မဲခေါင်၊ ဇွန် ၁၅
အင်းလေးဒေသတွင် အပူပိုင်းမုန်တိုင်း WUTIP ၏ အရှိန်သက်ရောက်မှုကြောင့် မိုးများပြီး အင်းလေးကန်ရေတက်လာခြင်းကြောင့် ပြည်သူများ၊ စိုက်ပျိုးရေးတောင်သူများ အခက်အခဲဖြစ်နေသည်ကို ကြားသိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသအတွက် မိုးလေဝသအခြေအနေကို မိုးလေဝသပညာရှင် ဦးဝင်းနိုင်ခန့်မှန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
ဇွန်လ ၁၅ ရက် ခန့်မှန်းချက်များအရ –
အင်းလေးဒေသတွင် နောက် ၃ ရက်အထိ နေသာချိန်များပြီး မိုးရွာသွန်းမှုလျော့နည်းနေပါမည်။
ဇွန်လ ၂၃ ရက်နှင့် နောက်ပိုင်းရက်များတွင် နေသာချိန်ရှိပြီး “မိုးအသင့်အတင့်” ပြန်ရွာလာနိုင်ပါမည်။
#MeKongNews
#ဦးဝင်းနိုင်
#မိုးလေဝသခန့်မှန်းချက်
#အင်းလေးဒေသ
#ရှမ်းတောင်








