နေ့စဥ်သတင်း

ဖယ်ခုံအင်း အရှေ့ခြမ်းက ဆောင်နန်းခဲတစ်ရွာလုံးကို စစ်တပ်နှင့် PNO ပြည်သူ့စစ် မီးရှို့

မဲခေါင် 25 Jun - 2025
မဲခေါင်၊ ဇွန် ၂၅ အင်အားအလုံးအရင်းဖြင့် စစ်ကောင်းထိုးနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဆောင်နန်းခဲတစ်ရွာလုံးကို မီးရှို့နေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့သည် ဇွန်လ ၂၃ ရက်နေ့မှစ၍ ဖယ်ခုံအင်းအရှေ့ခြမ်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ရာက ဆောင်နန်းခဲတစ်ရွာလုံးရှိ အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့က မီးတင်ရှို့ခဲ့သည်ဟု အင်းလေးတော်လှန်ရေးတပ် အမှတ် ၁၀၀၉ (IPDF) ထံမှ သိရသည်။ “၂၀၂၂ တုန်းကလည်း တစ်ခါမီးရှို့ခံထားရပြီးပြီ။ အဲဒီတုန်းကတော့ အိမ်ခြေ ၅၀ကျော် ရှိတယ်။ ဒီတစ်ခါက

မဲခေါင်၊ ဇွန် ၂၅

အင်အားအလုံးအရင်းဖြင့် စစ်ကောင်းထိုးနေသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဆောင်နန်းခဲတစ်ရွာလုံးကို မီးရှို့နေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက မဲခေါင်သို့ ပြောသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့သည် ဇွန်လ ၂၃ ရက်နေ့မှစ၍ ဖယ်ခုံအင်းအရှေ့ခြမ်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ရာက ဆောင်နန်းခဲတစ်ရွာလုံးရှိ အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့က မီးတင်ရှို့ခဲ့သည်ဟု အင်းလေးတော်လှန်ရေးတပ် အမှတ် ၁၀၀၉ (IPDF) ထံမှ သိရသည်။

“၂၀၂၂ တုန်းကလည်း တစ်ခါမီးရှို့ခံထားရပြီးပြီ။ အဲဒီတုန်းကတော့ အိမ်ခြေ ၅၀ကျော် ရှိတယ်။ ဒီတစ်ခါက နှစ်ကြိမ်မြောက် မီးရှို့ခံရတာပါ။ ကျနော်တို့ကတော့ စစ်ရေးအရ နယ်မြေတွေ လက်လွှတ်ပေးရတယ်” ဟု IPDF တပ်ရေးမှူး အင်းသွေးနီက မဲခေါင်ကို ယနေ့ဇွန် ၂၅ ရက်တွင် ပြောသည်။

ဆောင်နန်းခဲရွာဒေသခံများကတော့ ဇွန်လ ၂၃ ရက်ကတည်းက ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် လေယာဥ်၊ လက်နက်ကြီးတို့ဖြင့် အပြင်းအထန် တိုက်ခိုက်နေမှုကြောင့် တော်လှန်ရေးဘက်က နေရာ ၃ ခုထက်မနည်း လက်လွှတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများပြင်းထန်နေမှုကြောင့် ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နမ့်ပေါ်လုံံ၊ လဟယ်၊ ပိန္နဲကုန်း၊ ကုန်းပေါ အပါအဝင် ကျေးရွာ ၁၅ ရွာက ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရသည်။

မဟာ
#MeKongNews
#ဆောင်နန်းခဲကျေးရွာ
#စစ်ကောင်စီ
#PNO
#မီးရှို့
#ဖယ်ခုံအင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now