နေ့စဥ်သတင်း

သြဘာပြောင်းမျိုးစေ့ အပင်မပေါက်သဖြင့် ရှမ်းတောင်ပြောင်းစိုက်သူများ ဆုံးရှုံးမှုများ၊ ရိုးရာပစ္စည်းများပင် ပေါင်နှံရောင်းချနေရ

မဲခေါင် 6 Jun - 2025
မဲခေါင်၊ ဇွန် ၆ မြန်မာ့သြဘာကုမ္ပဏီမှ ရောင်းချသည့် NK 625 ပြောင်းမျိုးစေ့တချို့ အပင်မထွက်သဖြင့် ရှမ်းပြည်တောင်ပိုင်းရှိ ပြောင်းစိုက်တောင်သူများ အရင်းဆုံးပြီး ရိုးရာအထွဋ်အမြတ်ထားသည့် ပစ္စည်းများပင် ထုတ်ရောင်းသုံးစွဲနေကြရကြောင်း သိရသည်။ NK 625 ၁၈ စီးရီးမှ ပြောင်းမျိုး ၉ မျိုး၏ ပြောင်းမျိုးစေ့ ၅ ကီလိုအိတ် အထွက်နှုန်းသည် အပင်ပေါက်သာထွက်သဖြင့် ယခုနှစ် ရှမ်းတောင်ပြောင်းစိုက်တောင်သူများ အကြားနာမည်ဆိုး ထွက်နေခြင်းဖြစ်သည်။ “အခုဖြစ်တာက ၅ ကီလိုအိတ်နဲ့ဟာကို ၁၈ စီးရီးကဖြစ်တာ၊ အထုတ်ကြီး ၁၀ ကီလိုကမဖြစ်ဘဲ ၅ ကီလိုကဖြစ်တာ၊ ဖာပေါင်း ၇၀၀ လောက်ရှိမယ်ထင်တယ် ရောင်းခဲ့တာ၊ ဒါတောင်ပြတ်သွားလို့ တခြားတမျိုးပဲပေးလိုက်တာ ကံကောင်းသွားတယ်” ဟု

မဲခေါင်၊ ဇွန် ၆

မြန်မာ့သြဘာကုမ္ပဏီမှ ရောင်းချသည့် NK 625 ပြောင်းမျိုးစေ့တချို့ အပင်မထွက်သဖြင့် ရှမ်းပြည်တောင်ပိုင်းရှိ ပြောင်းစိုက်တောင်သူများ အရင်းဆုံးပြီး ရိုးရာအထွဋ်အမြတ်ထားသည့် ပစ္စည်းများပင် ထုတ်ရောင်းသုံးစွဲနေကြရကြောင်း သိရသည်။

NK 625 ၁၈ စီးရီးမှ ပြောင်းမျိုး ၉ မျိုး၏ ပြောင်းမျိုးစေ့ ၅ ကီလိုအိတ် အထွက်နှုန်းသည် အပင်ပေါက်သာထွက်သဖြင့် ယခုနှစ် ရှမ်းတောင်ပြောင်းစိုက်တောင်သူများ အကြားနာမည်ဆိုး ထွက်နေခြင်းဖြစ်သည်။

“အခုဖြစ်တာက ၅ ကီလိုအိတ်နဲ့ဟာကို ၁၈ စီးရီးကဖြစ်တာ၊ အထုတ်ကြီး ၁၀ ကီလိုကမဖြစ်ဘဲ ၅ ကီလိုကဖြစ်တာ၊ ဖာပေါင်း ၇၀၀ လောက်ရှိမယ်ထင်တယ် ရောင်းခဲ့တာ၊ ဒါတောင်ပြတ်သွားလို့ တခြားတမျိုးပဲပေးလိုက်တာ ကံကောင်းသွားတယ်” ဟု ရှမ်းတောင်ရှိ စိုက်ပျိုးရေးဆက်စပ်ပစ္စည်းများ ရောင်းချနေသူတစ်ဦးက ဆိုသည်။

