နေ့စဥ်သတင်း

PNLA ရဲဘော် ၄ ဦးကို PNO ပြည်သူ့စစ် အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ဂျပန်သတင်းဌာန ဖော်ပြ

မဲခေါင် 1 Jun - 2025
မဲခေါင်၊ ဇွန် ၁ PNLA ရဲဘော် ၄ ဦးကို စကစနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင်ကို ဂျပန်သတင်းဌာန တစ်ခုဖြစ်သည့် ကျိုဒိုက ယမန်နေ့ မေလ ၃၁ ရက်တွင် ဖော်ပြလာသည်။ ယင်းဖော်ပြချက်တွင် ရှမ်းပြည်၊ ဆီဆိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ကွပ်မျက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုကို စစ်တပ်က ရိုက်ကူးထားကာ ရှေ့တန်းက ဖမ်းဆီးရမိသည့် စစ်သားတစ်ယောက်၏ဖုန်းထဲမှ သိမ်းဆည်းရမိထားခြင်းဟု ဆိုသည်။ စစ်ကောင်စီ ယူနီဖောင်းဝတ်ဆင်ထားသော စစ်သားများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခုခံမှုမရှိသော အကျဉ်းသား ၄ ဦးအား အနောက်မှ ပစ်ခတ်၍ သေဒဏ်ပေးခဲ့ခြင်းဟု ဖော်ပြထားသည်။

မဲခေါင်၊ ဇွန် ၁

PNLA ရဲဘော် ၄ ဦးကို စကစနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင်ကို ဂျပန်သတင်းဌာန တစ်ခုဖြစ်သည့် ကျိုဒိုက ယမန်နေ့ မေလ ၃၁ ရက်တွင် ဖော်ပြလာသည်။

ယင်းဖော်ပြချက်တွင် ရှမ်းပြည်၊ ဆီဆိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ကွပ်မျက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုကို စစ်တပ်က ရိုက်ကူးထားကာ ရှေ့တန်းက ဖမ်းဆီးရမိသည့် စစ်သားတစ်ယောက်၏ဖုန်းထဲမှ သိမ်းဆည်းရမိထားခြင်းဟု ဆိုသည်။

စစ်ကောင်စီ ယူနီဖောင်းဝတ်ဆင်ထားသော စစ်သားများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခုခံမှုမရှိသော အကျဉ်းသား ၄ ဦးအား အနောက်မှ ပစ်ခတ်၍ သေဒဏ်ပေးခဲ့ခြင်းဟု ဖော်ပြထားသည်။

ဗီဒီယိုရုပ်သံအတွင်း ပစ်သတ်ခံရသူမှာ ၄ ဦး ဖြစ်ပြီး အခြားတစ်ဦးကို ယင်းနေ့တွင်ပင် အခြားတစ်နေရာ၌ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက မဲခေါင်ကို ယနေ့ ဇွန်လ ၁ ရက်တွင် ပြောသည်။

ကျိုဒိုသတင်းပါ ရုပ်သံဖိုင်သတင်းနှင့်ပတ်သက်၍ PNFC ဥက္ကဌ ခွန်မြင့်ထွန်း ကမူ စစ်ရာဇဝတ်မှုအဖြစ်ရှုံ့ချပြီး စစ်ကောင်စီက တစ်နိုင်လုံးတွင် ယင်းကဲ့သို့ ကျုးလွန်နေသည်ဟု ဆိုသည်။

အသတ်ခံရသူများမှာ ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ရွာမှ ဒုဗိုလ် ခွန်ကျပ်၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံရွာမှ တပ်စိတ်မှူး ခွန်မွေး၊ တောင်ကြီးမြို့နယ် ထီခေါင် ပင်တွန်းရွာမှ ဒုတပ်စိတ်မှူး ခွန်ထွန်းငွေ၊ တောင်ကြီးမြို့နယ် ပင်တွန်းရွာမှ ရဲဘော်ခွန်ဦး၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာမှ ရဲဘော်နေလင်းတို့  ၅ ဦးဖြစ်ကြောင်း PNFC ဥက္ကဌက ပြောသည်။

ယခုကဲ့သို့ စစ်ရာဇဝတ်မှုအများအပြားကို ကျူးလွန်နေသည့် PNO သည် ကိုယ်ကျိုးကြည့် ခရိုနီနေဝင်းထွန်းနှင့် ခေါင်းဆောင်များကြောင့် ပြုလုပ်နေခြင်းဖြစ်သည့်အတွက် လက်စားချေမှုအစား ကာကွယ်ခုခံရန်သာ သဘောထားပြီး စစ်အာဏာရှင်စနစ်မှ စနစ်သစ်အမြင်မှန်ရရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ကျိုဒိုသတင်းဌာနက ဖော်ပြသည့် ဖြစ်စဥ်မှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပူးပေါင်းစစ်ကြောင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုအတွင်း ရန်သူဘက်မှ စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ၂၀ ထက်မနည်းကျဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် တစ်ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးခံရသည့် ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း PNO ပြည်သူ့စစ်က PNLO တပ်ဖွဲ့ဝင် ၅ဦးကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့သေးသည်။

မဟာ
#MeKongNews
#PNLO
#PNO
#စစ်ကောင်စီ
#ဆီဆိုင်မြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now