သိရသည်။ လားရှိုး အထက ၁ မှ G 10 ဆရာမ ဒေါ်နန်းနွယ်ထွန်းက အတန်းဝင်လာပြီဆိုသည်နှင့် စာမသင်ဘဲ အတန်းသားကလေးများကို တစ်လ ကျပ် ၈သောင်းနှင့် ကျူရှင်တက်ရန် တစ်ယောက်ချင်း နာမည်အတိအကျနှင့်ခေါ်ကာ ငွေကောက် ခံနေသည့်အတွက် မိဘများနှင့် ကလေးများ အခက်တွေ့နေရကြောင်း မိဘများကပြောသည်။ “ကလေးတွေက မိဘတွေအဆင်မပြေလို့ မတက်နိုင်ကြောင်းပြန်ပြော ပေမယ့် ဆရာမက

မဲခေါင်၊ ဇွန် ၂၉

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိူးမြို့ရှိ အထက – ၁၊ G-10 နှင့် G-7 မှ ဆရာမအချို့ ၎င်းတို့၏ အတန်းကျူရှင်များတွင် ကျောင်းသားကျောင်းသူများ မတက်မနေဟု ဆိုကာ အတင်းအကြပ်တက်ခိုင်းနေကြောင်း ကလေးမိဘများထံက သိရသည်။

လားရှိုး အထက ၁ မှ G 10 ဆရာမ ဒေါ်နန်းနွယ်ထွန်းက အတန်းဝင်လာပြီဆိုသည်နှင့် စာမသင်ဘဲ အတန်းသားကလေးများကို တစ်လ ကျပ် ၈သောင်းနှင့် ကျူရှင်တက်ရန် တစ်ယောက်ချင်း နာမည်အတိအကျနှင့်ခေါ်ကာ ငွေကောက် ခံနေသည့်အတွက် မိဘများနှင့် ကလေးများ အခက်တွေ့နေရကြောင်း မိဘများကပြောသည်။

“ကလေးတွေက မိဘတွေအဆင်မပြေလို့ မတက်နိုင်ကြောင်းပြန်ပြော ပေမယ့် ဆရာမက မိဘတွေကိုပြောလိုက်၊ ဒီလမတက်ရင် နောက်လက စတက်ရမယ်ဆိုပြီး အတင်းအကြပ်ခေါ်နေပါတယ်”ဟု က လေးမိဘတစ်ဦးက မဲခေါင်ကို ပြောသည်။

အလားတူ G 7 အတန်းမှဆရာမ ဒေါ်မြင့်မြင့်သန်းသည်လည်း ကလေးများကို စာမေးပွဲနှင့် ခြိမ်းခြောက်ပြီး မိဘတွေအထိ ဖုန်းဆက်ကာ ကျူရှင်ထားဖို့ပြောနေသဖြင့် မိဘများကြား ကလေးများ ကျူရှင်မတက်ပါက စာမေးပွဲဖြေခွင့် မရမည်၊ စာမေးပွဲမအောင်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

G7 ကျောင်းသားမိဘတစ်ဦးက “အထက – ၁၊ ၇ တန်းဆရာမ ခုမှ ကျောင်းဖွင့်ကာစရှိသေးတာ ကလေးတွေကို နည်းအမျိုးမျိုးနဲ့ အချိန်ပို အတင်းတက်ခိုင်းနေတယ်။ ကျူရှင်ကျတော့လည်း ကိုယ်ထားချင်တဲ့နေရာကို ထားလို့မရဘူးဗျ။ တခြားသူဆီ ကျူရှင်တက်ရဲတက်ကြည့် ငါပြန်စုံစမ်းလို့ သိရရင် နင်တို့မလွယ်ဘူးလို့ ပြောတာတဲ့” ဟု မဲခေါင်သို့ ပြောသည်။

၎င်းအပြင် အတန်းချိန်တွင် စာမသင်ခြင်း၊ အချိန်ပိုင်းဆရာ မလောက်ငှခြင်း၊ ပုံနှိပ်စာအုပ် မလောက်ငှခြင်း၊ စာသင်ဆောင်များ ယိုယွင်းပျက်စီးနေခြင်းနှင် သင်ထောက်ကူပစ္စည်း မပြည့်စုံခြင်းများကြောင်း ကလေးများ ပညာသင်ကြားရသည်မှာ အဆင်မပြေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

လားရှိုးမြို့ရှိ အခြေခံပညာ ကျောင်းပေါင်း ၄၂ ကျောင်းကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  ဇွန်လ ၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှ စတင်ကျောင်းအပ် လက်ခံခဲ့ရာ စုစုပေါင်း ၁၉၂၅၀ ဦး ကျောင်းအပ် လက်ခံထားပြီး စတင် ပညာ သင်ကြားနေသည်ဟု  စစ်ကောင်စီ၏ လားရှိုး အခြေစိုက် အခြေခံပညာ ဦးစီးဌာနက အစီရင်ခံစာက ဖော်ပြထားကြောင်းသိရသည်။

စစ်ကောင်စီက အခမဲ့ပညာရေးဟု ဆိုထားသော်လည်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းများကမူ ကျောင်းသားကျောင်းသူများကို ကုန်ကြမ်းများအဖြစ် မှတ်ယူကာ လုပ်စားနေကြသဖြင့် မိသားစုများ အခက်အခဲကြုံနေကြသည်ဟု ပြည်သူများ ငြီးတွားနေကြကြောင်း သိရသည်။

မဟာ
#MeKongNews
#လားရှိုး
#ပညာရေး
#ကျူရှင်
#အခြေခံပညာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now