သြဘာကုမ္ပဏီက ပြဿနာအစပိုင်းတွင် တာဝန်ယူမှု လုံးဝမရှိသဖြင့် ကိုယ်စားလှယ်ဆိုင်များပါ အခက်တွေ့ခဲ့ရပြီး မေလလယ်ခန့်မှသာ မဖောက်ထားသော မျိုးစေ့အိတ်အသစ်များကိုသာ အခြားမျိုးစေ့အိတ်ဖြင့်ပြန်လဲပေးခြင်း၊ တောင်သူများအား တန်ဖိုးငွေ၏ ၈၀ % (၁သိန်း ၆သောင်း) ငွေပြန်အမ်းပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပြန်အလျော်ပေးရာတွင်လည်း မေလ ၃၀ ရက်နေ့အထိသာ ရက်အကန့်အသတ်ဖြင့် ပြန်ပေးသဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် လိုင်စင်မဲ့ယာဥ်ဖမ်းဆီးရေး စီမံချက်ကြောင့် မြို့ပေါ်မတက်ရဲသည့် တောင်သူအများအပြားမှာ ငွေပြန်အမ်းသည်ကို မရလိုက်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း ပြောင်းစိုက်တောင်သူ အများစုသည် ပအိုဝ်းတိုင်းရင်းသားများဖြစ်ပြီး ပြောင်းအဓိကစိုက်ပျိုးကြသူများဖြစ်သည်။ ယခင်နှစ်များက ပြောင်းဈေးနည်းလျှင်နည်းသလို အရှုံးပေါ်ခဲ့ရပြီး ယခုအခါ 625 ပြောင်းမျိုးကြောင့် အရင်းပါပြန်မရသည့် အဖြစ်နှင့် ရင်ဆိုင်နေကြရသည်။

ယခုနှစ်တွင်မူ ရှမ်းတောင် ပအိုဝ်းဒေသတွင်း ဝင်ရောက်လာသည့် စစ်ရေးအပြင် တရိပ်ရိပ်တက်လာသော ကုန်ဈေးနှုန်းကြောင့် ဟိုပုံး၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ရွှေညောင်၊ ညောင်ရွှေ၊ ပင်လောင်းတကြောမှ ရှမ်းတောင်ပြောင်းစိုက် ပအိုဝ်းတောင်သူများ ၎င်းတို့အထွဋ်အမြတ်ထားရာ လက်ဝတ်လက်စားများအပြင် ရိုးရာအမျိုးသမီးဆံထိုး(ကတူးချဲ့) များကိုပင် ပေါင်နှံရောင်းချနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

NK 625 ပြောင်းမျိုးစေ့ ၅ ကီလို တစ်အိတ်လျှင် ရောင်းဈေး ၂ သိန်း အနည်းဆုံးရှိပြီး ကိုယ်စားလှယ်ဆိုင်များကိုမူ သြဘာကုမ္ပဏီက ကျပ် တစ်သောင်းတောင်းကာ 135 မျိုးစေ့နှင့် လဲပေးနေကြောင်း သိရသည်။

သြဘာကုမ္ပဏီက ထို NK 625 မှ ၁၈စီးရီး ပြောင်းမျိုးစေ့ ၉ မျိုးကို တစ်နိုင်ငံလုံးသို့ ရောင်းချပြီးချိန်မှ စမ်းသပ်စိုက်ပျိုးခဲ့ရာ အထွက်နှုန်း ၄၆ % မှ ၈၁ % နှုန်းထိသာထွက်ကြောင်း သြဘာကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ၎င်း၏ဆိုရှယ်မီဒီယာတွင် တင်ထားသည်ကို တွေ့ရသည်။

NK 625 ပြောင်းမျိုးစေ့သည် ထိုင်းထုတ် နှင့် အိန္ဒိယထုတ် ၂ မျိုးရှိပြီး ယခု အပင်မထွက်သည့် ပြဿနာသည် မည်သည့်မျိုးစိတ်မှ ဖြစ်ကြောင်း မသိရသေးပေ။ အချို့တောင်သူများကမူ NK 625 ၏ ၁၉ စီးရီးမှာလည်း အပင်မသန်ကြောင်း ဆိုကြသည်။

“ကျမတို့က ၁၈ နဲ့ မတိုးပေမယ့် ၁၉ က အပင်ပေါက်ပေမယ့် အားမသန်ဘူး။ ပြန်လဲပေးပေမယ့် အိတ်က အပေါက်မပါမှတဲ့” ဟု ပြောင်းမျိုးစေ့နှင့် မြေသြဇာ ရောင်းချနေသူတစ်ဦးက ဆိုသည်။

တောင်သူများသည် စိုက်ပျိုးရေးဆိုင်များတွင် ပြောင်းစိုက်ချိန်တန်လျှင် မျိုးစေ့၊ မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို အကြွေးယူကာ ပြောင်းထွက်ချိန်မှ အကြွေးယူထားသည့်ဆိုင်ကို ပြန်ရောင်းချကာ ရရှိငွေထဲမှ အကြွေးကို ဆပ်ရခြင်းဖြစ်သည်။

နန်းမွန်း

#MeKongNews
#ပြောင်း
#သြဘာ
#625
#အပင်မထွက်
#တောင်သူ
#ပအိုဝ်းတောင်သူ
#ပြောင်းမျိုးစေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now