နေ့စဥ်သတင်း

ညောင်ရွှေတွင် ရေအလျင်အမြန်တက်လာပြီး ရပ်ကွက်တချို့ ရွှေ့ပြောင်းနေရ

မဲခေါင် 14 Jun - 2025
မဲခေါင်၊ ဇွန် ၁၄ နာရီပိုင်းအတွင်း ရေ ၃ပေကျော် မြင့်တက်လာသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ ရပ်ကွက်တချို့တွင် ဇွန်လ ၁၄ရက်နေ့လည်ပိုင်းတွင် မြို့ပေါ် ရေလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ၅ရက်ခန့်မှစတင်ကာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေလျှံကာ ညောင်ရွှေမြို့တွင်း ရပ်ကွက်အတော်များများ ရေတက်နေပြီး အဆိုးဆုံးနှင့် အစောဆုံး ရေမြုပ်သည့်ရပ်ကွက်မှာ မြေအနိမ့်ဆုံး ရပ်ကွက်ဖြစ်သည့် ကန်သာရပ်ဖြစ်သည်။ ယနေ့ ဇွန် ၁၄ ရက်နေ့တွင် ကန်သာရပ်တွင် ရေ ၃ ပေကျော်ထိတက်လာသဖြင့် အိမ်ထောင်စု ၁၀၀ ခန့် ညောင်ရွှေမြို့ပေါ် ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် အသီးသီး ရေဘေးရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။ “လောလောဆယ်

မဲခေါင်၊ ဇွန် ၁၄

နာရီပိုင်းအတွင်း ရေ ၃ပေကျော် မြင့်တက်လာသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ ရပ်ကွက်တချို့တွင် ဇွန်လ ၁၄ရက်နေ့လည်ပိုင်းတွင် မြို့ပေါ် ရေလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၅ရက်ခန့်မှစတင်ကာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေလျှံကာ ညောင်ရွှေမြို့တွင်း ရပ်ကွက်အတော်များများ ရေတက်နေပြီး အဆိုးဆုံးနှင့် အစောဆုံး ရေမြုပ်သည့်ရပ်ကွက်မှာ မြေအနိမ့်ဆုံး ရပ်ကွက်ဖြစ်သည့် ကန်သာရပ်ဖြစ်သည်။

ယနေ့ ဇွန် ၁၄ ရက်နေ့တွင် ကန်သာရပ်တွင် ရေ ၃ ပေကျော်ထိတက်လာသဖြင့် အိမ်ထောင်စု ၁၀၀ ခန့် ညောင်ရွှေမြို့ပေါ် ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် အသီးသီး ရေဘေးရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

“လောလောဆယ် မြို့ပေါ်ရေမြုပ်တဲ့ရပ်ကွက်က အိမ်ထောင်စု ၁၀၀ ကျော် မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေပါတယ်။ ညောင်ရွှေမြို့ပေါ်ရပ်ကွက် ကံသာရပ်ကွက်က ရေမြုပ်တဲ့အိမ်တွေပါ” ဟု ကန်သာရပ်မှ ရေဘေးသင့်သူများ ပြောင်းရွှေ့နိုင်ရေး ကူညီပေးနေတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရှေ့ရက်များကလည်း ကန်သာရပ်အပါအဝင် အခြား အိမ်ရေမြုပ်ပြီး ဆက်နေမရသော ဒေသခံများ ညောင်ရွှေမြို့၊ မြစေတီကျောင်းအတွင်း ခေတ္တနေထိုင်နေရကြောင်း သိရသည်။

ရွှေညောင်ဖက်မှ ညောင်ရွှေမြို့အဝင်က ပေါရိဿဒ်ရွာနှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် သာစည်ရပ်၊ ဝင်းရပ်၊ နန္ဒဝန်ရပ်တို့တွင် ယမန်နေ့ ဇွန် ၁၃ ရက် ညကတည်းက တဖြည်းဖြည်းရေတက်လာကြောင်းသိရသည်။ ဟူပင်ဟိုတယ် အနီး ယခင်လှေဆိပ်ဟောင်းနေရာမှာ လုံးဝရေမြုပ်သွားပြီဖြစ်သည်။

ရွှေညောင်ဖက်မှ ညောင်ရွှေမြို့သို့ ဆက်သွယ်ထားသည့်လမ်းအား ဆိုင်ကယ်များအသုံးပြုရန်မသင့်တော်တော့သဖြင့် အေးသာယာ၊ စက်မှုဇုန် မှ ညောင်ရွှေသို့ ဆက်သွယ်ထားသော လမ်းအား ပြောင်းလဲအသုံးပြုရန် ဒေသခံများက အကြံပေးထားကြသည်။

“ရွှေညောင်လမ်းခွဲ လမ်းကဆိုင်ကယ်ဖြတ်လို့ အဆင်မပြေတော့ဘူး၊ ကိစ္စရှိရင် စက်မှုဇုန်ဘက်က ပတ်လာကြပါ၊ အောင်ပန်း၊ ကလောဘက်သွားမယ်ဆိုလည်း စက်မှုဇုန်လမ်းကသာ သွားကြပါ” ဟု ညောင်ရွှေမြို့ခံ တစ်ဦးကဆိုသည်။

တောင်ကြီး တောင်ကျချောင်းများမှ စီးဆင်းလာသော ရေများသည် ကျီးဖြူကန်မှတဆင့် အင်းလေးကန်သို့လည်းကောင်း၊ ရွှေညောင် တာယောချောင်းမှ ရေများကလည်း အင်းလေးကန်အတွင်းသို့ပင် စီးဆင်းနေသလို ကလော၊ အောင်ပန်းဘက်မှ ရေများလည်း ချောင်းအသီးသီးမှတဆင့် အင်းလေးကန်သို့သာ ဝင်ရောက်နေသည်ဖြစ်ရာ ပတ်ပတ်လည် မြို့များမှ ရေများစီးဝင်ရာ ဖြစ်နေသည်။

အင်းလေးမှတဆင့် မိုးဗြဲဘက်ကို စီးဆင်းစေရန် မိုးဗြဲရေကာတာ မဖောက်ချပေးသည်မှာလည်း ညောင်ရွှေနှင့် အင်းလေးဒေသ နေအိမ်များ၊ လယ်များ ရေမြုပ်နေရခြင်း၏ အကြောင်းအရင်း တစ်ခုပင်ဖြစ်နေသည်။

မဟာ၊ နန်းမွန်း
#MeKongNews
#ညောင်ရွှေမြို့နယ်
#အင်းလေးကန်
#ရေကြီးနစ်မြုပ်
#ပေါရိဿဒ်ရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now