နေ့စဥ်သတင်း

တောင်ကြီးတွင် PNO တစ်ဦးက ဆိုင်ကယ်စီးသူ ၂ ဦးကို သေနတ်ရွယ်ခြိမ်းခြောက်ပြီး ကားဖြင့်နောက်ပြန်တိုက်ပြေး

မဲခေါင် 8 Jun - 2025
မဲခေါင်၊ ဇွန် ၈ စစ်ကောင်စီနှင့် ပူးတွဲတိုက်ပွဲဝင်နေသည့် PNO ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက တောင်ကြီးမြို့အဝင် မြေပုံဂိတ်အနီးတွင် ဆိုင်ကယ်စီးပြည်သူ၂ဦးအား မဆင်မခြင်မောင်းသည်ဟုဆိုကာ သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ပြီး ဆိုင်ကယ်ကိုလည်း ကားဖြင့်နောက်ပြန်တိုက်ပြေးသသွားကြောင်း သိရသည်။ ဇွန်လ ၆ရက် ညနေ ၆နာရီခန့်တွင် အေးသာယာ – တောင်ကြီးအတက်လမ်း တိရိစ္ဆာန်ရုံအတိုင်းတက်လာသော ဆိုင်ကယ်နှင့် မြေပုံအဝိုင်းပတ်အတိုင်းကွေ့လာသည့် Vigo အနက်ရောင်ကားတစ်စီးတို့ ပွတ်တိုက်မိမလိုဖြစ်ပြီးနောက် PNO ပြည်သူ့စစ်အဖွဲ့ဝင်က ကားပေါ်မှဆင်းလာကာ ပစ္စတိုသေနတ်ကို မောင်းတင်ပြီးချိန်ရွယ်ကာ ခြိမ်းခြောက်စကားများပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ဆိုင်ကယ်စီးလာသူ ၂ယောက်ထဲမှ အမျိုးသားဖြစ်သူကို လက်သီးတစ်ချက်ထိုးခဲ့သည်ဟု သိရသည်။ “စစ်တပ်က သူတို့ကိုပစ်ခွင့်ပေးထားတာတဲ့။ ဒါသူတို့ပြည်နယ်တဲ့။ သူကားနဲ့ ဆိုင်ကယ်တိုက်မိမလိုဖြစ်လိုတဲ့။ သူ့ကားကို လုံး၀မထိပါဘူး။ အဲ့တာ

မဲခေါင်၊ ဇွန် ၈

စစ်ကောင်စီနှင့် ပူးတွဲတိုက်ပွဲဝင်နေသည့် PNO ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက တောင်ကြီးမြို့အဝင် မြေပုံဂိတ်အနီးတွင် ဆိုင်ကယ်စီးပြည်သူ၂ဦးအား မဆင်မခြင်မောင်းသည်ဟုဆိုကာ သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ပြီး ဆိုင်ကယ်ကိုလည်း ကားဖြင့်နောက်ပြန်တိုက်ပြေးသသွားကြောင်း သိရသည်။

ဇွန်လ ၆ရက် ညနေ ၆နာရီခန့်တွင် အေးသာယာ – တောင်ကြီးအတက်လမ်း တိရိစ္ဆာန်ရုံအတိုင်းတက်လာသော ဆိုင်ကယ်နှင့် မြေပုံအဝိုင်းပတ်အတိုင်းကွေ့လာသည့် Vigo အနက်ရောင်ကားတစ်စီးတို့ ပွတ်တိုက်မိမလိုဖြစ်ပြီးနောက် PNO ပြည်သူ့စစ်အဖွဲ့ဝင်က ကားပေါ်မှဆင်းလာကာ ပစ္စတိုသေနတ်ကို မောင်းတင်ပြီးချိန်ရွယ်ကာ ခြိမ်းခြောက်စကားများပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်ကယ်စီးလာသူ ၂ယောက်ထဲမှ အမျိုးသားဖြစ်သူကို လက်သီးတစ်ချက်ထိုးခဲ့သည်ဟု သိရသည်။

“စစ်တပ်က သူတို့ကိုပစ်ခွင့်ပေးထားတာတဲ့။ ဒါသူတို့ပြည်နယ်တဲ့။ သူကားနဲ့ ဆိုင်ကယ်တိုက်မိမလိုဖြစ်လိုတဲ့။ သူ့ကားကို လုံး၀မထိပါဘူး။ အဲ့တာ သက်သက်မဲ့လက်နက်ထုတ် ခြိမ်းခြောက်တယ်။ ပြောသေးတယ် အချိန်မရွေး ပစ်ပိုင်ခွင့်ရှိတယ်တဲ့” ဟု အဖြစ်အပျက်ကို တိရိစ္ဆာန်ရုံအနီးမှ မြင်ခဲ့သူတစ်ဦးကဆိုသည်။

ယင်းနောက် PNO အဖွဲ့ဝင်က ကားပေါ်ပြန်တက်သွားပြီး ကားကိုနောက်ပြန်ဆုတ်ကာ ဆိုင်ကယ်ကိုဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်ကာဗာများကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်ပေါ်ပါသူ ၂ ဦးမှာမူ အချိန်မီရှောင်နိုင်ခဲ့သဖြင့် အထိအခိုက်မရှိကြောင်း သိရသည်။
ထိုသို့ ခြိမ်းခြောက်ခဲ့သော PNOအဖွဲ့ဝင်သည် တစ်ဦးတည်း ကားမောင်းလာခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်အား Eastern Park(တိရိစ္ဆာန်ရုံ)အတွင်းမှ လူတော်တော်များများ မြင်တွေ့ခဲ့ကြကြောင်းသိရသည်။

“ကျွန်မ အဲဒီဆိုင်ကယ်စီးဦးမှာ၊ သူအငြှိုးထားပြီးလိုက်ရန်ရှာမှာ‌ ကြောက်ရသေးတယ်။ ကျွန်မကပြည်သူဖြစ်နေတော့ ကြောက်မိတာအမှန်ပဲ၊ လက်နက်အားကိုး အနိုင်ကျင့်ခံရဦးမှာ” ဟု ခြိမ်းခြောက်ခံရသူထဲမှ အမျိုးသမီးဖြစ်သူက ဆိုသည်။

PNO/PNA များသည် တောင်ကြီးမြို့ပေါ်တွင် လက်နက်အသုံးချ အာဏာပြမှုများ မကြာခဏပြုလုပ်လာကြသည်။

ပြီးခဲ့သည့် လပိုင်းခန့်ကလည်း တောင်ကြီးမြို့၊ ဂုဏ်ထူးလမ်းထိပ်၊ မြစံပယ်ခန်းမအနီးတွင် PNO အဖွဲ့ဝင်တစ်ဦးက အကြောင်းရင်းမရှိ လက်ပစ်ဗုံးပစ်ခွဲမည်ဟုဆိုကာ ရမ်းကားခဲ့သေးကြောင်းသိရသည်။

နန်းမွန်း
#MeKongNews
#PNO
#PNA
#ကားတိုက်
#ခြိမ်းခြောက်
#သေနတ်
#တောင်ကြီး
#ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now