နေ့စဥ်သတင်း

MNDAA က ဟန်နားဥက္ကဌကို ဖမ်းဆီးထား

မဲခေါင် 7 Jun - 2025
မဲခေါင်၊ ဇွန် ၇ SSPP နှင့် MNDAA စစ်ရေးပဋိပက္ခ ဖြစ်ပွားကာ စစ်ရေးတင်းမာနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲမှ ဟန်နားရွာဥက္ကဌကို MNDAA က ဇွန်လ ၅ရက် ညနေပိုင်းက ခေါ်ယူသွားခဲ့ပြီး ယခုချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ရပ်ရွာဒေသခံများထံမှ သိရသည်။ ဇွန်လ ၅ရက်နေ့ ညနေ၆ နာရီဝန်းကျင်က ဟန်နားကျေးရွာ ဥက္ကဌ ဦးဆန်ကြာကို MNDAA ၆၁၁ တပ်က ဟန်နားမှ ၈မိုင်ခန့်ဝေးသည့် စဉ့်အင်၊ နားလန်းဘက်သို့ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အရင်လတွေက ကိုးကန့်တွေ စစ်ကြောင်းထိုးပြီး ဟန်နားရောက်တော့ အိမ်ထောင်စု စာရင်းတွေကိုတောင်းတယ်။ ကျေးရွာကော်မတီက ဒီနယ်မြေက အရင်ကတည်းက SSPP

မဲခေါင်၊ ဇွန် ၇

SSPP နှင့် MNDAA စစ်ရေးပဋိပက္ခ ဖြစ်ပွားကာ စစ်ရေးတင်းမာနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲမှ ဟန်နားရွာဥက္ကဌကို MNDAA က ဇွန်လ ၅ရက် ညနေပိုင်းက ခေါ်ယူသွားခဲ့ပြီး ယခုချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ရပ်ရွာဒေသခံများထံမှ သိရသည်။

ဇွန်လ ၅ရက်နေ့ ညနေ၆ နာရီဝန်းကျင်က ဟန်နားကျေးရွာ ဥက္ကဌ ဦးဆန်ကြာကို MNDAA ၆၁၁ တပ်က ဟန်နားမှ ၈မိုင်ခန့်ဝေးသည့် စဉ့်အင်၊ နားလန်းဘက်သို့ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အရင်လတွေက ကိုးကန့်တွေ စစ်ကြောင်းထိုးပြီး ဟန်နားရောက်တော့ အိမ်ထောင်စု စာရင်းတွေကိုတောင်းတယ်။ ကျေးရွာကော်မတီက ဒီနယ်မြေက အရင်ကတည်းက SSPP ထိန်းချုပ်တဲ့နယ်မြေဖြစ်လို့ အိမ်ထောင်စုစာရင်းချုပ်တွေက သူတို့ဆီအပ်ထားရတာကို လက်နက်ကိုင်အချင်းချင်း တောင်းယူကြပေါ့ ပြောလိုက်တာ ရှိတယ်။ နောက်ပိုင်း ပစ်ကြခတ်ကြတာတွေရှိလာတော့ မနေ့က အိမ်မှာလာခေါ်သွားတာပဲ။ တောင်းထားတဲ့ အိမ်ထောင်စုစာရင်းတွေရမှာ ပြန်လွှတ်မယ်ပြောတယ်” ဟု မဲခေါင်သို့ ပြောသည်။

ပြန်လည်လွတ်မြောက်ရန်အတွက် SSPP နှင့် ပန်ဆန်းအထိ ညှိနှိုင်းသော်လည်း အဆင်မပြေသည့်အတွက် ယခု ဦးဆန်ကြာ လွတ် မြောက်ရေးကို မိသားစု ဆွေမျိုးများနှင့်ရွာက ပူပင်သောကရောက်နေကြသည်ဟု ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း စတင်ခဲ့သည့် MNDAAနှင့် SSPP တင်းမာမှုအတွင်း ဇွန်လ ၁ရက် နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ MNDAA ဘက်မှ ၈ဦး သေဆုံးကြောင်း SSPP က ပြောကြားခဲ့ပြီး MNDAAနှင့် စစ်ရေးပဋိပက္ခများ အတွင်း ယခင် ၂ဦးသေဆုံးခဲ့သေးသဖြင့် MNDAA ဖက်က ၁၀ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

နမ္မကျောက်မီးသွေးနယ်မြေအတွင်း MNDAA တပ်များဝင်ရောက်ယူရာမှ စိန်ကျော့၊ ဟန်နားကျေးရွာများတွင် လာရောက်တပ်စွဲထားသည့် MNDAA တပ်များနှင့် လက်ရှိအခြေအနေမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဟန်နားကျေးရွာ ဥက္ကဌ ယခုလို ဖမ်းဆီးခံထားရမှုကို နှစ်ဘက်အဖွဲ့အစည်းက မည်သည့်ထုတ်ပြန်မှုမျှ မရှိချေ။

မဟာ
#MeKongNews
#ဟန်နား
#ကျေးရွာဥက္ကဌ
#ဦးဆန်ကြာ
#SSPP
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now