နေ့စဥ်သတင်း

မြန်မာ့ဆန်နှင့် ဆန်ကွဲ ဝယ်လိုအားကျလာ၍ တရုတ်ကို စည်းရုံးရေးဆင်းနေ

မဲခေါင် 25 Jun - 2025
မဲခေါင်၊ ဇွန် ၂၅ ကမ္ဘာ့ဆန်ဈေးကျဆင်းနေပြီး ဝယ်လိုအားလျော့လာနေချိန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် တရုတ်ကို ပိုမိုတင်ပို့နိုင်ရန် တရုတ်သံအမတ်နှင့် အဖွဲ့ကို ‌ဆွဲဆောင်စည်းရုံးနေသည်ဟု သိရသည်။ လက်ရှိ ကမ္ဘာ့ဆန်ဈေးကျဆင်းနေသလို ဝယ်လိုအား လျော့ကျနေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာလည်း မရှိသလောက် ဖြစ်နေပြီး မြန်မာနိုင်ငံအပေါ် ILO မှ Article 33 ချမှတ်မှုတို့ကြောင့် ဥရောပဈေးကွက်ကို ဆန်နှင့် ဆန်ကွဲတင်ပို့မှုအပေါ် အကျိုးသက်ရောက်လာနိုင်ချိန်တွင် တရုတ်ကို တင်ပို့ခွင့်ရရှိရန် ပိုကြိုးစားလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Mr. Zheng Zhihong နှင့် Ms. Qiao Li ဦးဆောင်သော အဖွဲ့ဝင် ၂၉ ဦးပါဝင်သည့် China Delegation

မဲခေါင်၊ ဇွန် ၂၅

ကမ္ဘာ့ဆန်ဈေးကျဆင်းနေပြီး ဝယ်လိုအားလျော့လာနေချိန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် တရုတ်ကို ပိုမိုတင်ပို့နိုင်ရန် တရုတ်သံအမတ်နှင့် အဖွဲ့ကို ‌ဆွဲဆောင်စည်းရုံးနေသည်ဟု သိရသည်။

လက်ရှိ ကမ္ဘာ့ဆန်ဈေးကျဆင်းနေသလို ဝယ်လိုအား လျော့ကျနေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာလည်း မရှိသလောက် ဖြစ်နေပြီး မြန်မာနိုင်ငံအပေါ် ILO မှ Article 33 ချမှတ်မှုတို့ကြောင့် ဥရောပဈေးကွက်ကို ဆန်နှင့် ဆန်ကွဲတင်ပို့မှုအပေါ် အကျိုးသက်ရောက်လာနိုင်ချိန်တွင် တရုတ်ကို တင်ပို့ခွင့်ရရှိရန် ပိုကြိုးစားလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Mr. Zheng Zhihong နှင့် Ms. Qiao Li ဦးဆောင်သော အဖွဲ့ဝင် ၂၉ ဦးပါဝင်သည့် China Delegation အဖွဲ့သည် ဇွန်လ ၂၀ ရက်က သီလဝါ စက်မှုဇုန်ရှိ Good Brothers(United Agri) တန် ၅၀၀ ကျ ဆန်စက်သို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

တရုတ်သံအမတ်နှင့် အဖွဲ့အား ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နှင့် မြန်မာနိုင်ငံများအကြား ဆန်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာမှုကို ပြသနေသလို အစားအစာ လုံခြုံရေးနှင့် ပူးတွဲတိုးတက်မှုကို ဖော်ပြသည့် အစိတ်အပိုင်းတခုလည်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဦးရဲမင်းအောင်က ဖော်ပြထားသည်။

ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်များအရ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် ပြည်ပ ဆန်တင်ပို့ရာတွင် ဖိလစ်ပိုင်ကို အများဆုံး တင်ပို့ထားပြီး တရုတ်က ဒုတိယနေရာတွင် ရှိနေသလို ဆန်ကွဲတင်ပို့ရာတွင်လည်း ဘလ်ဂျီယံကို အများဆုံး တင်ပို့ကာ တရုတ်က ဒုတိယနေရာတွင် ရှိနေသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ပိုမိုကောင်းမွန်လာပြီး နယ်စပ်မှ တဆင့် ဆန်တင်ပို့မှု အားကောင်းလာလျှင် ပြည်တွင်းဆန်တင်ပို့ရောင်းချမှု ပြန်ကောင်းလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။

“တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်းတွေကောင်းပြီး တရုတ်ဝယ်လိုအားများလာပြီး ပို့ကုန်ရငွေအပြောင်းအလဲ ကိုယ့်ဘက်ပါလာမယ်ဆိုရင်တော့ စျေးပြန်တတ်နိုင်ပါတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်မှ မြန်မာဆန်နှင့် ဆန်ကွဲကို မဝယ်ယူလျှင် လာမည့် ဩဂုက်လနှင့် စက်တင်ဘာလတွင် ဆန်သိုလှောင်သူများက ဂိုထောင်ရှင်း ထုတ်ရောင်းနိုင်ပြီး ဈေးပိုမို ကျဆင်းနိုင်ခြေရှိနေကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် ဧပရယ်လနှင့် မေလ အတွင်း ပြည်ပကို ဆန်တန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၄၂ သန်း ရရှိထားသည်။

ဖေသန်း
#MeKongNews
#ဆန်တင်ပို့မှု
#ဆန်ကွဲတင်ပို့မှု
#တရုတ်နိုင်ငံ
#ဖိလစ်ပိုင်
#ဆန်စပါးအသင်းချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now