မဲခေါင်၊ ဇွန် ၂၁
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ မိုးကုတ်မြို့ကို သွားသည့် လမ်းပိုင်းရှိ နမ့်ကော်တံတားသည် ကုန်တင်ယာဉ်တစ်စီး ကြောင့် ကျိုးကျသွားသည်ဟု ဒေသခံထံမှ သိရသည်။
နမ့်ကော်တံတားသည် မိုင်းလုံ-ကျောက်မဲလမ်းတွင် တည်ရှိပြီး ကားသေးများသာ သွားလာနိုင်ကာ ကုန်တင်ယာဉ်များအနေဖြင့် တံတားအရှေ့ဘက်ခြမ်းရှိ ကွင်းလမ်းမှ တဆင့် သွားလာကြရကြောင်း၊ ကုန်တင်လာသည့် ယာဉ်တစ်စီးက တံတားပေါ်တက်လိုက်သည့်အတွက် ခံနိုင်ဝန်ကို ကျော်လွန်ကာ ကျိုးကျသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကွင်းလမ်းသည်လည်း ရေချောင်းကို ဖြတ်သန်းသွားလာရခြင်းဖြစ်ကာ ကားကြီး၊ ကားသေး ဖြတ်သန်းသွားလာနိုင်ပြီး မိုးများလျှင်မူ ခဏစောင့်ဆိုင်းကာ ဖြတ်သန်းသွားလာ၍ ရနိုင်ကြောင်း ဒေသခံက ပြောဆိုထားသည်။
မိုးကုတ်-ကျောက်မဲ လမ်းပိုင်းသည် PSLF/TNLA ထိန်းချုပ်ထားသည့် နေရာဖြစ်ပြီး ကန့်ကန်ရွာအနီးတွင် နမ့်ကောတံတား တည်ရှိသည်။
ဖေသန်း
#MeKongNews
#ရှမ်းမြောက်
#ကျောက်မဲ
#မိုးကုတ်
#နမ့်ကော်တံတား
#ကျိုးကျ








