နေ့စဥ်သတင်း

PNO က ဆီဆိုင်မြို့နယ်ရှိ ပြည်သူ ၆ဝဝဝ ကျော်ကို ရွာအတွင်းမှ မောင်းထုတ်

မဲခေါင် 10 Jun - 2025
မဲခေါင်၊ ဇွန် ၁၀ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင့်မြို့နယ်ရှိကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မောင်းထုတ်နေကြောင်း သိရသည်။ တိုက်ပွဲဖြစ်မည်ဟု အကြောင်းပြကာ PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့သည့် ကျေးရွာများမှာ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ဖြစ်ကြောင်း သိရသည်။ ယင်းကျေးရွာရှိ ဓဒသခံများအားလုံး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူဟု PNO က စာပေးပို့ကာ

မဲခေါင်၊ ဇွန် ၁၀

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင့်မြို့နယ်ရှိကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မောင်းထုတ်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်မည်ဟု အကြောင်းပြကာ PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့သည့် ကျေးရွာများမှာ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာရှိ ဓဒသခံများအားလုံး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူဟု PNO က စာပေးပို့ကာ ပြောဆိုထားခြင်းဖြစ်သည်။

ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွါသည့်သူများအနေဖြင့်လည်း တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက်နေထိုင်ခြင်း မပြုရန် နှင့် ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့သာ ထွက်ခွါသွားရမည်ဟု PNO က ပို့လာသည့်စာတွင်ပါရှိသည်ဟု သိရသည်။

PNLA ပြောခွင့်ရ ခွန်ရိန်းယံက “အဲရွာလူထုတွေကို တော်လှန်ရေးနဲ့ ကင်းကွာအောင်လုပ်တာ၊ PNO ဆိုတာ လူထုရဲ့ ကျွေးမွေးမှုနဲ့ ဖြစ်လာတာ၊ ဒီလုပ်ရပ်ဟာ လူမျိုးအပေါ် သစ္စာဖောက်တာပဲ” ဟုမဲခေါင်ကိုပြောသည်။

ဘုရားဖြူရွာ၊ မွေတော်ဘုရားကုန်းကလွဲပြီး ကျန်နေရာများသို့ မသွားရဆိုသည်မှာ ရွာလူထုကို ထောင်လို ချုပ်နှောင်လိုက်ခြင်းဖြစ်ပြီး လူမျိုးအကျိုးထက် ခရိုနီနေဝင်းထွန်း၏ အကျိုးကိုလုပ်ဆောင်နေသည့်အဖွဲ့ဟု PNO ကို ဝေဖန်ပြောဆိုလိုက်သည်။

“PNO စာက အဲ့ရွာတွေက စစ်ဖြစ်နိုင်တယ်ခန့်မှန်းလို့ ရှောင်ဖို့နေရာပြောပြတာ၊ အကယ်၍ ရှောင်မသွားဘူးဆိုရင် စစ်ဖြစ်ခဲ့ရင် တာဝန်မယူဘူးအန္တရာယ်ရှိနိုင်တယ်ပြောတာ” ဟု ဒေသခံတစ်ဦးက စာပါအကြောင်းအရာကို ပြောသည်။

ယင်းစာအရ အချို့သောရွာသူရွာသားများ ဆီဆိုင်မြို့ဘက်သို့ စစ်ရှောင်လာနေကြသည်ဟု သိရသည်။

ယင်းကျေးရွာများတွင် ကျေးရွာအချို့သည် တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့သည် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့်ကျေးရွာများဖြစ်သည်။

ယင်းသို့ ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာ ပေးပို့ပြီးနောက် ကျေးရွာအချို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ဝင်ရောက်တပ်စွဲခဲ့သည်။

PNLA နှင့် စစ်ရေးပူးပေါင်းတိုက်ပွဲဝင်နေသည့် အမှတ်၁၀၀၅ PDF တပ်၏ ရင်းမှူးဖြစ်သူ MOKI ကလည်း “ကျနော်တို့ တပ်ရင်းနဲ့ PNLA ပူးပေါင်းကာကင်းယူထားတဲ့ ရွာတွေလည်းပါတယ်ဗျ။ တချို့ရွာသွားလမ်းတွေကို PNO က ပိတ်ထားတယ်။ ဆန်ကအစ အကန့်အသတ်နဲ့ပေးသယ်တာ။ ခု ရွာတွေကမရှောင်ရင် ဖြတ်လေးဖြတ်လို လုပ်မယ်သိရတယ်” ဟု ဆိုသည်။

အဆိုပါ ရွာများတွင် စစ်ရှောင်များအပါအဝင် လူဦးရေ ၁၆၀၀ဝန်းကျင်ရှိသည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့်၎င်း၏လက်အောက်ခံ PNO ပြည်သူ့စစ်မှပြီးခဲ့သည့် ဇွန်လ၁ရက်နေ့တွင်ဆီဆိုင်မြို့နယ် နောင်ထော် ဒေသတွင်းသို့သော်လည်းကောင်း၊ ဇွန်လ ၂ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်၍ ဗန်းမတ်ဒေသတွင်း သို့တွင် လည်းကောင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း မှန်းတမ်းပစ်ခတ်ခဲ့သေးသည်။

လက်ရှိ ဇွန် ၈ရက်တွင် စစ်ကောင်စီက ဖယ်ခုံအင်းအရှေ့နှင့် ပင်လောင်းဘက်တွင် အင်အားသုံး၍ စစ်ရေးအရှိန် တိုးမြင့်လာနေသဖြင့် ပြည်သူအများ ထွက်ပြေးတိမ်းရှောင်နေရသည်။

မဟာ
#MeKongNews
#ဆီဆိုင်မြို့နယ်
#ပြည်သူလူထု
#PNO
#PNLO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now