နေ့စဥ်သတင်း

တောင်ကြီးတွင် ဘုန်းကြီးကျောင်းသုံးယာဥ်များ စာရင်းကောက်ယူနေ

မဲခေါင် 15 Jun - 2025
မဲခေါင်၊ ဇွန် ၁၄ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သုံးစွဲနေသည့် ယာဥ်များစာရင်းကို ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝိဒူ အုတ်ဖိုကျောင်းမှတဆင့် မြို့နယ်သံဃာ့နာယကအဖွဲ့ရုံးထံသို့ လာမည့် ဇွန်လ ၁၇ရက်နေ့အမီ ပေးပို့ကြရန် ဥက္ကဌဆရာတော်က ဇွန်လ ၁၂ ရက်က စာဖြင့် ကျောင်းတိုက်အသီးသီးသို့ ပေးပို့လာကြောင်း သံဃာအသိုင်းအဝိုင်းမှ သိရသည်။ ယင်းစာပါ ပေးပို့ရမည့် အချက်များမှာ ဘွဲ့တော်၊ ဖုန်းနံပတ်၊ သာသနာဝင်အမှတ် မိတ္တူ၃စုံ၊ နေရပ် လိပ်စာ၊ မော်တော်ယာဥ် အမျိုးအစား၊ မော်ဒယ်၊ အရောင်၊ ယာဥ်အမှတ်၊ မော်တော်ယာဥ် ဓာတ်ပုံ၊ ရှေ့၊ နောက်၊ ဘေး တို့ဖြစ်ကြောင်း သိရသည်။ “တောင်းတဲ့ပုံစံက လိုင်စင်ရယ်၊ အလွတ်ရယ်

မဲခေါင်၊ ဇွန် ၁၄

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သုံးစွဲနေသည့် ယာဥ်များစာရင်းကို ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝိဒူ အုတ်ဖိုကျောင်းမှတဆင့် မြို့နယ်သံဃာ့နာယကအဖွဲ့ရုံးထံသို့ လာမည့် ဇွန်လ ၁၇ရက်နေ့အမီ ပေးပို့ကြရန် ဥက္ကဌဆရာတော်က ဇွန်လ ၁၂ ရက်က စာဖြင့် ကျောင်းတိုက်အသီးသီးသို့ ပေးပို့လာကြောင်း သံဃာအသိုင်းအဝိုင်းမှ သိရသည်။

ယင်းစာပါ ပေးပို့ရမည့် အချက်များမှာ ဘွဲ့တော်၊ ဖုန်းနံပတ်၊ သာသနာဝင်အမှတ် မိတ္တူ၃စုံ၊ နေရပ် လိပ်စာ၊ မော်တော်ယာဥ် အမျိုးအစား၊ မော်ဒယ်၊ အရောင်၊ ယာဥ်အမှတ်၊ မော်တော်ယာဥ် ဓာတ်ပုံ၊ ရှေ့၊ နောက်၊ ဘေး တို့ဖြစ်ကြောင်း သိရသည်။

“တောင်းတဲ့ပုံစံက လိုင်စင်ရယ်၊ အလွတ်ရယ် မကွဲပြားဘူး။ ပြီးတော့ စီးယာဥ်၊ လုပ်ငန်းသုံးယာဥ်မပါသလို ရှိသမျှအားလုံးပေးပို့ခိုင်းတာပဲ။ အလွတ်တွေကို လိုင်စင်ပေးမလား၊ သိမ်းဖို့လား မပြောတတ်ဘူး။ ကျောင်းကြီးတွေက လိုင်စင်ကားတွေရှိတာများပေမယ့် ဒကာတွေလှူတဲ့ အလွတ်တွေလည်းရှိကြတယ်” ဆရာတော်တစ်ပါးက မိန့်သည်။

သာရေး၊ နာရေးကိစ္စများ ကြွရောက်ဆောင်ရွက်ရာ၌ ခေတ်အခြေအနေအရ လမ်းလျှောက်၍ မဖြစ်သလို လက်ရှိလိုင်စင်မဲ့ယာဥ်များ သိမ်းခံရသည့်ကာလတွင် ဒကာများမှ ပင့်ဆောင်ကြွချီစရာ ယာဥ်များမရှိတော့သည်ကလည်း သာသနာ့လုပ်ငန်းများ ခရီးမတွင်ဖြစ်နေရသည်ဟု ယင်းဆရာတော်က မိန့်သည်။

