နေ့စဥ်သတင်း

တောင်ကြီးယာဥ်ထိန်းဒုရဲမှူးနှင့် ရွှေတောင်အုပ်ချုပ်ရေးမှူးပေါင်းပြီး ငွေညှစ်နေ

မဲခေါင် 3 Jun - 2025
မဲခေါင်၊ ဇွန် ၃ တောင်ကြီးမြို့၊ သစ်တောရပ်ရှိ ရှမ်းတောင် အမှတ်(၁၈) ယာဥ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ၃ ပွင့်နှင့် ဒုရဲမှူး စည်သူသည် မြို့နယ်ပျူစောထီးခေါင်းဆောင် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပူးပေါင်းကာ မူးယစ်ဆေးသုံးစွဲသူများနှင့် လိုင်စင်မဲ့ယာဥ်များကို ဖမ်းဆီးပြီး ၎င်းတို့စိတ်ကြိုက်တောင်းသည့် ငွေရမှသာ ပြန်လွှတ်ပေးကြောင်း သိရသည်။ တောင်ကြီးမြို့နယ် ပျူခေါင်းဆောင် ဦးသန်းရွှေက ရွှေတောင်ရပ်ကွက် အတွင်းဘက်ရှိ နေရာများတွင် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးသလို ၎င်းတို့ရဲ့ ကား၊ ဆိုင်ကယ်များကို ဒုရဲမှူးစည်သူကသိမ်းဆည်းကြောင်း၊ ယင်းနောက် ဦးသန်းရွှေမှ မိသားစုဝင်များထံ ဆက်သွ​ယ်ကာ ငွေတောင်းခံခြင်းကို နေ့စဥ်နှင့်အမျှ ပြုလုပ်လျှက်ရှိကြောင်း ရွှေတောင်ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။ “သန်းရွှေက ဒီရွှေတောင်အောက်ထဲသွားတဲ့ ဆေးသမားတွေကို ဂွင်ဆင်ပြီးဖမ်းတယ်ဗျ။

မဲခေါင်၊ ဇွန် ၃

တောင်ကြီးမြို့၊ သစ်တောရပ်ရှိ ရှမ်းတောင် အမှတ်(၁၈) ယာဥ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ၃ ပွင့်နှင့် ဒုရဲမှူး စည်သူသည် မြို့နယ်ပျူစောထီးခေါင်းဆောင် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပူးပေါင်းကာ မူးယစ်ဆေးသုံးစွဲသူများနှင့် လိုင်စင်မဲ့ယာဥ်များကို ဖမ်းဆီးပြီး ၎င်းတို့စိတ်ကြိုက်တောင်းသည့် ငွေရမှသာ ပြန်လွှတ်ပေးကြောင်း သိရသည်။

တောင်ကြီးမြို့နယ် ပျူခေါင်းဆောင် ဦးသန်းရွှေက ရွှေတောင်ရပ်ကွက် အတွင်းဘက်ရှိ နေရာများတွင် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးသလို ၎င်းတို့ရဲ့ ကား၊ ဆိုင်ကယ်များကို ဒုရဲမှူးစည်သူကသိမ်းဆည်းကြောင်း၊ ယင်းနောက် ဦးသန်းရွှေမှ မိသားစုဝင်များထံ ဆက်သွ​ယ်ကာ ငွေတောင်းခံခြင်းကို နေ့စဥ်နှင့်အမျှ ပြုလုပ်လျှက်ရှိကြောင်း ရွှေတောင်ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

“သန်းရွှေက ဒီရွှေတောင်အောက်ထဲသွားတဲ့ ဆေးသမားတွေကို ဂွင်ဆင်ပြီးဖမ်းတယ်ဗျ။ အဲ့အောက်မှာ ဆေးရောင်းတဲ့ကောင်တွေ ၁၀၀ မှာ ၉၀ လောက်က သူ့လူတွေပဲ။ အဲ့ကိုသွားဝယ်ရင် တခါတည်း ဖမ်းထားတယ်။ မိသားစုကို ဖုန်းလှမ်းဆက်ပြီး ပိုက်ဆံညစ်တယ်။ သိန်း ၁၀၀ လောက်ထိ တောင်းတာတောင် ရှိတယ်။ ကားပါရင် ကားသိမ်းတယ်။ ဆိုင်ကယ်ပါရင် ဆိုင်ကယ်သိမ်းတယ်။ မသိမ်းစေချင်ရင် သူတောင်းသလောက် ပေးရတယ်။ မပေးရင် အဲ့သိမ်းထားတာတွေကို သူယူပြီး လူကိုထောင်ချတယ်” ဟု ရွှေတောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

