နေ့စဥ်သတင်း

မိုးများခြင်းနှင့် မိုးဗြဲရေကာတာ ပိတ်ထားခြင်းကြောင့် အင်းလေးတွင် စပါးနှင့် မြေပဲခင်းများရေမြုပ်

မဲခေါင် 14 Jun - 2025
မဲခေါင်၊ ဇွန် ၁၄ မိုး ၄ ရက်ဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်ရေတက်ပြီး မိုးဗြဲရေကာတာကိုလည်း ပိတ်ထားသည့်အတွက် အင်းလေဒေသရှိ စပါးခင်းနှင့် မြေပဲခင်းများ ရေမြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်တောင်ပိုင်းတွင် မိုးများခြင်းကြောင့် တောင်ကြီးမှ ရေများ ကျီးဖြူကန်မှတဆင့် အင်းထဲသို့ဝင်ရောက်လာခြင်း၊ အင်းတောင်ဘက်ရှိ မှော်ဘီချောင်းတံတားအနီးတွင် အမှိုက်များ၊ ဗေဒါပင်ဒိုက်များ စုပြုံပိတ်မိနေချိန်တွင် မိုးဗြဲရေကာတာအား မဖွင့်ပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မှော်ဘီဖက်မာပိတ်နေတယ်၊ ရေကျအောင်လဲလမ်းမရှင်းပေးဘူး၊ မနှစ်ကရေကြီးတုန်းက မိုးဗြဲရေကာတာ နည်းနည်းဖွင့်ပေးတော့ ရေကျသွားတာ၊ အခု မိုးဗြဲမှာ တိုက်ပွဲဖြစ်နေတော့ သူတို့ကိုရေလမ်းက လာတိုက်မှာစိုးလို့နဲ့တူတယ်” ဟု အင်းလေး ဒေသခံတောင်သူတစ်ဦးက ဆိုသည်။ ဆည်မြောင်းမှ တာဝန်ရှိသူများအနေဖြင့်

မဲခေါင်၊ ဇွန် ၁၄

မိုး ၄ ရက်ဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်ရေတက်ပြီး မိုးဗြဲရေကာတာကိုလည်း ပိတ်ထားသည့်အတွက် အင်းလေဒေသရှိ စပါးခင်းနှင့် မြေပဲခင်းများ ရေမြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်တောင်ပိုင်းတွင် မိုးများခြင်းကြောင့် တောင်ကြီးမှ ရေများ ကျီးဖြူကန်မှတဆင့် အင်းထဲသို့ဝင်ရောက်လာခြင်း၊ အင်းတောင်ဘက်ရှိ မှော်ဘီချောင်းတံတားအနီးတွင် အမှိုက်များ၊ ဗေဒါပင်ဒိုက်များ စုပြုံပိတ်မိနေချိန်တွင် မိုးဗြဲရေကာတာအား မဖွင့်ပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မှော်ဘီဖက်မာပိတ်နေတယ်၊ ရေကျအောင်လဲလမ်းမရှင်းပေးဘူး၊ မနှစ်ကရေကြီးတုန်းက မိုးဗြဲရေကာတာ နည်းနည်းဖွင့်ပေးတော့ ရေကျသွားတာ၊ အခု မိုးဗြဲမှာ တိုက်ပွဲဖြစ်နေတော့ သူတို့ကိုရေလမ်းက လာတိုက်မှာစိုးလို့နဲ့တူတယ်” ဟု အင်းလေး ဒေသခံတောင်သူတစ်ဦးက ဆိုသည်။

ဆည်မြောင်းမှ တာဝန်ရှိသူများအနေဖြင့် ဒိုက်များ လာရောက်ဆယ်ပေးပြီး မိုးဗြဲရေကာတာအား ဖွင့်ပေးရန် တောင်သူများက လိုလားနေကြသည်။

အင်းလေးကန်ပတ်လည်ရှိ စပါးခင်းများနှင့် အနောက်ဖက်ရှိ မြေပဲခင်းများမှာ မေလကုန်ပိုင်းခန့် မှစတင်ကာ ရေမြုပ်ခဲ့ပြီး ဇွန်လ ၁၂ရက်၊ နံနက်တွင်မူ အင်းလေးဒေသရှိ စပါးခင်းအားလုံးနီးပါး ရေမြုပ်နေပြီဖြစ်သဖြင့် ယခုရက်ပိုင်းအတွင်း ရေမကျပါက မနှစ်ကလိုပင် ဆုံးရှုံးရမည်ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ဖက်၊ အင်းတိန်လယ်ပြင်တွင် လယ်ဧက ၁၀၀ ကျော်ခန့်ရှိပြီး ရွှေအပ် စပါးအမျိုးအစား စိုက်ပျိုးထားကြရာ ပုံမှန်အတိုင်း ဇူလိုင်လမှသာ ရိတ်သိမ်းရမည်ဖြစ်ပြီး ယခုအခါ လယ်အားလုံးရေမြုပ် သွားပြီဖြစ်သဖြင့် ရေမြန်မြန်ကျပြီး စောစောရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း သိရသည်။

“ရေဝင်တာမေလ ၂၀လောက်ကတည်းက၊ ခုရက်ထဲရေပြန်ကျရင်တော့ သိမ်းလို့ရသေးတယ်။ သူအချိန်ရောက်မှသိမ်းရင် တစ်ဧက တင်း၈၀လောက်ရတာ၊ အချိန်မရောက်ခင်သိမ်းတော့ ၁ဧကတင်း၅၀လောက်ပဲရမယ်” ဟု လယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက မဲခေါင်ကို ပြောပြသည်

ညောင်ရွှေမြို့အနီးက စပါးခင်းများလည်း ရေမမြုပ်မီ ရိတ်သိမ်းလိုက်ရသဖြင့် အရှုံးပေါ်နေကြောင်း သိရသည်။ ယခုနှစ်သည် ယခင်နှစ်များထက် မျိုစပါးနှင့် မြေသြဇာဈေး အလွန်တက်သဖြင့် တစ်ဧကလျှင် ကျပ် ၁၀ သိန်းမြတ်ရန်ပင် မလွယ်ကူတော့ကြောင်း ရွှေအပ်စပါးစိုက် အင်းတောင်သူများက ဆိုကြသည်။

အင်းလေးဒေသတွင် မတ်လကုန်က ငလျင်လှုပ်ပြီးနောက် လယ်လုပ်ငန်းလုပ်ကိုင်မည့် အလုပ်သမားများ ရှားပါးလာသလို အလုပ်သမားခ၊ မြေသြဇာဖိုး များလည်း မြင့်မားလာကြောင်း သိရသည်။

အင်းလေးကန်ရေပြင်မှာ မေလအတွင်းတိုင်းထွာထားသည့် ရေမှတ်ထက် ယခုရက်ပိုင်းအတွင်း ၃၈လက်မ တက်လာပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထပ်မံမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး မိုးဆက်ရွာနေမည်ဆိုပါက စပါးခင်း၊ မြေပဲခင်းအပြင် ကြံခင်းအချို့ပါ ရေမြုပ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။

နန်းမွန်း

#MeKongNews
#အင်းလေး
#ညောင်ရွှေ
#စပါးခင်း
#ဆည်မြောင်း
#မိုးဗြဲ
#တောင်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now