အခြား ဦးဇင်းတစ်ပါးကမူ “ဟုတ် မဟုတ်တော့ မသိဘူး။ မြို့နယ်သံဃာ့နာယက အဖွဲ့၊ တပ်နယ်မှူးတို့ရဲ့ထောက်ခံချက်၊ စီးနင်းတဲ့ကိုယ်တော်ရဲ့ဝန်ခံချက်တွေနဲ့ မြို့ပေါ်သွားလာခွင့် ပြုမယ်ကြားတယ်။ နေ့စဥ်ဆွမ်းချိုင့် အပို့၊ အယူကအစ ယာဥ်တွေလိုတယ်၊ ပြီးတော့ကျောင်းဝန်းထဲ အခြားအလွတ်ကားတွေ မထားဖို့၊ (ထားရင်) ဖမ်းဆီးမယ်တွေကြားတယ်”ဟု ဆိုသည်။

တောင်ကြီးမြို့ပေါ်ရပ်ကွက်၂၂ရပ်ကွက်ရှိရာ တောင်ကြီးမြို့နယ်အတွင်း ဘုန်းကြီးကျောင်းပေါင်းမှာ တောင်ကြီးတွင် ၁၀၃ ကျောင်း၊ အေးသာယာတွင် ၂၈ ကျောင်း၊ ရွှေညောင်တွင် ၃၁ ကျောင်းနှင့် ကျောက်တလုံးတွင် ၂ကျောင်းအပြင် ကျေးရွာအုပ်စု ၂၀၀၌ ရွာကျောင်းများရှိနေရာ စုစုပေါင်း မြို့နယ်ချုပ် ၃၆၄ ကျောင်းရှိပြီး ဝါဆို သံဃာစာရင်းမှာသံဃာ ၂၇၀၀ ပါးကျော်နှင့် သာမဏေ ၆၉၀၀ ပါးကျော် ရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင်မူ ဘုန်းကြီးကျောင်းနှင့်သီလရင်ကျောင်းများသို့ လိုင်စင်မဲ့ကား ဆိုင်ကယ်များကို စီးနင်းခြင်း၊ လက်ဝယ်ထားရှိခြင်း မရှိစေရေး မော်လမြိုင် သံဃာ့နာယကအဖွဲ့မှ ဇွန်လ၄ရက်တွင် ထုတ်ပြန်ထားသည်။

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က သာသနာရေးယာဥ်များ ကို အဝါခံ RLG လိုင်စင်ကို အခမဲ့ပြုလုပ်ပေးခဲ့မှုရှိခဲ့သည်။

ယခု စစ်ကောင်စီ လက်ထက်တွင်မူ ရဟန်း၊ သံဃာနှင့် သာသနာ့နွယ်ဝင် သီလရှင်များသာမက ပြည်သူအများ မရှိမဖြစ် သုံးစွဲနေရသည့် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ဥပဒေအကြောင်းပြကာတလကြမ်း သိမ်းဆည်းနေသည့်အတွက် ပြည်သူအများ ကိုယ်စိတ်ဆင်းရဲကြီးစွာဖြင့် ခံစားနေရသည်ကို ဖြေလျှော့ပေးစေနိုင်ကြောင်း ဆုတောင်းသည်ဟု အထက်အဆိုပါ ဆရာတော်က မဲခေါင်သတင်းဌာနသို့ မိန့်ကြားခဲ့သည်။

စစ်ကောင်စီဥက္ကဌ၏ နှုတ်ထွက်ပြောကြားချက်အပြီး နိုင်ငံတစ်ဝှမ်းတွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ဇွန် ၁ ရက်နေ့က စတင် ဖမ်းဆီးနေခြင်းဖြစ်သည်။

မဟာ
#MeKongNews
#တောင်ကြီးမြို့နယ်
#ဘုန်းကြီးကျောင်း
#သီလရှင်ကျောင်း
#လိုင်စင်မဲ့ကား
#စစ်ကောင်စီ
#ဓမ္မဝိဒူအုတ်ဖိုကျောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now