နေ့စဥ်သတင်း

SSPP နှင့် MNDAA ဟန်နားအနီး နားလုပ်ရွာတွင် တိုက်ပွဲဖြစ်

မဲခေါင် 1 Jun - 2025
မဲခေါင်၊ ဇွန် ၁ နှစ်ဖက်စစ်ရေးတင်းမာနေသည့် SSPP နှင့် MNDAA တို့ လားရှိုးမြို့နယ်၊ ဟန်နားအုပ်စု၊ နားလုပ်ကျေးရွာမှာ ယနေ့ နေ့လယ် ၂ နာရီခွဲခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ ယနေ့ ဇွန်လ၁ရက် နံနက်ပိုင်းကတည်းက အငြင်းပွားနေကြပြီး လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်နေဆဲဟု ဒေသခံတစ်ဦးက ညနေ ၃ နာရီခန့်တွင် မဲခေါင်ကိုပြောသည်။ “မနက်ကတည်းက ဖြစ်ချင်နေတာ၊ ညှိတာအဆင် ပြေမလိုလိုနဲ့ ပြီးသွားပြီထင်တာ။ ခု ၁၅ မိနစ်လောက် ရှိပြီ ဖြစ်နေတာ” ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ တိုက်ပွဲဖြစ်ရန် စစ်ရေးတင်းမာနေမှုကြောင့် ရွာသားအများအပြား ကြိုတင်စစ်ရှောင်နေကြပြီး လက်ရှိတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သဖြင့် အထိအခိုက် အခြေအနေ မသိနိုင်သေးပေ။ ပြီးခဲ့သည့် မေလ၂၅

မဲခေါင်၊ ဇွန် ၁

နှစ်ဖက်စစ်ရေးတင်းမာနေသည့် SSPP နှင့် MNDAA တို့ လားရှိုးမြို့နယ်၊ ဟန်နားအုပ်စု၊ နားလုပ်ကျေးရွာမှာ ယနေ့ နေ့လယ် ၂ နာရီခွဲခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ ဇွန်လ၁ရက် နံနက်ပိုင်းကတည်းက အငြင်းပွားနေကြပြီး လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်နေဆဲဟု ဒေသခံတစ်ဦးက ညနေ ၃ နာရီခန့်တွင် မဲခေါင်ကိုပြောသည်။

“မနက်ကတည်းက ဖြစ်ချင်နေတာ၊ ညှိတာအဆင် ပြေမလိုလိုနဲ့ ပြီးသွားပြီထင်တာ။ ခု ၁၅ မိနစ်လောက် ရှိပြီ ဖြစ်နေတာ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ရန် စစ်ရေးတင်းမာနေမှုကြောင့် ရွာသားအများအပြား ကြိုတင်စစ်ရှောင်နေကြပြီး လက်ရှိတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သဖြင့် အထိအခိုက် အခြေအနေ မသိနိုင်သေးပေ။

ပြီးခဲ့သည့် မေလ၂၅ ရက်ကပင် သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုရှိ ခိုနန်းဖရွာတွင်ရှိနေသည့် MNDAA တပ်ဖွဲ့နေရာသို့ SSPP က အင်အားရာချီဖြင့် လာရောက်ပြီး ၎င်းတို့၏ ယခင်စခန်းနေရာကို ပြန်လည်သိမ်းပိုက်ရန် တောင်ဆိုမှုများရှိခဲ့ပြီး ညှိနှိုင်းမှုအဆင်မပြေပါက တိုက်ပွဲ ဖြစ်ပွားနိုင်ချေရှိခဲ့ခြင်း ဖြစ်သည်။

ဧပြီလကုန်ပိုင်းတွင် သီပေါမြို့နယ်အတွင်းရှိ SSPP တပ်များ အခြေချရာ စိန့်ကျော့နှင့် ဟန်နားကို MNDAA တပ်များ ဝင်ရောက်သိမ်းပိုက်မှုကြောင့် နှစ်ဖက်တပ်များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာလာခြင်းဖြစ်သည်။

MNDAA က နမ္မ ကျောက်မီးသွေးနယ်မြေကို ဝင်ရောက်လာသည်ကစပြီး နယ်မြေခံ SSPP တပ်နှင့် အချင်းများမှုများ ဖြစ်ခဲ့ရာတွင် နှစ်ဖက်ထိခိုက်မှုများရှိခဲ့သည်ဟု SSPP က ထုတ်ပြန်ထားသည်။

Update – ညနေ ၄ နာရီခန့်တွင် MNDAA တပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ကနဦးသိရသည်။

မဟာ
#MeKongNews
#SSPP
#MNDAA
#ဟန်နား
#စစ်ရေးတင်းမာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now