နေ့စဥ်သတင်း

စားအုန်းဆီဈေးကျဆင်းသည်ဟု စစ်ကောင်စီထုတ်ပြန်သော်လည်း ဈေးကွက်အတွင်း ၂ ဆနီးပါးမြင့်

မဲခေါင် 28 Jun - 2025
မဲခေါင်၊ ဇွန် ၂၇ ဇွန်လအတွင်း ပြည်တွင်းစားအုန်းဆီ အခြေခံလက်ကားဈေးသည် တစ်ပိသာလျှင် ကျပ် ၂၀၀ ကျော် ဈေးကျဆင်းသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ဈေးကွက်တွင် ၂ဆနီးပါး ဈေးမြင့်နေကြောင်း စားသုံးသူများက ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့က စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွန်းဈေးနှုန်းသည် တစ်ပိသာလျှင် ကျပ် ၆၃၁၀ ရှိရာမှ ဇွန်လ ၂၂ ရက်နေ့ မှ ဇွန်လ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်တွင် ကျပ် ၆၀၈၀ ဖြစ်ကာ ကျပ် ၂၃၀ ဈေးကျဆင်းလာနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလဆန်းက စားအုန်းဆီအခြေခံဈေးနှုန်းသည် တစ်ပိသာလျှင်

မဲခေါင်၊ ဇွန် ၂၇

ဇွန်လအတွင်း ပြည်တွင်းစားအုန်းဆီ အခြေခံလက်ကားဈေးသည် တစ်ပိသာလျှင် ကျပ် ၂၀၀ ကျော် ဈေးကျဆင်းသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ဈေးကွက်တွင် ၂ဆနီးပါး ဈေးမြင့်နေကြောင်း စားသုံးသူများက ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့က စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွန်းဈေးနှုန်းသည် တစ်ပိသာလျှင် ကျပ် ၆၃၁၀ ရှိရာမှ ဇွန်လ ၂၂ ရက်နေ့ မှ ဇွန်လ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်တွင် ကျပ် ၆၀၈၀ ဖြစ်ကာ ကျပ် ၂၃၀ ဈေးကျဆင်းလာနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလဆန်းက စားအုန်းဆီအခြေခံဈေးနှုန်းသည် တစ်ပိသာလျှင် ၆၇၃၅ ကျပ် အထိ ရှိနေရာမှ ဈေးနှုန်းကျဆင်းလာနေခြင်း ဖြစ်သည်။

“အဲတာက စာရွက်ပေါ်မှာပဲ ရှိတဲ့ဈေးနှုန်းပါ။ သူတို့ အချင်းချင်းပဲ ဖေးမတဲ့ ဈေးနှုန်းကြီး” ဟု စားဆီရောင်းချနေသူတစ်ဦးက ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်မှု အားကောင်းလာနေပြီး ကြိုပွိင့်ဈေးနှုန်းမှာလည်း ဈေးကျဆင်းလာနေ၍ နိုင်ငံတကာဈေးနှုန်းပါ လိုက်ပါ ကျဆင်းနေခြင်းဟု စားအုန်းဆီ ရောင်းချနေသူ တစ်ဦးက ပြောဆိုသည်။

စားသုံးဆီဈေး ကျဆင်းလာနေသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၁၁၈၀၀ ဝန်းကျင်အထိ ရှိနေပြီး စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းက Door to Door စနစ်ဖြင့် ရောင်းချပေးသည် ဆိုသော်လည်း လက်တွေ့‌တွင် ဖုန်းခေါ် မှာယူရခက်ခဲကြောင်း စားသုံးသူများက ဆိုသည်။

“ခြေထောက်များပါရင် ဈေးထဲကို တစ်ခေါက်ပတ် လေ့လာကြည့်စေချင်တယ်” ဟု စားသုံးသူ တစ်ဦးက ပြောဆိုထားသည်။

ဆီဆိုင်များက ခွဲတမ်းအလိုက် သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချရာတွင်လည်း အနည်းအကျဉ်းသာ ရောင်းချကြပြီး လက်တွေ့တွင် ပြင်ပဈေးနှုန်းဖြင့်သာ ရောင်းချနေကြသည်ဟု စားသုံးသူများထံမှ သိရသည်။

ရှမ်းပြည်တွင် စားအုန်းဆီကို သတ်မှတ်ဈေးနှုန်းများဖြင့် ဝယ်ယူလိုပါက အိမ်ထောင်စုဇယားဖြင့် စာအုပ်ပြုလုပ်ကာ သတ်မှတ်နေ့ရက်တွင် တစ်အိမ်ထောင်လျှင် တစ်ပိသာနှုန်း ဝယ်ယူခွင့်ပေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်တွင်းထုတ် မြေပဲ‌ဆီ ဈေးနှုန်းသည် တစ်ပိသာလျှင် ပျမ်းမျှ ကျပ် ၂၃၀၀၀ ဝန်းကျင်အထိ ဈေးရှိနေပြီး ပြည်သူအများစုမှာ ဈေးသက်သာသည့် စားအုန်းဆီကိုသာ မှီခိုစားသုံးနေကြသည်။

ပုဇွန်နှစ်ကောင် တံဆိပ် ဟင်းသီးဟင်းရွက်ဆီမှာ ၁၈ လီတာ ဆန့် တပုံးကို ကျပ် ၁၅၀၀၀၀ နှုန်းရှိပြီး တစ်လီတာကို ကျပ် ၈၀၀၀ ဝန်းကျင် ဈေးရှိနေသည် ဟု ဈေးကွက်တွင် ရောင်းချသည့် ဈေးနှုန်းများအရ သိရသည်။

ဖေသန်း
#MeKongNews
#စားအုန်းဆီ
#စစ်ကောင်စီ
#သတ်မှတ်ဈေး
#ဈေးတက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now