တချို့မှာ ဖမ်းဆီးခံရသော်လည်း မူးယစ်ဆေးသုံးစွဲခြင်း မရှိသလို ရောင်းချခြင်းလည်း မရှိသော်လည်း ၎င်းတို့တောင်းသည့်ငွေပမာဏ မပေးနိုင်ပါက မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုမြောက်အောင် အကွက်ဆင် ဖမ်းဆီးကြောင်းလည်း သိရသည်။

“အကယ်၍ ၅ ယောက် ဖမ်းမိတယ် ဆိုပါစို့ဗျာ၊ ၅ ယောက်မှာ တစ်ယောက်က မပေးရင် အဲ့တစ်ယောက်ထဲကို ကျန်လေးယောက်သုံးတဲ့ ဆေးလုံးအရေအတွက်ကို ထည့်ပေါင်းပြီး ရုံးတင်တယ်။ ယုတ်မာတာပေါ့။ လူပုံကိုကြည့်ပြီး ၁၀ သိန်း ၂၅ သိန်းကနေ စတောင်းတယ်။ ပါရင် ပါတာအကုန်သိမ်းတယ်” ဟု ဖမ်းခံရဖူးသူတစ်ဦးနှင့် နီးစပ်သူက ပြောပြသည်။

ဒုရဲမှူးစည်သူ တောင်ကြီးရုံးသို့ ရွှေ့ပြောင်းတာဝန်ကျစဥ် ၂၀၂၃ ကတည်းက ပျူခေါင်းဆောင်သန်းရွှေနှင့် ပူးပေါင်း ငွေညစ်နေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ၎င်း၏ ဇနီးမှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်ကြီးဖြစ်သည့်အတွက် တိုင်ကြားခြင်း မပြုလုပ်ရဲခြင်းဖြစ်ကြောင်း ဆိုကြသည်။

လိုင်စင်မဲ့ယာဥ်များအား ဖမ်းဆီးရန် အထက်မှ စီမံချက်ညွှန်ကြားမှု မရှိသော်လည်း တစိုက်မတ်မတ်တစ်ဦးထဲ ဖမ်းစီးတတ်သော ဒုရဲမှူးစည်သူသည် လိုင်စင်မဲ့ AD Vanကားစီးနေကာ ဌာနဆိုင်ရာ ရာထူးကြီးဝန်ထမ်းများကို ကြောက်ရွံ့ရသူဖြစ်ပြီး သာမန်ပြည်သူများကိုမူ ရိုင်းစိုင်းစွာ မချေမငံဆက်ဆံပြောဆိုကြောင်း နီးစပ်သူများထံက သိရသည်။

“သူစီးတာကျ ဝစ်သောက်၊ ပြီးတော့ ဝစ်သောက်တွေ ပတ်ဖမ်းနေတာ၊ စီမံချက်နဲ့ဆိုပြီး ငွေနဲ့ပြန်ပြန်ထုတ်ပေးနေတာ သဘာဝကျလား။ ပြီးတော့ နောက်တစ်ခုက ဦးထုပ်ဖမ်းခံရ၊ ကားဖမ်းခံရ ပြည်သူတွေကို အော်ဟစ်ငေါက်ပါတယ်။ သူ့လက်အောက်ငယ်သားတွေကိုကအစ မတန်သလိုဆက်ဆံတာ၊ ပိုင်ရာဆိုင်ရာတွေဆိုရင်ကျ သိပ်ကြောက်တာ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။​

ပျူစောထီးခေါင်းဆောင် ရွှေတောင်အုပ်ကြီး ဦးသန်းရွှေသည် ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မဲခေါင်သတင်းမှ ဖော်ပြသည့် မှောင်ခိုလက်နက်ရောင်းမှုသတင်းကြောင့် ခေတ္တအနားပေးခံရသော်လည်း တိုင်းမှူး၏ထောက်ခံချက်ဖြင့် ပျူခေါင်းဆောင်ပြန်ဖြစ်လာသူ ဖြစ်သည်။

ဦးသန်းရွှေဟာ စစ်ကောင်စီ ဒေါက်တိုင်အဖြစ် လုပ်ဆောင်နေခြင်းသာမကဘဲ ၎င်းကိုယ်ကျိုးအတွက် အဆမတန်ဈေးဖြင့် လက်နက်မှောင်ခိုရောင်းခြင်းအပြင် စစ်မှုထမ်းအတွက် လူအင်အားစုဆောင်း ဖမ်းစီးပေးခြင်း၊ မိသားစုကလာရောက်ညှိနှိုင်းသည့်အခါ တောင်းဆိုသည့်ပမာဏရမှ ရုံးအောက်မှာဖမ်းစီးထားသူများကို လွှတ်ပေးတတ်ကြောင်း သိရသည်။

#MeKongNews
#ယာဥ်ထိန်းရဲ
#လိုင်စင်မဲ့
#ပျူစောထီး
#ပျူခေါင်းဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now